မြန်မာအသင်း ၂၀၂၆ခုနှစ်မှာ ကမ္ဘာ့ဖလား ဝင်ဖို့ ပစ်မှတ်ထားနေ

ဓာတ်ပုံ မူပိုင် MFF
Image caption ၄နှစ်တာ စီမံကိန်းနဲ့ အအောင်မြင်ဖို့ ပစ်မှတ်ထားနေတဲ့ မြန်မာအသင်း

ဒေသတွင်း ပြိုင်ပွဲတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေနဲ့ ရုန်းကန်နေရတဲ့ မြန်မာ့ လက်ရွေးစင်အသင်းဟာ လာမယ့် ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ဆိုပါတယ်။

မြန်မာ ဘောလုံးအဖွဲ့ချုပ်ဟာ နည်းစနစ်ဒါရိုက်တာ မစ္စတာ အဲရစ်ရဲ့ ၄နှစ်တာ စီမံကိန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် ဦးဘုန်းနိုင်ဇော်က အခုလို ပြောခဲ့တာပါ။ မြန်မာ့လက်ရွေးစင် အသင်းကို စနစ်တကျ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားမှာ ဖြစ်လို့ မြောက်အမေရိကတိုက်မှာ ကျင်းပ မယ့် ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထား နေတယ်လို့ ဆိုပါတယ်။ အနီးစပ်ဆုံး ပြိုင်ပွဲအဖြစ် ၂၀၂၃ အာရှဖလား ပြိုင်ပွဲကို သေချာပေါက် ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MFF
Image caption MFF Four Years Strategic Plan 2019-2022 ကို ရေးဆွဲခဲ့တဲ့ နည်းစနစ် ဒါရိုက်တာ အဲရစ်

၂၀၂၆ ကမ္ဘာ့ဖလား ဝင်ဖို့ ပစ်မှတ်ထား ထားပြီး မဖြစ်နိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့ ၃နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အသင်းပေါင် ၄၈သင်းအထိ တိုးမြှင့် ကျင်းပမှာ ဖြစ်လို့ အာရှတိုက် အနေနဲ့ ခွဲတမ်း ၈နေရာအထိ ရရှိမှာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချု့ နည်းစနစ် ဒါရိုက် မစ္စတာ အဲရစ်က သူ့ရဲ့ ၄နှစ်တာ စီမံကိန်းကို ယုံကြည်မှု အပြည့်ရှိသေလို မြန်မာနိုင်ငံ အတွင်းမှာလည်း အရည်အသွေးရှိတဲ့ ဘောလုံးသမားတွေ များစွာရှိပြီး အဲ့ဒီ Talent ရှိတဲ့ ကစားသမားတွေကို စနစ်ကျတဲ့ ဖွံဖြိုးမှုတွေ လုပ်ပေးနိုင်မယ်ဆိုရင် မြန်မာအသင်းအတွက် ဘာမဆို ဖြစ်နိုင်မယ့် အနေအထားရှိနိုင်ပါတယ်။ အနိမ့်ဆုံးအနေနဲ့ ၂၀၂၃ အာရှဖလား ပြိုင်ပွဲ ( တရုတ်နဲ့ တောင်ကိုရီးယားတို့ ကျင်းပခွင့် လျှောက်ထားကြ) ကို ရောက်ရမယ်လို့ ဦးဘုန်းနိုင်ဇော်က ပြောခဲ့တာ ဖြစ်ပါတယ်။

၄နှစ် တစ်ကြိမ် ကျင်းပနေတဲ့ ကမ္ဘာ့ဖလားနဲ့ အာရှဖလားပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်အသင်းတွေ တိုးမြှင့်လာပေမယ့် လက်ရှိ မြန်မာ့ လက်ရွေးစင် အသင်းရဲ့ ခြေစွမ်းနဲ့ အနေအထားက အလှမ်းကွာဝေးလွန်းတယ်လို့ မြန်မာ့ ဘောလုံးချစ် ပရိသတ်တွေကတော့ ဆိုပါတယ်။ မြန်မာဟာ ပြီးခဲ့တဲ့ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲမှာ အုပ်စု အဆင့်ကထွက်ခဲ့ရသလို နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှာ ဗိုလ်မစွဲ နိုင်ခဲ့တာ အချိန်တော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံ ဒေသအတွင်း ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် အသင်းတွေဟာ လက်ရှိ အာရှဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဗီယက်နမ်က ကွာတား၊ ထိုင်းက ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်ခဲ့ကြပါတယ်။ မြန်မာ့ လက်ရွေးစင် အသင်းကတော့ အာရှဖလား ခြေစစ်ပွဲမှာ ကာဂျစ္စတန်၊ အိန္ဒိယအသင်းတို့နောက် အုပ်စုတတိယနေရာသာ ရခဲ့လို့ ခြေစစ်ပွဲ မအောင်ဘဲ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အာဆီယံကနေ အာရှဖလားအထိ တက်လှမ်းနေပြီ ဖြစ်တဲ့ ဗီယက်နမ်

၂၀၁၈ - အုပ်စု မြန်မာ့လက်ရွေး အသင်းနဲ့ နိုင်ငံတကာ ပြိုင်ပွဲကြီး မှတ်တမ်း

ကမ္ဘာ့ဖလား

၁၉၃၀ မှ ၂၀ဝ၂ - မပြိုင်

၂၀ဝ၆ မှ ၂၀၁၈ - ခြေစစ်ပွဲမအောင်

အာရှဖလား

၁၉၅၆ မှ ၁၉၆၄ - မပြိုင်

၁၉၆၈ - ဒုတိယ

၁၉၇၂ မှ ၁၉၉၂ - မပြိုင်

၁၉၉၆ မှ ၂၀၁၉ - ခြေစစ်ပွဲမအောင်

အာရှ အားကစားပြိုင်ပွဲ

၁၉၅၁ - ကွာတား

၁၉၅၄ - တတိယ

၁၉၅၈ - အုပ်စု

၁၉၆၂ - မပြိုင်

၁၉၆၆၊ ၇၀ - ချန်ပီယံ ( ၂ကြိမ်)

၁၉၇၄ - ဒုတိယအဆင့်

၁၉၇၈ မှ ၈၂ - အုပ်စု

၁၉၈၆ မှ ၉၀ - ခြေစစ်ပွဲမအောင်

၁၉၉၄ - အုပ်စု

၁၉၉၈ မှ ၂၀၁၈ - မပြိုင်

အာဆီယံချန်ပီယံရှစ်

၁၉၉၆ မှ ၂၀ဝ၂ - အုပ်စု

၂၀ဝ၄ - စတုတ္ထ

၂၀ဝ၇ မှ ၁၄ - အုပ်စု

၂၀၁၆ - ဆီမီး

ဆက်စပ် အကြောင်းအရာများ