ကမ္ဘာ့ချန်ပီယံ ပြင်သစ် နဲ့ အားကစား ဒိုင်ယာရီ

ကမ္ဘာ့ချန်ပီယံ ပြင်သစ် နဲ့ အားကစား ဒိုင်ယာရီ

၂၀၁၈ ခုနှစ်ဟာ ဘောလုံး အားကစား တစ်ခုလုံးအတွက် အမှတ်ရစရာ နှစ်တစ်ခုလည်း ဖြစ်ပါတယ်။ အဓိက ဘောလုံးပြိုင်ပွဲကြီး ဖြစ်တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြင် အခြား စိတ်ဝင်စားစရာ ဘောလုံးပွဲတွေနဲ့ စံချိန်တွေ များစွာ ထွက်ပေါ်ခဲ့ပါတယ်။

ဘောလုံးလောကထဲ အောင်မြင်မှု အရှိဆုံးနဲ့ ပရိသတ် စိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ရုရှားနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ လူဉီးရေး ၃သန်းသာရှိတဲ့ ခရိုအေးရှားအသင်း ဖိုင်နယ် တက်ခဲ့ပြီး အသင်းခေါင်းဆောင် လူကာမိုဒရစ် အကောင်းဆုံး ဆုတွေကို ရခဲ့ပါတယ်။

ကမ္ဘာ့ဖလားမှာ ပြင်သစ် ချန်ပီယံ ဖြစ်ခဲ့သလို ဥရောပ ချန်ပီယံလိဂ်မှာတော့ ရီးယဲယ်မက်ဒရစ် ၃နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ရမှတ် ၁၀ဝနဲ့ ပတ်ဂွါဒီယိုရဲ့ မန်စီးတီး ချန်ပီယံ ဖြစ်ခဲ့ပြီး ဆယ်ကျော်သက် တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပေတစ်ယောက် ဖီဖာရဲ့ အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။