၂၀၁၈မှာ ဘယ်သူ ဂိုးအများဆုံး သွင်းထားကြလဲ

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

၂၀၁၈ခုနှစ်အတွင်း ၃၄ဂိုးအထိ သွင်းခဲ့တဲ့ အမ်ဘတ်ပေ

၂၀၁၈ခုနှစ်ဟာ ပြင်သစ် လူငယ်တိုက်စစ်မှူး အမ်ဘတ်ပေအတွက် အမှတ်ရမယ့် နှစ်ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ ပြည်တွင်း ဖလားတွ ရယူနိုင်ခဲ့သလို ကမ္ဘာ့ဖလား ဖိုင်နယ်မှာလည်း ၂ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။ အမ်ဘတ်ပေဟာ ၂၀၁၈ခုနှစ်အတွင်း ကလပ်နဲ့ နိုင်ငံ လက်ရွေးစင်အတွက် ခြေစွမ်းပြခဲ့သူဖြစ်ပြီး ကလပ် အသင်းဖော် နေမာ၊ ကဗာနီတို့နဲ့အတူ ၂၀၁၈ခုနှစ် အတွင်းမှာ ၃၄ဂိုး ဂိုးအထိ သွင်းနိုင်ခဲ့တာပါ။ အမ်ဘတ်ပေလိုပဲ နာမည်ကျော် ဘောလုံးသမားတွေကတော့ သူတို့ရဲ့ စံချိန်တွေနဲ့ အကောင်းဆုံးနှစ်ကို ဖြတ်သန်းနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ပွဲပေါင်း ၅၄ပွဲမှာ ၅၁ဂိုး သွင်းခဲ့တဲ့ မက်ဆီ

၂၀၁၈ခုနှစ်မှာ အကောင်းဆုံးဆုတွေ လွဲချော်ခဲ့ပေမယ့် မက်ဆီ အတွက်တော့ ဂိုးတွေအများကြီး သွင်းနိုင်တဲ့ နှစ်ပါ။ ဘာစီလိုနာရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ တစ်ပတ် လီဗန်တေးကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ၃ဂိုးနဲ့ ၂ဂိုးဖန်တီးပေးခဲ့သလို ဒီတစ်ပတ် ဆယ်လ်တာဗီဂိုကို အနိုင်ရတဲ့ပွဲမှာလည်း နောက်ထပ် ၁ဂိုးသွင်းခဲ့လို့ ၂၀၁၈ခုနှစ်အတွင်း ကလပ်နဲ့ နိုင်ငံအတွက် သွင်းဂိုး ၅၁ဂိုးအထိ ရှိလာခဲ့ပါတယ်။ မက်ဆီဟာ တစ်နှစ်အတွင်း သွင်းဂိုး ၅၀နဲ့အထက်ကို နောက်ဆုံး ၉နှစ်အတွင်း ၈ကြိမ်မြောက် သွင်းနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံး ပုံစံကို ဆက်ပြီး ပြသနိုင်ခဲ့တာပါ။ မက်ဆီဟာ ဘာစီလိုနာအတွက် ၄၉ပွဲမှာ ၄၇ဂိုးနဲ့ အာဂျင်တီးနားအတွက် ၅ပွဲမှာ ၄ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

၂၀၁၈အတွင်း ၂ပွဲကစားဖို့ ကျန်သေးပြီး ၄၆ဂိုး သွင်းထားတဲ့ ရော်နယ်လ်ဒို

မက်ဆီရဲ့ မဟာပြိုင်ဖက် ရော်နယ်လ်ဒိုကတော့ ၂၀၁၈ခုနှစ်အတွင်းမှာ ကလပ်နဲ့ နိုင်ငံ အသင်းအတွက် ၅၁ပွဲမှာ ၄၆ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်နဲ့ ဒီဇင်ဘာလအတွင်း နောက်ထပ် ၂ပွဲ ကစားဖို့ ကျန်ရှိနေသေးတာ ကြောင့် မက်ဆီရဲ့ စံချိန်ကို လိုက်နိုင်ဖို့ အခွင့်အရေးရှိသူပါ။ ရော်နယ်လ်ဒိုဟာ အတ္တလန်တာ၊ ဆမ်ဒိုးရီးယားအသင်းတွေနဲ့ ကစားရဖို့ ရှိနေလို့ ၂၀၁၈ခုနှစ်ကို သွင်းဂိုး ၅၀နဲ့ အဆုံးသတ်နိုင်ဖွယ် ရှိနေပါတယ်။

