Hero Gold Cup ချန်ပီယံ ဖြစ်ခဲ့တဲ့ မြန်မာအမျိုးသမီး အသင်း

ဓာတ်ပုံ မူပိုင် MFF
Image caption ချန်ပီယံ ဆုဖလားနဲ့ အတူ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာတဲ့ မြန်မာအမျိုးသမီး အသင်း

အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၉ ဖိတ်ခေါ်ဖလား ပြိုင်ပွဲဖြစ်တဲ့ Hero Gold Cup ပြိုင်ပွဲဝင် မြန်မာအသင်းဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အောင်ပွဲကို ရရှိခဲ့ပါတယ်။ မြန်မာအသင်းဟာ အဲ့ဒီပြိုင်ပွဲမှာ ပွဲတိုင်း အနိုင်ရခဲ့ပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ အုပ်စုပွဲစဉ်တွေမှာ နီပေါကို ၃-၁ဂိုး၊ အီရန်နဲ့ အိန္ဒိယကို ၂ ဂိုးပြတ်စီနဲ့ နိုင်ပြီး အုပ်စု ပထမနဲ့ ဖိုင်နယ်ကို တက်ခဲ့ပါတယ်။ ဖိုင်နယ်မှာတော့ အုပ်စုဒုတိယ ရခဲ့တဲ့ နီပေါကို လွယ်လွယ်ပဲ ၃-၁ဂိုးနဲ့ နိုင်လို့ ထိုက်ထိုက်တန်တန် ချန်ပီယံ ဖြစ်ခဲ့တာပါ။

ချန်ပီယံ မြန်မာအမျိုးသမီး အသင်းဟာ Hero Gold Cup ဆုဖလားအပြင် အသန့်ရှင်းဆုံးဆု၊ တစ်ဦးချင်း ဆုတွေဖြစ်တဲ့ ပူးတွဲ ဂိုးအများဆုံးသွင်းဆုနဲ့ အကောင်းဆုံး ဂိုးသမားဆုကိုပါ ရရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MFF
Image caption အကောင်းဆုံးဆုတွေပါ ရခဲ့တဲ့ မြန်မာအသင်း

မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းအတွက်တော့ ၂၀ဝ၇ခုနှစ် ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် ၁၂နှစ်အတွင်း ဆုဖလား ပြန်လည် ရရှိခဲ့တာပါ။ တိုကျို အိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲ ဝင်နေတဲ့ မြန်မာ အသင်းအတွက် ယုံကြည်မှု ပြန်လည် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာ အမျိုးသမီးအသင်းဟာ ဒုတိယအဆင့် ခြေစစ်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အုပ်စုတွင်းမှာ Hero Gold Cup ပြိုင်ပွဲမှာ နိုင်ခဲ့တဲ့ အိန္ဒိယ၊ နီပေါတို့အပြင် အင်ဒိုနီးရှားအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ တတိယအဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးများနေပါတယ်။

ဓာတ်ပုံ မူပိုင် MFF
Image caption အကောင်းဆုံး ဆုတွေနဲ့ ချန်ပီယံ မြန်မာအသင်း

Hero Gold Cup မှတ်တမ်း

ချန်ပီယံ - မြန်မာ

ဒုတိယ - နီပေါ

အသန့်ရှင်းဆုံးဆု - မြန်မာ

အကောင်းဆုံး ဘောလုံးသမားဆု - ဝင်းသိင်္ဂီထွန်း ( မြန်မာ)

ဂိုအများဆုံးသွင်းဆု - ရီရီဦး (မြန်မာ)၊ ဆဘီထရာ ( နီပေါ) ၄ဂိုးစီ

အကောင်းဆုံး ဂိုးသမား - ဇာဇာမြင့် ( မြန်မာ)

ပြိုင်ပွဲ ရလဒ်များ

မြန်မာ ၃-၁ နီပေါ

အိန္ဒိယ ၁-ဝ အီရန်

မြန်မာ ၂-ဝ အီရန်

အိန္ဒိယ ၁-၂ နီပေါ

အီရန် ဝ-၃ နီပေါ

အိန္ဒိယ ဝ-၂ မြန်မာ

ဖိုင်နယ်

မြန်မာ ၃-၁ နီပေါ

ဓာတ်ပုံ မူပိုင် MFF
Image caption အိုလံပစ်ခြေစစ်ပွဲ ကစားရဖို့ ရှိတဲ့ မြန်မာ အမျိုးသမီးအသင်း

တိုကျို အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲ

အုပ်စု A - မြန်မာ ( အိမ်ရှင်)၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ

အုပ်စု - ဗီယက်နမ်၊ ဂျော်ဒန်၊ ဟောင်ကောင်၊ ဥဇဘတ်ကစ္စတန် ( အိမ်ရှင်)

အုပ်စု - တရုတ် (တိုင်ပေ)၊ အီရန်၊ ဖိလစ်ပိုင်၊ ပါလက်စတိုင်း (အိမ်ရှင်)

မြန်မာ - နီပေါ ( ဧပြီ ၁ရက်)

အင်ဒိုနီးရှား - မြန်မာ ( ဧပြီ ၅ရက်)

မြန်မာ - အိန္ဒိယ ( ဧပြီ ၉ရက်)

( အုပ်စု ထိပ်ဆုံးအသင်းသာ နောက်တစ်ဆင့် တက်ခွင့်ရမှာဖြစ်)

မြန်မာအမျိုးသမီး အသင်းရဲ့ နိုင်ငံတကာ အောင်မြင်မှု

AFF Championship - ၂၀ဝ၄၊ ၂၀ဝ၇

Hero Gold Cup - ၂၀၁၉

ဆက်စပ် အကြောင်းအရာများ