အင်္ဂလန် နှစ်သင်း ဖိုင်နယ်မှာ ဆုံတွေ့နိုင်တဲ့ ယူရိုပါလိဂ်

ဓာတ်ပုံ မူပိုင် UEFA
Image caption ပထမ အကျော့မှာ ရလဒ်ကောင်းခဲ့ကြတဲ့ လန်ဒန်ကလပ် အာဆင်နယ်နဲ့ ချယ်လ်ဆီး

ပထမအကျော့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲတွေအပြီးမှာတော့ အင်္ဂလန် ကလပ်တွေ အချင်းချင်း ဖိုင်နယ်မှာ ဆုံတွေ့ဖို့ အခွင့်အရေး များနေပါတယ်။ အာဆင်နယ်က အိမ်ကွင်းမှာ ဗလန်စီယာကို ၃-၁ဂိုးနဲ့ နိုင်ခဲ့ပြီး ချယ်လ်ဆီးက ဂျာမန်မြေမှာ ဖရန့်ဖတ်နဲ့ ၁ဂိုးစီ သရေ ကျထားပါတယ်။

ယူရိုပါလိဂ်လို့ ခေါ်တဲ့ ဥရောပ ဒုတိယတန် ဖလားပြိုင်ပွဲကို ၁၉၇၁ခုနှစ်ကနေ စတင်ကျင်းပလာခဲ့တာ ဖြစ်ပါတယ။ အစောပိုင်းနှစ်တွေတုန်းက UEFA Cup အမည်နဲ့ ကျင်းပခဲ့ပြီး ၂၀ဝ၉-၁၀မှာတော့ ယူရိုပါလိဂ် အမည်နဲ့ ပြောင်းလဲ ကျင်းပခဲ့တာပါတယ်။ လာလီဂါထိပ်သီး အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ ဒီပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ အသင်းပါ။ ဖိုင်နယ်မှာ မာဆေးလ်ကို ၃ဂိုပြတ်နိုင်ပြီး ၃ကြိမ်မြောက်ရခဲ့တာ ဖြစ်ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းကတော့ စပိန်ကလပ် ဆဗီယာ အသင်းပါ။ ပြိုင်ပွဲသမိုင်းတစ်လျောက် ၅ကြိမ် ချန်ပီယံ ဖြစ်ထားသလို ၂၀၁၄၊ ၁၅၊ ၁၆ ၃နှစ်ဆက်အထိ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ စပိန်ကလပ်တွေဟာ ချန်ပီယံလိဂ်မှာသာမက ယူရိုပါလိဂ်မှာလည်း အအောင်မြင်ဆုံးဖြစ်ပြီး ၁၁ကြိမ် ချန်ပီယံဖြစ်ထားပါတယ်။ စီးရီးအေကတော့ ၉ကြိမ်ရထားပြီး ပရီးမီးယားလိဂ်က ၈ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။

ဒီနှစ် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်ကိုတော့ အင်္ဂလန် ပရီးမီးယားလိဂ်က လန်ဒန် ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အပါအဝင် စပိန်က ဗလန်စီယာ၊ ဂျာမနီ က ဖရန့်ဖတ်တို့ တက်ရောက်ခဲ့ကြပါတယ်။ ပထမအကျော့ပွဲတွေ အပြီးမှာတော့ အာဆင်နယ်က ဗလန်စီယာကို နောက်ကလိုက်ကစားခဲ့ရပေမယ့် ၃-၁ဂိုးနဲ့ နိုင်ပါတယ်။ ချယ်လ်ဆီးကလည်း အဝေးဂိုးပြီး ၁ဂိုးစီ ဖရန့်ဖန်ကွင်းမှာ ၁ဂိုးစီ သရေကျခဲ့လို့ အင်္ဂလန် ကလပ်တွေ ဖိုင်နယ်မှာတွေ့ လာဖွယ်ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြိုင်ပွဲ သမိုင်းတစ်လျောက် ၅ကြိမ်ရထားတဲ့ ဆဗီယာ

ပြိုင်ပွဲသမိုင်းတစ်လျောက်ကို ပြန်ကြည့်ရင် နိုင်ငံတူ ကလပ်တွေ ယူရိုပါလိဂ် ဖိုင်နယ်ကို တက်လာခဲ့ဖူးတဲ့ အစဉ်လာတွေ အများကြီးရှိခဲ့ပါတယ်။ ၁၉၉၀ကျော် ကာလတွေမှာ စီးရီးအေ ကလပ်တွေက နိုင်ငံတူ အချင်းချင်း ဗိုလ်လုတာ ၄ကြိမ် အထိရှိခဲ့သလို စပိန်လာလီဂါက ၂ကြိမ် ရှိခဲ့ပါတယ်။ ဂျာမနီ၊ ပေါ်တူဂီတို့က တစ်ကြိမ်စီ ရှိခဲ့သလို UEFA Cup ပြိုင်ပွဲအစ ၁၉၇၁-၇၂ မှာတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ဝုလ်ဖ်တို့ ဆုံတွေ့ခဲ့ကြဖူးပါတယ်။

ဆိုတော့အရင်လို ရှိခဲ့ဖူးတဲ့ အစဉ်လာတွေအရတော့ လန်ဒန် ကလပ်တွေအတွက် ပရီးမီးယားလိဂ်နဲ့ အင်္ဂလန် ဘောလုံးလောကမှာ နောက်ထပ်သမိုင်းကို ရေးထိုးဖို့ အခွင့်ရေးရှိလာသလို ချယ်လ်ဆီးအတွက်လည်း ဥရောပ ထိပ်တန်း ပြိုင်ပွဲကြီး နှစ်ရပ်စလုံးကို All English Final ကစားဖူးတဲ့ အသင်းအဖြစ် စံချိန် တစ်ခုရရှိမှာ ဖြစ်ပါတယ်။

ဆိုတော့ ဖိုင်နယ်ကို ဘယ်အသင်းတွေ တက်ရောက်မလဲ မပြောခင် ဒုတိယအကျော့မှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အရင်လေ့လာကြည့်တော့…..

