မက်ဒရစ်က ရှုံးကြွေးကို ရော်နယ်လ်ဒိုတို့ ပြန်ဆပ်နိုင်မလား

ဓာတ်ပုံ မူပိုင် Alamy
Image caption ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အက်သလက်တီကိုရဲ့ အိမ်ကွင်း ၀န်ဒါ မက်ထရိုပိုလီတာနို ကွင်းမှာ ကျင်းပမှာပါ

ဒီတစ်ပတ် ချန်ပီယံလိဂ်မှာတော့ ပထမအကျော့တုန်းက အခြေအနေဆိုးခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်ကို အားလုံးက စောင့်ကြည့်နေကြပါတယ်။ ပထမအကျော့တုန်းက အက်သလက်တီကိုကွင်းမှာ နောက်ခံလူတွေရဲ့ ဂိုးတွေနဲ့ ရှုံးခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ရော်နယ်လ်ဒိုတို့ ပြန်လာနိုင်မလား၊ လီဗာပူးလ်ကရော ဂျာမန်မြေမှာ ဘာတွေလုပ်ပြမလဲ။ မက်ဆီနဲ့ ဘာစီလိုနာကရော ပုံစံကောင်းကို ဆက်ထိန်းထားမလဲ စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရီးယဲယ်နဲ့ ချန်ပီယံလိဂ် ဖလား ၄လုံးရခဲ့တဲ့ ရော်နယ်လ်ဒိုတစ်ယောက် ဒုတိယအကျော့မှာ ဘာတွေလုပ်ပြမလဲ

ဂျူဗင်တပ်စ် - အက်သလက်တီကို

အက်သလက်တီကို ၂-ဝ ဂျူဗင်တပ်စ် ( ပထမအကျော့)

နွေရာသီမှာ ကလပ် စံချိန်တင်ကြေး ပေါင်သန်း ၁၀ဝအထိ သုံးပြီး ချန်ပီယံလိဂ် ဂိုးသွင်းဘုရင် ခရစ္စတီယာနိုကို ခေါ်ထားတဲ့ ဂျူဗင်တပ်စ်အတွက် အဆုံးဖြတ်ပေးရမယ့်ပွဲပါ။ ကိုပါအီတာလီယာကနေ ထွက်ထားသလို ချန်ပီယံလိဂ်ကနေ မထွက်အောင် တူရင်မှာ ဘယ်လို ခြေစွမ်းမျိုးပြသမလဲ အားလုံးက စိတ်ဝင်စားနေကြတာပါ။ ဂျူဗင်တပ်စ်ဟာ စီးရီးအေမှာ ရမှတ်ဖြတ်ပြီး ဦးဆောင်နေပေမယ့် ခံစစ်တည်ငြိမ်တဲ့ အက်ကလက်တီကို အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်သွင်းဖို့ ခက်ခက်ခဲခဲ ကစားရမှာပါ။ ပြည်တွင်းမှာ ခရစ္စတီယာနို ဂိုးမြူးနေပေမယ့် ချန်ပီယံလိဂ် ဂိုးရဖို့ ခက်နေတာ၊ အက်သလက်တီကိုရဲ့ ခံစစ်နဲ့ ဆီမီယွန်နီရဲ့ ဗျူဟာတွေကြောင့် ဂျူဗင်တပ်စ် ခက်ခက်ခဲခဲ ကျော်ဖြတ်ရမှာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption အိမ်ကွင်းမှာကျင်းပမယ့် ဗိုလ်လုပွဲကို အရောက်လှမ်းဖို့ ပစ်မှတ်ထားနေတဲ့ အက်သလက်တီကို

မန်စီးတီး - ရှော်လ်ကာ

ရှော်လ်ကာ ၂-၃ မန်စီးတီး ( ပထမအကျော့)

တစ်ယောက်ထုတ်၊ ပင်နယ်တီ ၂လုံး ပေးခံခဲ့ရပေမယ့် အကောင်းဆုံး ပြန်လာနိုင်တဲ့ မန်စီးတီးရဲ့ ခြေစွမ်းကို ရှော်လ်ကာ မယှဉ်နိုင်ပါဘူး။ ဒီပြိုင်ပွဲရဲ့ ရေပန်းအစားဆုံးဖြစ်သလို တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းနိုင်မယ့်သူတွေ များစွာရှိတဲ့ မန်စီးတီးအသင်း ကွာတားတက်ဖို့ လွယ်ကူမယ့်ပွဲပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ဖလား ၄လုံး ပစ်မှတ်ထားနေတဲ့ မန်စီးတီး

ဘာစီလိုနာ - လီယွန်

လီယွန် ဝ-ဝ ဘာစီလိုနာ ( ပထမအကျော့)

ခါးသီးတဲ့ပြိုင်ဖက် ရီးယဲယ်ကို El Clasico ၂ပွဲဆက် နိုင်ထားပြီး ပွဲကျပ် ကာလတွေကို အကောင်းဆုံး ကျော်ဖြတ်လာနိုင်တဲ့ ဘာစီလိုနာကို လီယွန် မယှဉ်နိုင်ပါဘူး။ အထူးသဖြင့် လူစုံလာသလို အိမ်ကွင်းမှာ ဂိုးပြတ်ရလေ့ရှိတဲ့ ဘာစီလိုနာ တိုက်စစ်၊ ရီးယဲယ်နဲ့ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ပြတဲ့ ခံစစ်ပိုင်းတွေကြောင့် နူးကမ်းမှာ မက်ဆီနဲ့ ဘာစီလိုနာအတွက် ကွာတားတက်ဖို့ သက်သောင့်သက်သာ ကန်ရမှာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်တွင်းဖလား ၂လုံးအတွက် အခြေအနေကောင်းသွားလို့ ချန်ပီယံလိဂ်ကို အဓိက ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ

ဘိုင်ယန်မြူးနစ် - လီဗာပူးလ်

လီဗာပူးလ် ဝ-ဝ ဘိုင်ယန်မြူးနစ် ( ပထမအကျော့)

လီဗာပူးလ်အတွက် စိုးရိမ်ရမယ့် အချိန်ကို ရောက်နေတာပါ။ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ၇မှတ်အထိ အသာရပြီးမှာ ၁မှတ်လျော့သွားတဲ့အထိ ခြေကျသွားတဲ့ အခြေအနေ လက်ရှိ ဘိုင်ယန်ရဲ့ ခြေစွမ်းကြောင့် အဝေးကွင်းမှာ မလွယ်ပါဘူး။ ဘိုင်ယန်မှာ အရင်လို တောင်ပံတွေက အကောင်းဆုံး ပုံစံမျိုး မဟုတ်တော့ပေမယ့် တောင့်တင်းတဲ့ လူစာရင်းက လီဗာပူးလ်ကို ပြိုင်ပွဲကထွက်အောင် စွမ်းဆောင်နိုင်ပါ တယ်။ လီဝန်ဒေါစကီး ဂိုးမြူးနေတာ၊ ဘိုင်ယန်ရဲ့ ခြေစွမ်းကြောင့် ယာဂမ်ကလော့ တစ်ယောက် ဒီပွဲကို ဘယ်လို ပြင်ဆင်မလဲ စိတ်ဝင်စားစရာပါ။

ဆက်စပ် အကြောင်းအရာများ