ဥရောပ လိဂ်တွေက ရှုံးထွက်ဖလား ချန်ပီယံများ

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၀၈ နောက်ပိုင်း စပိန်ဘုရင့်ဖလားမှာ ပထမဆုံး ချန်ပီယံ ဖြစ်တဲ့ ဗလန်စီယာ

မနေ့က ကစားခဲ့တဲ့ ဥရောပ ရှုံးထွက် ဖလားပွဲတွေအပြီးမှာ ချန်ပီယံ အသင်းတွေ များစွာ ထွက်ပေါ်လာခဲ့ပါတယ်။ စပိန်၊ ဂျာမနီ၊ စကော့တလန်၊ ပေါ်တူဂီတို့ရဲ့ ဖလားပွဲတွေမှာ မထင်မှတ်တဲ့ အသင်း အချို့ ချန်ပီယံ ဖြစ်ခဲ့ကြတာပါ။

စပိန် ဘုရင့်ဖလားပွဲကတော့ အားလုံး အံ့အားသင့်စရာဖြစ်ခဲ့ပြီး ၄နှစ်ဆက် ချန်ပီယံ ဘာစီလိုနာက ဗလန်စီယာကို ၂-၁ဂိုးနဲ့ ရှုံးခဲ့တာပါ။ မက်ဆီနဲ့ ဘာစီလိုနာအတွက် ဖလား ၃လုံးမှာ လိဂ်ဖလား တစ်လုံးတည်းနဲ့ ကျေနပ်ခဲ့ရတဲ့ ရာသီ ဖြစ်ခဲ့တာပါ။ ပွဲအတွင်း အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ ဗလန်စီယာအတွက် ထိုက်တန်တဲ့ ချန်ပီယံဆုဖြစ်ပြီး ၂၀၀၈နောက်ပိုင်း စပိန်ဘုရင့်ဖလားမှာ ပထမဆုံး ချန်ပီယံ ဖြစ်တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption စပို့တင်းလစ္စဘွန်းဟာ ပေါ်တူဂီ ဖလားကို ၁၇ကြိမ်ရခဲ့တာပါ

ပေါ်တူဂီ ဖလားပွဲမှာတော့ စပို့တင်းလစ္စဘွန်းနဲ့ ပေါ်တိုတို့ အကြိတ်အနယ် ကစားခဲ့ပြီး စပို့တင်း နိုင်ခဲ့ပါတယ်။ အချိန်ပိုအထိ ၂ဂိုးစီ သရေဖြစ်ပြီးမှ ပင်နယ်တီမှာ စပို့တင်း နိုင်ခဲ့တာ ဖြစ်ပါတယ်။ စကော့တလန်မှာတော့ ဆဲလ်တစ်က တစ်ရာသီးတွင်း ဖလား ၃လုံးနဲ့ ရာသီသိမ်းခဲ့ပြန်ပါတယ်။ ဒါဟာ ဆဲလ်တစ်အတွက် ဖလား ၃လုံးကို ၃နှစ်ဆက်တိုက် ရယူခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption လိဂ်နဲ့ ဂျာမန် ဖလား ၂လုံးစလုံး ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဖရန့်ဖတ်နဲ့ ဂျာမန်ဖလားရထားတဲ့ ကိုဗတ်ကလည်း ဘိုင်ယန်မြူးနစ်နဲ့အတူ ထပ်ရခဲ့ပြန်ပါတယ်။ ဘိုင်ယန်ဟာ ဖိုင်နယ်မှာ ခြေစွမ်းကောင်းတဲ့ လိုက်ပ်ဇက်ကို ၃ဂိုးပြတ်နဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်အတွက် ဂျာမန် ဖလားကို ၁၉ကြိမ်ရခဲ့တာဖြစ်ပြီး အသင်းကထွက်တော့မယ့် ရီဘာရီ၊ ရော်ဘင်တို့အတွက် ဖလား ၂လုံးနဲ့ အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်တွင်း ဖလား ၂လုံး ရခဲ့တဲ့ အားယက်စ်

ဥရောပ လိဂ်တွေမှာ ဖလား ချန်ပီယံများ

အက်ဖ်အေကပ် - မန်စီးတီး

ကိုပါအီတာလီယာ - လာဇီယို

စပိန်ဘုရင့်ဖလား - ဗလန်စီယာ

ပြင်သစ်ဖလား - ရန်းစ်

ပေါ်တူဂီဖလား - စပို့တင်းလစ္စဘွန်း

စကော့တလန် - ဆဲလ်တစ်

ဂရိ - PAOK

ယူကရိန်း - ရှက်တာဒိုးနက်စ်

ရုရှား - လိုကိုမိုးတစ် မော်စကို

နယ်သာလန် - အားယက်စ်

ဆက်စပ် အကြောင်းအရာများ