အီရန် နဲ့ ဂျပန်၊ ကာတာနဲ့ ယူအေအီးတို့ ဆုံတွေ့မယ့် အာရှဖလား ဆီမီးဖိုင်နယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဆီမီးဖိုင်နယ် ရောက်နေပြီ ဖြစ်တဲ့ အာရှဖလား

၂၀၁၉ အာရှဖလား ပြိုင်ပွဲကြီးကတော့ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ကို အာရပ်ကမ္ဘာက ၃သင်းနဲ့အတူ အအောင်မြင်ဆုံး ဂျပန်လည်း တက်ရောက်နိုင်ခဲ့ကြတာပါ။ လက်ရှိ ချန်ပီယံ သြစတြေးလျက အိမ်ရှင် ယူအေအီး၊ နာမည်ကြီး တောင်ကိုရီးယားက ကာတာတို့ကို အသီးသီး ရှုံးခဲ့ကြလို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။

ကွာတားဖိုင်နယ် ရလဒ်များ

၁) ဗီယက်နမ် ဝ-၁ ဂျပန်

၂) တရုတ် ဝ-၃ အီရန်

၃) တောင်ကိုရီးယား ဝ-၁ ကာတာ

၄) ယူအေအီး ၁-ဝ ဂျပန်

ဓာတ်ပုံ မူပိုင် AFP
Image caption ရေပန်စားနေတဲ့ တောင်ကိုရီးယားကို အနိုင်ယူခဲ့တဲ့ ကာတာ

အာဆီယံက ဗီယက်နမ်ကလည်း ကွာတားအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဂျပန်ကို ၁ဂိုးတည်းနဲ့ ရှုံးခဲ့ပါတယ်။ ဂျပန်ဟာ ဆီမီးဖိုင်နယ်မှာ ၃ကြိမ်ချန်ပီယံ အီရန် နဲ့ ဆုံတွေ့မှာ ဖြစ်ပါတယ်။ အိမ်ရှင် ယူအေအီးအသင်းကတော့ လက်ရှိ ချန်ပီယံ သြစတြေးလျကို အနိုင်ယူလာခဲ့လို့ ပထမဆုံး အကြိမ် အာရှဖလား ရဖို့ အခွင့်အရေး ရှိနေပါတယ်။ ယူအေအီးဟာ တောင်ကိုရီးယားကို ကျော်လာတဲ့ ကာတာနဲ့ ဆုံတွေ့ရ မှာ ဖြစ်လို့ ဖိုင်နယ် တက်နိုင်မယ့် အခွင့်အရေး သာနေပါတယ်။

ဒီကနေ့မှာတော့ ပထမ ဆီမီးဖိုင်နယ်ပွဲအဖြစ် အာရှဖလားရဲ့ အအောင်မြင်ဆုံး ၂သင်း တွေ့ကြမှာပါ။ ၄ကြိမ် ချန်ပီယံ ဂျပန်နဲ့ ၃ကြိမ် ချန်ပီယံ အီရန်တို့ ကစားကြမှာ ဖြစ်ပါတယ်။ ဂျပန်ဟာ အာရှဖလားကို ၂၀၁၁ခုနှစ်မှာ နောက်ဆုံးရခဲ့ပြီး အီရန်ကတော့ ၁၉၇၆ခုနှစ်မှာ ရခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ ဆီမီးဖိုင်နယ်ပွဲအဖြစ် အိမ်ရှင် ယူအေအီးနဲ့ ကာတာတို့ မနက်ဖြန်မှာ ကစားဖို့ ရှိပါတယ်။ ယူအေအီးဟာ အာရှဖလားကို အမြင့်ဆုံးအဖြစ် ဒုတိယ တစ်ကြိမ် ရဖူးပြီး ကာတာကတော့ ၂၀၁၁ခုနှစ် သူတို့ အိမ်ရှင်လုပ်ခဲ့တဲ့ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အထိ တက်ခဲ့ဖူးပါတယ်။

ဆီမီး ပွဲစဉ်များ

အီရန် - ဂျပန်

ယူအေအီး - ကာတာ

ကာတာတိုက်စစ်မှူး အယ်မိုရီအာလီဟာ ဒီနှစ် ပြိုင်ပွဲရဲ့ ဂိုးအများဆုံး သွင်းထားသူဖြစ်ပြီး ကွာတားဖိုင်နယ် အပြီးအထိ ၇ဂိုး သွင်းထားပါတယ်။ အာရှဖလား ဖိုင်နယ်ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့၊ အဘူဒါဘီက Zayed Sports City ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ၄ကြိမ် ချန်ပီယံ ဂျပန်

အာရှဖလား အောင်မြင်မှုများ

၁) ဂျပန် - ၄ကြိမ် ( ၁၉၉၂၊ ၂၀ဝ၀၊ ၂၀ဝ၄၊ ၂၀၁၁)

၂) ဆော်ဒီ - ၃ကြိမ် ( ၁၉၈၄၊ ၁၉၈၈၊ ၁၉၉၆)

၃) အီရန် - ၃ကြိမ် ( ၁၉၆၈၊ ၁၉၇၂၊ ၁၉၇၆)

၄) တောင်ကိုရီးယား - ၂ကြိမ် ( ၁၉၅၆၊ ၁၉၆၀)

၅) အစ္စရေး - ၁ကြိမ် ( ၁၉၆၄)

၆) ကူဝိတ် - ၁ကြိမ် ( ၁၉၈၀)

၇) သြစတြေးလျ - ၁ကြိမ် ( ၂၀၁၅)

၈) အီရတ် - ၁ကြိမ် ( ၂၀ဝ၇)

၉) တရုတ် - ဒုတိယ ၂ကြိမ်

၁၀) ယူအေအီး - ဒုတိယ ၁ကြိမ်

၁၁) အိန္ဒိယ - ဒုတိယ ၁ကြိမ်

၁၂) မြန်မာ - ဒုတိယ ၁ကြိမ်

နောက်ဆုံး ၅ကြိမ် ဗိုလ်စွဲထားမှု

၂၀ဝ၀ - ဂျပန် ၁-ဝ ဆော်ဒီအာရေဗျ

၂၀ဝ၄ - ဂျပန် ၃-၁ တရုတ်

၂၀ဝ၇ - အီရတ် ၁-ဝ ဆော်ဒီအာရေဗျ

၂၀၁၁ - ဂျပန် ၁-ဝ သြစတြေးလျ

၂၀၁၅ - သြစတြေးလျ ၂-၁ တောင်ကိုရီးယား

ဆက်စပ် အကြောင်းအရာများ