ကစားသမားသစ်တွေနဲ့ စိတ်ဝင်စားစရာ နွေရာသီ အပြောင်းအရွှေ့များ

ဓာတ်ပုံ မူပိုင် AFP
Image caption ယူရို ၁၂၀သန်းနဲ့ ဘာစီလိုနာကို ရောက်လာတဲ့ ဂရီးဇ်မန်း

ဒီနှစ် နွေရာသီ ကတော့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့တွေနဲ့ ဈေးကွက် အတွင်းမှာ ကလပ်အသင်းတွေ အလုပ်ရှုပ်နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘာစီလိုနာက အက်သလက်တီကိုမက်ဒရစ်ရဲ့ တိုက်စစ်မှူး ဂရီးဇ်မန်း စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၂၀နဲ့ ခေါ်ယူခဲ့သလို ရီးယဲယ်မက်ဒရစ်ကလည်း အစောပိုင်းမှာ ယူရို သန်း ၃၀ဝကျော်သုံးပြီး ဟာဇက် အပါအဝင် ထိပ်တန်း ကစားသမားတွေကို အားဖြည့်ထားပါတယ်။ ဒီနှစ်ရာသီမှာ အထူးသဖြင့် စပိန်ကလပ်တွေ ပြင်ဆင်မှု ပိုများနေတာကို တွေ့ရသလို ပရီးမီးယားလိဂ်မှာလည်း ထိပ်တန်း အပြောင်းအရွှေ့အချို့ ဖြစ်နေပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ အီတလီတို့မှာလည်း ကစားသမား အဝင်အထွက်တွေများနေပြီး စိတ်ဝင်စားစရာ ထိပ်တန်း အပြောင်းအရွှေ့တွေကို ဖော်ပြပေးလိုက်ပါတယ်။

စပိန်လာလီဂါ

ချန်ပီယံလိဂ်ပြိုင်ပွဲကို နောက်ပိုင်းနှစ်တွေမှာ ကြီးစိုးလာခဲ့တဲ့ စပိန်လာလီဂါကတော့ မနှစ်က ကျရှုံးမှုအတွက် ပြင်ဆင်မှုတွေ ကြီးကြီးမားမားလုပ်နေတာ တွေ့ရပါတယ်။ ထိပ်တန်းကလပ် ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့က ထိပ်တန်းအပြောင်းအရွှေ့တွေမှာ အဓိက ပါဝင် ပတ်သက်နေတဲ့ အသင်းတွေ ဖြစ်သလို အက်သလက်တီကိုမက်ဒရစ်ရဲ့ မထင်မှတ်တဲ့ အပြောင်းအရွှေ့တွေကလည်း လာလီဂါကို ပိုပြီး စိတ်ဝင်စားနေတာပါ။

နွေရာသီ အစာပိုင်းမှာ ရီးယဲယ်က ငွေတွေ များကြီး သုံးထားပြီး ကစားသမား ၅ဦးကို ယူရိုသန်း ၃၀၃သန်း အထိ အသုံးပြုထားပါတယ်။ ချယ်လ်ဆီးရဲ့ ဟာဇက်ကို ယူရိုသန်း ၁၀ဝ ပေးပြီး ခေါ်ယူခဲ့သလို တိုက်စစ်နဲ့ ခံစစ်ပိုင်းကို အဓိက အားဖြည့်ခဲ့တာပါ။ ဇီဒန်းနဲ့ ရီးယဲယ်အတွက် လာမယ့်နှစ် ချန်ပီယံလိဂ်ကို အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး မန်ယူက ပေါ့ပ်ဘာကိုလည်း ကြိုးစားနေဆဲပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ဟာဇက် အပါအ၀င် ကစားသမား ၅ဉီးကို ယူရို ၃၀၃သန်း အထိ သုံးထားတဲ့ ရီးယဲယ်