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၃မှာ ဘင်ဖီကာကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ဖူးတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီး - ဖရန့်ဖတ်

( ဖရန့်ဖတ် ၁-၁ ချယ်လ်ဆီး )

ဝက်ဖို့ဒ်နဲ့ပွဲမှာ အားထားရတဲ့ ကွင်းလယ်လူ ကန်တေကို ဆုံးရှုံးလိုက်ရတဲ့ ချယ်လ်ဆီးအတွက် ကြီးမားတဲ့ ကွင်းလယ်ပိုင်း အခက်တွေ့နိုင်ပါတယ်။ ယူရိုပါလိဂ်မှာ အပြောင်းအလဲ လုပ်လေ့ရှိတဲ့ ဆာရီတစ်ယောက် ဟာဇက်၊ ဟီဂွယ်ရင်တို့ကို သုံးဖို့ မသေချာသလို ဖရန့်ဖတ်ရဲ့ ဂိုးသွင်းအားကို ဂရုစိုက်ရမှာပါ။ အိမ်ကွင်းမှာတော့ ကစားပုံ ကောင်းလေ့ရှိပြီး ရလဒ်ကောင်းတဲ့ ချယ်လ်းဆီးမှာ တိုက်စစ်မှူး ဂျီရူးကလည်း ယူရိုပါလိဂ်မှာ ၁၀ဂိုးအထိ သွင်းထားပါတယ်။ ခြေစွမ်းအရ ဖရန့်ဖတ်ကောင်းပေမယ့် ချယ်လ်ဆီးကိုတော့ လန်ဒန်မှာ ယှဉ်နိုင်ဖို့ ခက်ခဲပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၀၀ ခုနှစ်မှာ ဖိုင်နယ်ကို တစ်ကြိမ် တက်ဖူးပြီး ဂါလာတာစာရေးကို အရေးနိမ့်ခဲ့တဲ့ အာဆင်နယ်

ဗလန်စီယာ - အာဆင်နယ်

( အာဆင်နယ် ၃-၁ ဗလန်စီယာ )

နှစ်သင်း ထိပ်တိုက် ဆုံတွေ့မှုမှာ ဗလန်စီယာဟာ ရလဒ်ကောင်းခဲ့ပေမယ့် အဘာမီယန်ရဲ့ တတိယဂိုးကြောင့် အဝေးကွင်းမှာ အာဆင်နယ် ဖိအားနည်းသွား နိုင်ပါတယ်။ လက်ရှိ အာဆင်နယ်ရဲ့ အဝေးကွင်း ပုံစံက အားရမှု မရှိသလို အိမ်ကွင်း ကောင်းတဲ့ ဗလန်စီယာရဲ့ ကစားအားကို လျော့တွက်လို့မရပါဘူး။ လာလီဂါ ချန်ပီယံ ဘာစီလိုနာကို ၂ကျော့စလုံး မရှုံးသလို ရီးယဲယ်၊ အက်သလက်တီကိုတို့နဲ့လည်း ရလဒ်ကောင်းထားတဲ့ ခြေစွမ်းအရ ဗလန်စီယာဟာ အာဆင်နယ်ကို အခက်တွေ့အောင် ကစားနိုင်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ယူရိုပါလိဂ်မှာ အားစိုက်နေတဲ့ အာဆင်နယ် တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းနိုင်တဲ့ အခြေအနေကြောင့် အူနိုင်း အမ်မရီအသင်း အခြေအနေကောင်းနိုင်ပါတယ်။

UEFA Cup နဲ့ ယူရိုပါလိဂ်မှာ နိုင်ငံတူ ဖိုင်နယ်ပွဲများ

၁၉၇၁-၇၁ တော့တင်ဟမ်ဟော့စပါး - ဝုဖ်လ် ( အင်္ဂလန်)

၁၉၇၉-၈၀ ဖရန့်ဖတ် - မိုချန်ဂလာဘတ် ( ဂျာမနီ)

၁၉၈၉-၉၀ ဂျူဗင်တပ်စ် - ဖီအိုရင်တီးနား

၁၉၉၀-၉၁ အင်တာမီလန် - ရိုးမား

၁၉၉၄-၉၅ ပါးမား - ဂျူဗင်တပ်စ်

၁၉၉၇-၉၈ အင်တာမီလန် - လာဇီယို

၂၀ဝ၆-ဝ၇ ဆဗီယာ - အက်စ်ပန်ညို

၂၀၁၀-၁၁ ပေါ်တို - ဘဂါရာ

၂၀၁၁-၁၂ အက်သလက်တီကိုမက်ဒရစ် - ဘီလ်ဘာအို

ဆီမီးဖိုင်နယ် ၄သင်းရဲ့ အောင်မြင်မှု

ဖရန့်ဖတ် - ၁၉၈၀

ဗလန်စီယာ - ၂၀ဝ၄

ချယ်လ်ဆီး - ၂၀၁၃

အာဆင်နယ် - ၂၀ဝ၀ ( ဒုတိယ)

ဆက်စပ် အကြောင်းအရာများ