ရှုံးထွက် တက်မယ့် အသင်းတွေ ထွက်ပေါ်လာမယ့် ချန်ပီယံလိဂ်

ဓာတ်ပုံ မူပိုင် AFP
Image caption တူရင်ကို ပြန်ရမယ့် ပေါ့ပ်ဘာ

ဒီတစ်ပတ် ချန်ပီယံလိဂ်ကတော့ ပွဲစဉ် ၄ကို ရောက်ရှိလို့ လာပါပြီ။ ပွဲစဉ်(၄)မှာ အသင်းကြီးတွေ ထိပ်တိုက် ဆုံတွေ့ကြမယ့် ပွဲတွေပါဝင်ကြသလို နောက်တစ်ဆင့် တက်ခွင့်ရမယ့် အသင်းတွေနဲ့ ပြိုင်ပွဲမှာ ဆက်ရှိဖို့ ရုန်းကန်ရမယ့် အသင်းတွေရဲ့ ပွဲတွေကြောင့် အကြိတ်အနယ် ရှိမှာ သေချာပါတယ်။ ပွဲစဉ် ၃အပြီးအထိ ပွဲတိုင်း အနိုင်ရထားပြီး အကောင်းဆုံး ခြေစွမ်းပြတဲ့ ၃သင်းသာ ရှိပါတယ်။ အဲ့ဒီ အသင်းတွေက ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ ဒေါ့မန်တို့ ဖြစ်ကြပါတယ်။

အင်္ဂါနေ့ ပွဲစဉ်များ

အင်္ဂါနေ့ညမှာတော့ နာပိုလီနဲ့ ပီအက်စ်ဂျီ၊ အက်သလက်တီကိုနဲ့ ဒေါ့မန်၊ အင်တာမီလန်နဲ့ ဘာစီလိုနာပွဲတို့လို ပွဲကောင်းတွေ များစွာ ရှိပါတယ်။ ပရီးမီးယားလိဂ်က စပါးကတော့ လက်ကျန် မျှော်လင့်ချက်အတွက် ပီအက်စ်ဗီကို အိမ်ကွင်းမှာ အနိုင်ကစားဖို့ လိုအပ်နေသလို လီဗာပူးလ်က အဝေးကွင်းမှာ ရက်စတား ဘဲဂရိတ်ကို ရင်ဆိုင်ရမှာပါ။

အင်္ဂါည ပွဲများ

မိုနာကို - ကလပ် ဘရု

ရက်စတား ဘဲဂရိတ် - လီဗာပူးလ်

အက်သလက်တီကို - ဒေါ့မန်

ပေါ်တို - လိုကိုမိုးတစ် မော်စကို

အင်တာမီလန် - ဘာစီလိုနာ

နာပိုလီ - ပီအက်စ်ဂျီ

ရှော်လ်ကာ - ဂါလာတာစာရေး

စပါး - ပီအက်စ်ဗီ

ဗုဒ္ဓဟူးနေ့ပွဲစဉ်များ

ဗုဒ္ဓဟူးနေ့မှာတော့ ပရီးမီးယားလိဂ်က မန်ချက်စတာ နှစ်သင်းရဲ့ ပွဲတွေရှိပါတယ်။ လာမယ့် တစ်ပတ် မန်ချက်စတာ ဒါဘီပွဲမတိုင်မီ မန်ယူက ဂျူဗင်တပ်စ် ကွင်းမှာ သွားကစားရမှာ ဖြစ်ပြီး မန်စီးတီးက ရှက်တာဒိုးနက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာပါ။ အိုးထရက်ဖို့ဒ်မှာ အနိုင်ယူထားတဲ့ ဂျူဗင်တပ်စ်က ဒီပွဲမှာ အနိုင်ရရင် နောက်တစ်ဆင့်ကို အုပ်စု ပထမနဲ့ တက်နိုင်မှာ ဖြစ်လို့ မန်ယူအတွက် ပွဲကျပ် ကစားရမှာပါ။

ဗုဒ္ဓဟူးညပွဲများ

CSKA မော်စကို - ရိုးမား

ဗလန်စီယာ - ယန်းဘွိုင်း

ဘိုယန်မြူးနစ် - AEK အေသင်

ဘင်ဖီကာ - အားယက်စ်

ဂျူဗင်တပ်စ် - မန်ချက်စတာယူနိုက်တက်

လီယွန် - ဟော့ဖမ်ဟိန်း

မန်စီးတီး - ရှက်တာဒိုးနက်စ်

ပစ်တိုးရီးယား ပလက်ဇန် - ရီးယဲယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ပွဲတိုင်း နိုင်ထားပြီး ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ် အုပ်စုများ

အုပ်စု A - အက်သလက်တီကို၊ ဒေါ့မန်၊ မိုနာကို၊ ကလပ် ဘရု

အုပ်စု B - ဘာစီလိုနာ၊ စပါး၊ PSV၊ အင်တာမီလန်

အုပ်စု C - PSG၊ နာပိုလီ၊ လီဗာပူးလ်၊ ရက်စတား ဘဲဂရိတ်

အုပ်စု D - လိုကိုမိုးတစ် မော်စကို၊ ပေါ်တို၊ ရှောလ်ကာ၊ ဂါလာတာစာရေး

အုပ်စု E - ဘိုင်ယန် မြူးနစ်၊ ဘင်ဖီကာ၊ အားယက်စ်၊ AEK အေသင်

အုပ်စု F - မန်စီးတီး၊ ရှက်တာဒိုးနက်၊ လီယွန်၊ ဟော့ဖမ်ဟိန်း

အုပ်စု G - ရီးယဲယ်မက်ဒရစ် ( လက်ရှိ ချန်ပီယံ )၊ ရိုးမား၊ CSKA မော်စကို၊ ပလာဇန်

အုပ်စု H - ဂျူဗင်တပ်စ်၊ မန်ချက်စတာယူနိုက်တက်၊ ဗလင်စီယာ၊ ယန်းဘွိုင်း

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၃ ချန်ပီယံလိဂ် ဖိုင်နယ်တက်ခဲ့ပြီး ဒီနှစ်မှာ ခြေစွမ်းပြနေတဲ့ ဒေါ့မန်

အအောင်မြင်ဆုံး အသင်းများ

၁) ရီးယဲယ်မက်ဒရစ် - ၁၃ကြိမ်

၂) အေစီမီလန် - ၇ကြိမ်

၃) ဘိုင်ယန်မြူးနစ် - ၅ကြိမ်

၄) လီဗာပူးလ် - ၅ကြိမ်

၅) ဘာစီလိုနာ - ၅ကြိမ်

၆) အားယက်စ် - ၄ကြိမ်

၇) မန်ချက်စတာယူနိုက်တက် - ၃ကြိမ်

၈) အင်တာမီလန် - ၃ကြိမ်

၉) ဂျူဗင်တပ်စ် - ၂ကြိမ်

၁၀) ဘင်ဖီကာ - ၂ကြိမ်

၁၁) နော့တင်ဟမ်ဖောရက်စ် - ၂ကြိမ်

၁၂) ပေါ်တို - ၂ကြိမ်

ဆက်စပ် အကြောင်းအရာများ