ရီးယဲယ် ခေါ်ထားတဲ့ ကစားသမားများ

၁) ဟာဇက် ( ချယ်လ်ဆီးမှ) - ယူရို ၁၀ဝသန်း

၂) ယိုဗစ် ( ဖရန့်ဖတ်မှ ) - ယူရို ၆၀သန်း

၃) မီလီတိုင် ( ပေါ်တိုမှ) - ယူရို ၅၀သန်း

၄) မန်ဒီ ( လီယွန်မှ ) - ယူရို ၄၈သန်း

၅) ရိုဒရီဂို ( ဆန်းတို့စ်) - ယူရို ၄၅သန်း

ဘာစီလိုနာကတော့ ထိပ်တန်း ကစားသမား ၂ဦးအပါအဝင် ကစားသမား ၄ဦးကို ယူရို ၂၃၅သန်းပေးပြီး ခေါ်ထားပါတယ်။ အက်သလက်တီကိုရဲ့ ဂရီးဇ်မန်းကို ယူရို ၁၂၀သန်း၊ အားယက်စ်ရဲ့ ဒီယောင်ကို ယူရို ၇၅သန်း အပါအဝင် ဗလန်စီယာ ဂိုးသမား နက်တိုနဲ့ အက်သလက်တီကိုမင်နဲရိုးက အီမာဆင်တို့ကို ခေါ်ထားပါတယ်။ ပီအက်စ်ဂျီက နေမာကတော့ ဘာစီလိုနာကို ပြန်ဖို့ နီးစပ်နေသလို သူ့ရဲ့ အပြောင်းအရွှေ့အတွက် ကွင်းလယ်လူ ဖိလစ် ကော်တင်ညိုကို အသုံးချဖွယ် ရှိနေပါတယ်။

ဘာစီလိုနာ ခေါ်ထားတဲ့ ကစားသမားများ

၁) ဂရီးဇ်မန်း ( အက်သလက်တီကိုမှ ) - ယူရို ၁၂၀သန်း

၂) ဒီယောင် ( အားယက်စ်မှ ) - ယူရို ၇၅သန်း

၃) နက်တို ( ဗလန်စီယာမှ ) - ယူရို ၂၆သန်း

၄) အီမာဆင် ( အသလက်တီကို မင်နဲရိုးမှ ) - ယူရို ၁၂.၁သန်း

ဓာတ်ပုံ မူပိုင် AFP
Image caption ယူရို ၁၂၆သန်းနဲ့ ကလပ်စံချိန်တင် ခေါ်ထားတဲ့ ဖိလစ်

အက်သလက်တီကိုမက်ဒရစ်ကတော့ ထိပ်သီး နှစ်သင်းနဲ့အပြိုင် ကစားသမားတွေကို အားဖြည့်နေပါတယ်။ အဓိက တိုက်စစ်မှူး ဂရီးဇ်မန်းအပါအဝင် ကစားသမား ၈ ယောက်ကို ဆုံးရှုံးခဲ့ပေမယ့် ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ် ကစားသမား ဖိလစ်က ယူရို ၁၂၆သန်း အထိပေးပြီး ခေါ်ယူနိုင်ခဲ့ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ လူးကပ်စ် ဖာနန်ဒတ်စ်၊ ရိုဒရီ၊ ဟွမ်ဖရန်၊ ဖိလစ်ပီ လူးဝစ်၊ ဒီယေဂို ဂိုဒင်တို့လို ကစားသမားတွေ ဆုံးရှုံးခဲ့တာက အက်သလက်တီကိုအတွက် အားနည်းသွားပေမယ့် ဘင်ဖီကာက ဖိလစ် အပါအဝင် ပေါ်တူဂီလိဂ်က ကစားသမား ၄ယောက်ကို ပြန်ခေါ်နိုင်ခဲ့ပြီး အသင်းကို ပြင်ဆင် ထားပါတယ်။

အက်သလက်တီကို ခေါ်ယူထားတဲ့ ကစားသမားများ

၁) ဖိလစ် ( ဘင်ဖီကာမှ ) - ယူရို ၁၂၆သန်း

၂) လော်ရန်တေး ( ရီးယဲယ်မှ ) - ယူရို ၄၀သန်း

၃) ဖိလစ်ပီ ( ပေါ်တိုမှ) - ယူရို ၂၀သန်း

၄) လိုဒီ ( ပါရာနက်စီမှ ) - မဖော်ပြ

၅) ဟာရဲရား ( ပေါ်တိုမှ ) - အလွတ်

၆) အီဗန် ဆာပွန်ဂျီ ( ဘင်ဖီကာမှ) - မဖော်ပြ

ဆဗီယာကလည်း လာလီဂါထိပ်သီး ၃သင်းပြီးရင် ယူရိုသန်း ၁၁၅သန်းကျော်သုံးထားပြီး အောင်မြင်မှုရဖို့ ပြင်ဆင်နေ ဘက်တစ်၊ ဆယ်လာဗီဂို၊ ဆိုစီဒတ်၊ ဗလန်စီယာတို့ကလည်း ကစားသမားတွေကို အားဖြည့်ထားကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဘွန်ဒက်စ်လီဂါကို ယူရို ၈၀သန်းနဲ့ ရောက်လာတဲ့ ဟာနန်ဒတ်စ်

ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါမှာတော့ ထိပ်သီး အသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်နဲ့ ဒေါ့မန်က ကစားသမား အသစ်တွေကို အားဖြည့်နေပါတယ်။ ချန်ပီယံ ဘိုင်ယန်ဟာ အဓိက တောင်ပံ ကစာသမား ရော်ဘင်နဲ့ ရီဘာရီကို ဆုံးရှုံးခဲ့ပြီးနောက် သူတို့နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေသလို ပြင်သစ် နောက်ခံလူတွေဖြစ်တဲ့ လူးကပ်စ် ဟာနန်ဒတ်စ်နဲ့ ပါဗတ်တို့က ခေါ်ယူထားပါတယ်။ လူးကပ်စ် ဟာနန်ဒတ်စ်ကို ဒီနှစ် ဘွန်ဒက်စ်လီဂါရဲ့ အမြင့်ဆုံး ဈေးဖြစ်တဲ့ ယူရိုသန်း ၈၀နဲ့ ခေါ်ယူခဲ့သလို စတုဂတ် နောက်ခံလူ ပါဗတ်ကိုလည်း ယူရို ၃၅သန်းသုံးထားတာပါ။

ဒေါ့မန်ကတော့ ဘိုင်ယန်က နောက်ခံလူဟောင်း ဟမ်းမဲလ် အပါအဝင် ကစားသမား ၅ဦးကို ခေါ်ယူထားပါတယ်။ ဒေါ့မန်ဟာ မနှစ်က မရလိုက်တဲ့ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုအတွက် အထူးပြင်ဆင်နေတာဖြစ်ပြီး ဟမ်းမဲလ်ကို ယူရို ၃၅သန်း၊ ဟာဇက်ရဲ့ ညီဖြစ်သူ သော်ဂန် ဟားဇက်ကို ယူရို ၂၅သန်း အပါအဝင် ကစားသမား ၅ဦးအတွက် ယူရို ၁၂၇သန်း ကျော်သုံးထားတာပါ။

ဘွန်ဒက်စ်လီဂါ ထိပ်တန်း အပြောင်းအရွှေ့များ

၁) လူးကပ်စ် ဟာနန်ဒတ်စ် ( အက်သလက်တီကိုမှ ) - ယူရို ၈၀သန်း

၂) ပါဗတ် ( စတုဂတ်မှ ) - ယူရို ၃၅သန်း

၃) ဟမ်းမဲလ် ( ဘိုင်ယန်မှ ) - ယူရို ၃၅သန်း

၄) ရီကန် ( ဟော့ဖန်ဟိမ်းမှ ) - ယူရို ၃၂သန်း

၅) ဟားဇက် ( မိုချန်ဂလာဘတ်မှ) - ယူရို ၂၅သန်း

၆) နီကို ရှလ် ( ဟော့ဖန်ဟိမ်းမှ ) - ယူရို ၂၅သန်း

၇) ဂျူလီယန် ဘရန့် ( လေဗာကူဆင်) - ယူရို ၂၄သန်း

ဓာတ်ပုံ မူပိုင် AFP
Image caption မန်စီးတီး ကလပ် စံချိန် ပေါင် ၆၃သန်း ကျော်နဲ့ ရောက်လာတဲ့ ရိုဒရီ

ပရီးမီးယားလိဂ်

နှစ်စဉ် ငွေတွေ အများကြီး သုံးနေတဲ့ ပရီးမီးယားလိဂ်က ခါတိုင်းနှစ်တွေလောက် ထိပ်တန်း ကစားသမား အပြောင်းအရွှေ့တွေ မဖြစ်တာကို တွေ့ရပါတယ်။ အင်္ဂလန် အပြောင်းရွှေ့ရာသီဟာ လာမယ့် သြဂုတ် ပထမအပတ်မှာ ပိတ်မှာဖြစ်လို့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကစားသမား အဝင်အထွက်တွေကိုတော့ တွေ့ရဦးမှာပါ။