မက်ဆီ၊ ရော်နယ်လ်ဒိုတို့ရဲ့ နောက်မှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်အတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းထားတဲ့ လီဝန်ဒေါစကီးရှိပါတယ်။ လီဝန်ဒေါစကီးဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ ဂိုးအများဆုံး သွင်းထားသူဖြစ်သလို ကလပ်နဲ့ နိုင်ငံအတွက် ၄၆ဂိုး သွင်းထားသူပါ။ ဘွန်ဒက်စ်လီဂါက ဆောင်းရာသီ အနားပေးလိုက်ပြီဖြစ်လို့ လီဝန်ဒေါစကီး အနေနဲ့ နောက်ထပ် ဂိုးရဖို့ မရှိတော့ပေမယ့် သူ့ရဲ့ ဂိုးသွင်း စွမ်းရည်ကို ဆက်လက် ပြသနိုင်တဲ့ နှစ်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ပိုလန်နဲ့ ဘိုင်ယန်အတွက် အရေးပါတဲ့ သွင်းဂိုးတွေ သွင်းနေတဲ့ လီ၀န်ဒေါစကီး

ပရီးမီးယားလိဂ် ဇယားထိပ်က မိုဆာလ ကလည်း ၂၀၁၈ခုနှစ်အတွင်းမှာ ၄၂ဂိုးအထိ သွင်းထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီကထက် ဂိုးသွင်းအား အနည်းငယ် ကျလာပေမယ့် ဆာလဟာ ဒီရာသီ လီဗာပူးလ်အတွက် အရေးပါတဲ့ ဂိုးတွေကို သွင်းနေဆဲပါ။ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားရခဲ့ပြီး အက်သလက်တီမက်ဒရစ်မှာ အောင်မြင်နေတဲ့ ဂရီးဇ်မန်းကလည်း ၂၀၁၈ခုနှစ်အတွင်းမှာ သွင်းဂိုး ၄၀ သွင်းထားသူပါ။ စပါးရဲ့ ဟယ်ရီကိန်း၊ ဘာစီလိုနာက ဆွာရက်ဇ်၊ နေမာ၊ ကဗာနီ၊ အမ်ဘတ်ပေတို့ကလည်း ၂၀၁၈ခုနှစ်အတွင်း ဂိုးတွေ များစွာ သွင်းထားတဲ့ စာရင်းမှာ ပါဝင်နေကြသူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ကလပ်နဲ့ နိုင်ငံအတွက် ၄၂ဂိုး သွင်းထားတဲ့ မိုဆာလ

ကလပ်နဲ့ နိုင်ငံအတွက် ဂိုးအများဆုံးသွင်းထားသူများ

၁) မက်ဆီ ( အာဂျင်တီးနား၊ ဘာစီလိုနာ ) - ၅၁ဂိုး

၂) ရော်နယ်လ်ဒို ( ပေါ်တူဂီ၊ ဂျူဗင်တပ်စ်၊ ရီးယဲယ်) - ၄၆ဂိုး

၃) လီဝန်ဒေါစကီး ( ပိုလန်၊ ဘိုင်ယန်မြူးနစ်) - ၄၆ဂိုး

၄) မိုဆာလ ( အီဂျစ်၊ လီဗာပူးလ်) - ၄၂ဂိုး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အဲဗာတန်ကို ၂ဂိုးသွင်းခဲ့တဲ့ ဟယ်ရီကိန်းဟာ ၂၀၁၈အတွင်းမှာ သွင်းဂိုး ၄၀သွင်းထားသူပါ။

၅) ဟယ်ရီကိန်း ( အင်္ဂလန်၊ စပါး) - ၄၀ဂိုး

၆) ဂရီးဇ်မန်း ( ပြင်သစ်၊ အက်သလက်တီကို) - ၄၀ဂိုး

၇) ဆွာရက်ဇ် ( ဥရုဂွေး၊ ဘာစီလိုနာ) - ၃၈ဂိုး

၈) နေမာ ( ပီအက်စ်ဂျီ၊ ဘရာဇီးလ်) - ၃၄ဂိုး

၉) ကဗာနီ ( ပီအက်စ်ဂျီ၊ ဥရုဂွေး) - ၃၄ဂိုး

၁၀) အမ်ဘတ်ပေ ( ပီအက်စ်ဂျီ) - ၃၄ဂိုး