ချန်ပီယံဆုအတွက် ဘယ်အသင်းက အခွင့်အရေး အကောင်းဆုံးလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ချန်ပီယံဆုအတွက် ဘယ်သူ အောင်ပွဲခံသွားမလဲ

အင်္ဂလန် ပရီးမီးယားလိဂ်ကတော့ ပွဲစဉ် ၂၆အပြီး ဇယားထိပ်က ၃ အသင်းရဲ့ အမှတ်ကွာဟမှု အနေအထားက ချန်ပီယံ ဘယ်အသင်း ဖြစ်မလဲ ခန့်မှန်းရခက်နေတာပါ။

မန်စီးတီဟာ နောက်ဆုံး ၃ပွဲဆက် နိုင်ထားသလို လီဗာပူးလ်၊ စပါးတို့ထက် ၁ပွဲပို ကစားထားပြီး ဂိုးကွာခြားချက်နဲ့ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတာပါ။ စပါးကတော့ တတိယနေရာကနေ ၅မှတ်အကွာမှာ ရှိနေပေမယ့် သူ့တို့ရဲ့ ပုံစံကောင်းနဲ့ ထိပ်က ၂သင်းကို ဆက်လက် ဖိအားပေးနိုင်ဆဲ ဖြစ်ပါတယ်။

မတ်လကုန်အထိ ကစားမယ့် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ကြည့်တော့ တစ်ပွဲပို ကစားထားတဲ့ မန်စီးတီးဟာ ပွဲကျပ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ဒါဘီပွဲကလွဲရင် အသင်းငယ်တွေသာ ဆုံတွေ့မှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ မန်စီးတီးအတွက် ပွဲအားလုံးမှာ ရမှတ် အပြည့်ရဖို့ မန်ချက်စတာဒါဘီပွဲကိုသာ အာရုံစိုက်ရမှာပါ။

လီဗာပူးလ်ရဲ့ ပွဲစဉ်တွေထဲမှာတော့ ခါးသီးတဲ့ ပြိုင်ဖက်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ကို အဝေးကွင်း ကစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ စပါးကို အန်းဖီးလ်မှာ ကစားရမယ့် ပွဲလည်းရှိနေလို့ လီဗာပူးလ်အတွက် ဒီကာလတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရမှာပါ။ မန်စီးတီးလောက် အရန်အင်းအား မတောင့်တင်းတဲ့ လီဗာပူးလ်အတွက် ချန်ပီယံလိဂ် ကစားနေချိန်မှာ ပြိုင်ပွဲနှစ်ခုကို အာရုံစိုက်ဖို့ ယာဂမ်ကလော့ပ် ဘယ်လိုပြင်ဆင်မလဲ စိတ်၀င်စားစရာပါ။

စပါးကတော့ ထိပ်ဆုံး ၃သင်းထဲမှာ ပွဲကျပ်အများဆုံး ပါဝင်ပြီး အဲ့ဒီ ၆ပွဲမှာ ချယ်လ်ဆီး၊ လီဗာပူးလ်ကို အဝေးကွင်း၊ အာဆင်နယ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ အရေးပါတဲ့ ကစားသမားတွေ မစုံတဲ့ အချိန် စပါးတို့ ထိပ်က အသင်း ၂သင်းကို ဖိအား ဆက်ပေးနိုင်ဖို့ အကောင်းဆုံး ခြေစွမ်းပြဖို့ လိုနေပါတယ်။

ချန်ပီယံလိဂ် အဆုံးအဖြတ် ပွဲတွေ ကစားရဖို့ ရှိကြတဲ့ ထိပ်သီး ၃သင်းရဲ့ မတ်လအထိ ပွဲတွေကိုကြည့်ပြီး ဘောလုံးကျွမ်းကျင်သူတွေက မန်စီးတီး အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အခွင့်အရေးများနေတယ်လို့ ဆိုပါတယ်။ ဘွတ်ကီ ဒိုင်တွေကလည်း မန်စီးတီးကို ရေပန်းစားမှု ထိပ်ဆုံးမှာ ပေးထားပြီး လီဗာပူးလ်သာ သူ့ရဲ့ အဓိက ပြိုင်ဖက်အဖြစ် သတ်မှတ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၂၀သွင်းထားတဲ့ မန်စီးတီး

ထိပ်ဆုံး ၃သင်းရဲ့ မတ်လ အထိ ပွဲစဉ်များ

မန်စီးတီးရဲ့ လာမယ့် ၅ပွဲ

ဝက်စ်ဟမ်း ( အိမ်)

ဘွန်းမောက် ( အဝေး)

ဝက်ဖို့ဒ် ( အိမ်)

မန်ယူ ( အဝေး)

ဖူလ်ဟမ် ( အဝေး)

ဓာတ်ပုံ မူပိုင် AFP
Image caption အရေးပါးတဲ့ ဒါဘီ ၂ပွဲကို စားရမယ့် လီဗာပူးလ်

လီဗာပူးလ်ရဲ့ လာမယ့် ၆ပွဲ

မန်ယူ ( အဝေး)

ဝက်ဖို့ဒ် ( အိမ်)

အဲဗာတန် ( အဝေး)

ဘန်လေ ( အိမ်)

ဖူလ်ဟမ် ( အဝေး)

စပါး ( အိမ်)

ဓာတ်ပုံ မူပိုင် AFP
Image caption ဟယ်ရီကိန်း ဒဏ်ရာရပြီးမှ ၄ပွဲဆက် အနိုင်ရထားတဲ့ စပါး

စပါးရဲ့ လာမယ့် ၆ပွဲ

ဘန်လေ ( အဝေး)

ချယ်လ်ဆီး ( အဝေး)

အာဆင်နယ် ( အိမ်)

ဆောက်သမ်တန် ( အဝေး)

ပဲလေ့စ် ( အိမ်)

လီဗာပူးလ် ( အဝေး)

( ဘောလုံးချစ် ပရိသတ်တွေကရော ဘယ်အသင်း ချန်ပီယံဖြစ်မလဲ )

ဆက်စပ် အကြောင်းအရာများ