မန်စီးတီးက ကလပ်စံချိန်တင်အဖြစ် အက်သလက်တီကိုက ရိုဒရီကို လျော်ကြေးစာချုပ် ယူရိုသန်း ၇၀ ( ပေါင် ၆၃သန်း) နဲ့ ခေါ်ယူထားပါတယ်။ မန်စီးတီးဟာ သူတို့ရဲ့ လူငယ်ကစားသမား အန်ဂျယ်လီနိုကို ပီအက်စ်ဗီကနေ ပေါင် ၈သန်းနဲ့ ပြန်ခေါ်ထားပါတယ်။ နောက်ထပ် ကစားသမားတွေဖြစ်တဲ့ အဲဗတ်စ်၊ ကန်ဆယ်လိုတို့ကို လိုက်နေတဲ့ မန်စီးတီးက မနှစ်က ချန်ပီယံဆုကို ကာကွယ်ဖို့ အကောင်းဆုံး ပြင်ဆင်နေတာပါ။

မန်စီးတီး ခေါ်ယူထားတဲ့ ကစားသမားများ

၁) ရိုဒရီ ( အက်သလက်တီကိုမှ ) - ပေါင် ၆၃.၅သန်း

၂) အန်ဂျယ်လီနို ( ပီအက်စ်ဗီမှ) - ပေါင် ၈ သန်း

ဓာတ်ပုံ မူပိုင် AFP
Image caption ညာနောက်ခံလူ ဘစ်ဆာကာအတွက် ပေါင် သန်း ၅၀ သုံးထားတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်ကတော့ အဓိက ကစားသမားတွေ အသင်းက မထွက်အောင် ကြိုးစားနေချိန် တစ်ဖက်မှာလည်း ကစားသမား အသစ်တွေကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ပဲလေ့စ်ရဲ့ အင်္ဂလန် ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကို ပေါင်သန်း ၅၀အထိ ပေးပြီး ခေါ်ခဲ့သလို ဆွမ်ဆီးရဲ့ တောင်ပံလူ ဒန်နီ ဂျိမ်းစ်ကိုလည်း ပေါင် ၁၈သန်း သုံးထားပါတယ်။ ကွင်းလယ်နဲ့ နောက်ခံလူတွေကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်မှာ နောက်ထပ် ကစားသမား သစ်တွေ တွေ့မြင်ရဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် ခေါ်ယူထားတဲ့ ကစားသမားများ

၁) ဝမ်ဘစ်ဆာကာ ( ပဲလေ့စ်မှ) - ပေါင် ၅၀သန်း

၂) ဒန်နီ ဂျိမ်းစ် ( ဆွမ်ဆီး) - ပေါင် ၁၈သန်း

မနှစ် ကစားသမား လုံးဝမခေါ်တဲ့ စပါးကတော့ သူတို့ရဲ့ ကလပ် စံချိန်တင်ကြေးနဲ့ လီယွန်ရဲ့ ကွင်းလယ်လူကို ခေါ်ထားပါတယ်။ အန်ဒွန်ဘီလီကို ပေါင်သန်း ၆၀အထိ ပေးပြီး အားဖြည့်ထားသလို ဘက်တစ်ရဲ့ ကွင်းလယ်လူ လိုဆယ်ဆိုကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲပါ။

စပါး ခေါ်ယူထားတဲ့ ကစားသမားများ

၁) အန်ဒွန်ဘီလီ ( လီယွန်မှ) - ပေါင် ၆၀သန်း

၂) ဂျတ် ကလပ်ခ် ( လိဒ်စ်မှ ) - ပေါင် ၆သန်း

အပြောင်းအရွှေ့ပိတ်ထားခံရတဲ့ လမ်းပတ်ရဲ့ ချယ်လ်ဆီးကတော့ မနှစ်က အငှားနဲ့ ခေါ်ခဲ့တဲ့ မတ်တီယို ကိုဗာဆစ်ကို ပေါင်သန်း ၄၀နဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ဟီဂွယ်ရင်ကိုတော့ အမြဲတမ်း စာချုပ်ဖို့ ငြင်းဆန်ခဲ့သလို အငှားချထားတဲ့ မိုရော့တာကိုလည်း အက်သလက်တီကို ကို ပေါင်သန်း ၅၀နဲ့ ရောင်းခဲ့ပါတယ်။ လမ်းပတ်ဟာ ဒီနှစ်မှာ အငှားချထားတဲ့ လူငယ်ကစားသမားတွေနဲ့ အသစ်ခေါ်ထားတဲ့ ပူလစ်ဆစ်တို့နဲ့ ရာသီသစ်ကို ပြင်ဆင်နေပါတယ်။

