လီဗာပူးလ်နဲ့ စပါးတို့ အတွက် အရေးပါတဲ့ ချန်ပီယံလိဂ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဘာစီလိုနာ တစ်သင်းသာ နောက်တစ်ဆင့် တက်ထားတဲ့ ဒီနှစ် ချန်ပီယံလိဂ်

ဒီတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ် ၅ကတော့ ပရီးမီးယားလိဂ် ကလပ်တွေအတွက် အဆုံး အဖြတ်ပေးမယ့် အပတ်ပါ။ အထူးသဖြင့် မနှစ်က ဖိုင်နယ်တက်ခဲ့တဲ့ လီဗာပူးလ်က PSG ကို အဝေးကွင်း သွားကစားရမှာ ဖြစ်သလို ဒီပွဲပြီးရင်လည်း အန်းဖီးလ်မှာ နာပိုလီကို ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပဲရစ်မှာ ရလဒ်ကောင်းဖို့ လီဗာပူးလ် လိုအပ်နေတာပါ။ လန်ဒန်ဒါဘီမှာ ချယ်လ်ဆီးကို နိုင်ခဲ့တဲ့ စပါးအတွက်လည်း နောက်ဆုံး မျှော်လင့်ချက်အဖြစ် ဝင်ဘလေကွင်းမှာ အင်တာမီလန်နဲ့ ရင်ဆိုင်ရမှာပါ။

ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်တဲ့ မန်ချက်စတာစီးတီးက ပထမအကျော့တုန်းက မထင်မှတ်ဘဲ ရှုံးခဲ့တဲ့ လီယွန်ကို အဝေးကွင်း သွားကစားရမှာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ ယန်းဘွိုင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တူရင်မှာ ရှုံးပွဲတွေ့ခဲ့တဲ့ ဂျူဗင်တပ်စ်က ဗလန်စီယာ၊ နောက် လက်ရှိ ချန်ပီယံ ရီးယဲယ်က ရောမမြေမှာ ရိုးမားနဲ့ ထိပ်တိုက်ပွဲ ကစားဖို့ ရှိပါတယ်။

ချန်ပီယံလိဂ် ပွဲစဉ် ၄အင်္ပြီးမှာ ဘာစီလိုနာ တစ်သင်းပဲ နောက်တစ်ဆင့်ကို တက်ရောက်ထားပါတယ်။ ဘာစီလိုနာဟာ ဒီတစ်ပတ်မှာ ကစားရခက်တဲ့ PSV ကို အဝေးကွင်း သွားရမှာ ဖြစ်သလို နာပိုလီက ရက်စတား၊ အက်သလက်တီကိုက မိုနာကို၊ ဘိုင်ယန်က ဘင်ဖီကာတို့နဲ့ အသီးသီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြိုင်ပွဲစုံမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ပတ်ဂွါဒီယိုလာနဲ့ မန်စီးတီး

အင်္ဂါနေ့ည ချန်ပီယံလိဂ် ပွဲစဉ် ၅

AEK အေသင်း - အားယက်စ်

CSKA မော်စကို - ပလက်ဇန်

ဘိုင်ယန် - ဘင်ဖီကာ

ဂျူဗင်တပ်စ် - ဗလန်စီယာ

လီယွန် - မန်စီးတီး

မန်ချက်စတာယူနိုက်တက် - ယန်းဘွိုင်း

ရိုးမား - ရီးယဲယ်

ဟော့ဖမ်ဟိမ်း - ရှက်တာဒိုးနက်စ်

ဓာတ်ပုံ မူပိုင် AFP
Image caption နောက်တစ်ဆင့် တက်ဖို့ နှစ်သင်းစလုံး အမှားခံလို့ မရတဲ့ PSG နဲ့ လီဗာပူးလ်

ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ် ပွဲစဉ် ၅

အက်သလက်တီကို - မိုနာကို

လိုကိုမိုးတစ် မော်စကို - ဂါလာတာစာရေး

ဒေါ့မန် - ကလပ်ဘရု

ပေါ်တို - ရှောလ်ကာ

နာပိုလီ - ရက်စတား ဘဲဂရိတ်

PSG - လီဗာပူးလ်

PSV - ဘာစီလိုနာ

စပါး - အင်တာမီလန်

ဓာတ်ပုံ မူပိုင် AFP
Image caption ၂ပွဲသာ ကစားပြီး ၅ဂိုးနဲ့ ထိပ်ဆုံးက ဂိုးအများဆုံး သွင်းထားတဲ့ မက်ဆီ

ချန်ပီယံလိဂ် ဂိုးအများဆုံး သွင်းထားသူများ

၁) မက်ဆီ ( ဘာစီလိုနာ ) - ၅ဂိုး

၂) ဂျက်ကို ( ရိုးမား ) - ၅ဂိုး

၃) ဒီဘာလာ (ဂျူဗင်တပ်စ် ) - ၄ဂိုး

၄) လီဝန်ဒေါစကီး ( ဘိုင်ယန်) - ၄ဂိုး

၅) ဟယ်ရီကိန်း ( စပါး ) - ၄ဂိုး

ဆက်စပ် အကြောင်းအရာများ