အဓိက ဂိုးသမား ဒဟေးရားကို ဆုံးရှုံး ရတော့မယ့် မန်ချက်စတာယူနိုက်တက်

ဓာတ်ပုံ မူပိုင် AFP
Image caption PSG အသင်းမှာ တစ်ပတ် ပေါင် ၃သိန်း အထိရမယ့် ဒဟေးရား

မန်ချက်စတာယူနိုက်တက်ရဲ့ အဓိက ဂိုးသမား ဒါးဗစ် ဒဟေးရားဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်တော့ဘဲ ပြင်သစ် ထိပ်သီးကလပ် PSG အသင်းကို ရာသီအကုန်မှာ ပြောင်းရွှေ့တော့မယ်လို့ ဗြိတိန်ထုတ် Daily Mail သတင်းစာက ဖော်ပြထားပါတယ်။ အသက် ၂၈နှစ်အရွယ်ရှိတဲ့ ဒဟေးရားဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ဘောလုံးသမားတစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားအဖြစ် ၅နှစ်ဆက်တိုက် ရွေးချယ်ခံရသူလည်း ဖြစ်ပါတယ်။ တစ်ပတ်လုပ်ခ ပေါင် ၂သိန်းရနေတဲ့ ဒဟေးရားကို အသင်းက သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလား ရယူချင်တဲ့ သူ့ဆန္ဒအရ အသင်း ပြောင်းရွှေ့ဖို့ ဖြစ်လာရခြင်းရဲ့ အဓိက အချက်လို့ ဆိုပါတယ်။ ဒဟေးရားရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ကစားသမားအနေနဲ့ မန်ယူအသင်းမှာ တစ်ပတ် ပေါင် ၄သိန်းနီးပါး အလိုရှိနေပေမယ့် အသင်းက ပေးချေဖွယ်မရှိဘဲဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption PSG အသင်းမှာ တစ်ပတ် ပေါင် ၃သိန်း အထိရမယ့် ဒဟေးရား

ငွေကြေးတောင့်တင်းတဲ့ PSG အသင်းကတော့ ဒဟေးရားလို ထိပ်တန်း ဂိုးသမား တစ်ဦးအတွက် တစ်ပတ် ပေါင် ၃သိန်းအထိ ပေးဖို့ ကမ်းလှမ်းထားပြီး ၄နှစ်စာချုပ် စုစုပေါင်း လုပ်ခ ပေါင် သန်း ၆၀အထိ သုံးဖို့ စီစဉ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒဟေးရားကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေချိန်မှာ တစ်ဖက်ကလည်း အဲဗာတန်ရဲ့ အင်္ဂလန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ကို ပေါင်သန်း ၆၀နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ PSG အသင်းဟာ လက်ရှိမှာ ဘူဖွန်အပြင် အခြားထိပ်တန်း ဂိုးသမား ၂ဦးကို ပိုင်ဆိုင် ထားပေမယ့် ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမယ့် ဒါးဗစ် ဒဟေးရားကို အလိုရှိခြင်းဖြစ်ပြီး ဇန်နဝါရီလအတွင်း အကြိုသဘောတူညီမှု စာချုပ် ချုပ်ဆိုဖွယ် ရှိနေပါတယ်။ PSGက ကမ်းလှမ်းထားတဲ့ စာချုပ်အရ ဒဟေးရား တစ်နှစ် ပေါင် ၁၅.၅သန်းနဲ့ ကမ္ဘာမှာ လုပ်ခ လစာအများဆုံးရမယ့် ဂိုးသမားအဖြစ် မှတ်တမ်း ဝင်လာတော့မှာ ဖြစ်ပါတယ်။

ဒဟေးရားနဲ့ မန်ယူ အောင်မြင်မှု

ပရီးမီးယားလိဂ် - ၂၀၁၃

အက်ဖ်အေကပ် - ၂၀၁၆

လိဂ်ဖလား - ၂၀၁၇

ကွန်မြူနတီဒိုင်း - ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၆

ယူရိုပါလိဂ် - ၂၀၁၇

PFA Team of the Year - ၂၀၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈

Manchester United Players' Player of the Year - ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၈

ဆက်စပ် အကြောင်းအရာများ