ချယ်လ်ဆီး ခေါ်ယူထားတဲ့ ကစားသမားများ

၁) ကိုဗာဆစ် ( ရီးယဲယ်မှ) - ပေါင် ၄၀သန်း

ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်းသာ ရထားတဲ့ အာဆင်နယ်ကတော့ ဘရာဇီး လူငယ် တိုက်စစ်မှူး ဂါဘရီရယ် မာတင်နယ်လီကို ပေါင် ၈သန်းနဲ့ ခေါ်ထားပါတယ်။ အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ ဖြစ်တာတဲ့ ဒီဒူးရဲ့ တိုက်တွန်းမှုနဲ့ ခေါ်ခဲ့သလို ဆဲလ်တစ်ရဲ့ ဘယ်နောက်ခံလူ ကီရန် တယ်နီကိုလည်း ရဖို့ နီးစပ်နေပါတယ်။

အာဆင်နယ် ခေါ်ယူထားတဲ့ ကစားသမားများ

၁) မာတင်နယ်လီ ( အီတွာနိုမှ) - ပေါင် ၈သန်း

အခြားပရီးမီးယားလိဂ် ကလပ်များ

ချန်ပီယံဟောင်း လက်စတာကတော့ မိုနာကိုအငှားနဲ့ ခေါ်ထားတဲ့ တီလီမန်စ်ကို ပေါင်သန်း ၄၀နဲ့ အပြီးသတ် ခေါ်ခဲ့သလို နယူးကာဆယ်က ပီရက်ဇ်ကိုလည်း ပေါင်သန်း ၃၀ သုံးထားပါတယ်။ ဝက်စ်ဟမ်းကလည်း ဗီလာရီးယဲယ်က ပါဘလို ဖော်နယ်လ်စ်ကို ပေါင် ၂၅သန်းနဲ့ ရထားသလို နောက်ထပ် ကစားသမားတွေကို ပစ်မှတ်ထားနေဆဲပါ။

အဲဗာတန်ကလည်း အပြောင်းအရွှေ့မှာ ခြေရှုပ်နေပြီး အန်ဒရေ ဂိုးမက်ဇ်ကို ဘာစီလိုနာကနေ အပြီးသတ် ခေါ်ထားပါတယ်။ ဘာစီလိုနာကပဲ မယ်လ်ကွန်၊ အက်သလက်တီကိုရဲ့ ဒီယေဂို ကော်စတာတို့ကိုလည်း ချိတ်ဆက်နေပါတယ်။

အခြား ကလပ်တွေ ခေါ်ယူထားတဲ့ ကစားသမားများ

လက်စတာ

၁) တီလီမန်စ် ( မိုနာကိုမှ) - ပေါင် ၄၀သန်း

၂) ပီရက်ဇ် ( နယူးကာဆယ်မှ) - ပေါင် ၃၀သန်း

ဝက်စ်ဟမ်း

၁) ပါဘလိုဖော်နယ်လ်စ် ( ဗီလာရီးယဲယ်မှ) - ပေါင် ၂၅သန်း

အဲဗာတန်

၁) အန်ဒရေ ဂိုးမက်ဇ် ( ဘာစီလိုနာမှ) - ပေါင် ၂၂သန်း

၂) ဟိုးနက်စ် ( ဟတ်ဒါဖီးလ်မှ) - အလွတ်

စီးရီးအေ

စီးရီးအေမှာတော့ ထိပ်တန်း အသင်းကြီးတွေ နည်းပြအပြောင်းလဲတွေနဲ့အတူ ကစားသမား ခေါ်ယူမှုတွေလည်း တွေ့နေရပါတယ်။ ချန်ပီယံ ဂျူဗင်တပ်စ်က အာဆင်နယ်က အာရွန် ရမ်ဆေးလ်၊ ပီအက်စ်ဂျီက ရာဘီယို့စ်တို့က အလွတ်နဲ့ ခေါ်ထားသလို ဂျီနိုအာက နောက်ခံလူ ရိုမယ်ရို၊ ရိုမား နောက်ခံလူ ပယ်လီဂရီနီတို့ကို ယူရို သန်း ၄၀ကျော် သုံးထားပါတယ်။ ဝါရင့် ဂိုးသမား ကြီး ဘူဖွန်ကို ပြန်ခေါ်ထားသလို အားယက်စ် နောက်ခံလူ ဒီလစ်ကိုလည်း ယူရို ၇၅သန်းနဲ့ ရလုနီးပါ ဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အလွတ်နဲ့ ဂျူဗင်တပ်စ်ကို ရောက်လာတဲ့ ရမ်ဆေးလ်ဟာ တစ်ပတ် ပေါင် ၃သိန်းခွဲ ရရှိမှာဖြစ်

ဂျူဗင်တပ်စ် ခေါ်ထားတဲ့ ကစားသမားများ

၁) ရိုမယ်ရို ( ဂျီနိုအာမှ) - ယူရို ၂၆သန်း

၂) ပယ်လီဂရီနီ ( ရိုးမားမှ) - ယူရို ၂၂သန်း

၃) ရမ်ဆေးလ် ( အာဆင်နယ်မှ) - အလွတ်

၄) ရာဘီယို့စ် ( ပီအက်စ်ဂျီမှ) - အလွတ်

၅) ဘူဖွန် ( ပီအက်စ်ဂျီမှ ) - အလွတ်

ကွန်တေရဲ့ အင်တာမီလန်ကတော့ ဟာသာဘာလင်က လာရာဇို အပြင် ကစားသမား ၇ဦးကို အားဖြည့်ထားပြီး ဖြစ်ပါတယ်။ အက်သလက်တီကိုရဲ့ အသင်းခေါင်းဆောင် ဒီယေဂို ဂိုဒင်ကို အလွတ်နဲ့ ခေါ်ထားသလို မန်ယူတိုက်စစ်မှူး လူကာကူကိုလည်း ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဥရောပ ပြိုင်ပွဲ ပိတ်ပင်ခံထားရတဲ့ အေစီမီလန်ကတော့ ရီးယဲယ်ရဲ့ တယ်ယို ဟာနန်ဒတ်စ်ကို ယူရို သန်း ၂၀နဲ့ ခေါ်ယူထားသလို အခြား ထိပ်တန်း ကစားသမားတွေကိုလည်း အားဖြည့်ထားပါတယ်။

နာပိုလီကလည်း ရိုမားရဲ့ ဂရိနောက်ခံလူ မာနိုလက်စ်ကို ယူရို ၃၆သန်းနဲ့ ခေါ်ယူထားသလို အူဒီးနီစ်နဲ့ အာဆင်နယ် ဂိုးသမား မာရက်နဲ့ အော့စပီနာတို့လည်း အမြဲတမ်း စာချုပ်နဲ့ အားဖြည့်ထားပါတယ်။

ရိုးမားကတော့ ကစားသမား ၇ယောက်ကို ရောင်းချပြီးနောက် ရာသီသစ်အတွက် ထိပ်တန်း ကစားသမား ၄ဦးနဲ့ ပြန်လည် အားဖြည့်ထားပါတယ်။ ရိုးမားဟာ ကစားသမား ၄ဦး အတွက် ယူရို ၉၅သန်းအထိ သုံးထားပြီး လာမယ့် စီးရီးအေ ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်ဖို့ ကြိုးစားနေတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ပီအက်စ်ဂျီကို အလွတ်နဲ့ ရောက်လာတဲ့ ဟာရဲရား

ပြင်သစ်လိဂ်

ပြင်သစ် ချန်ပီယံ ပီအက်စ်ဂျီကတော့ နေမာကို ရောင်းချဖို့ ပြင်ဆင်နေသလို တစ်ချိန်နည်းမှာ အခြား ကစားသမားတွေကို ခေါ်ယူထားပါတယ်။ ပီအက်စ်ဂျီဟာ ဆဗီယာရဲ့ ကွင်းလယ် ဖန်တီးရှင် ပါဘလို ဆရာဘီယာကို ယူရို သန်း ၂၀ ပေးထားသလို မန်ယူက ဟာရဲရား အပါအဝင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကစားသမား ၃ဦး အားဖြည့်ထားပါတယ်။

ကွင်းလယ်လူ အန်ဒွန်ဘီလီကို စံချိန်တင်ကြေးနဲ့ ရောင်းလိုက်တဲ့ လီယွန်က ဆမ်ဒိုးရီးယား နောက်ခံလူ အန်ဒါဆင်ကို ယူရို ၂၁သန်း၊ လိုင်လီ ကစားသမား နှစ်ဦးကို ၂၇သန်းနဲ့ ဘရာဇီး ကွင်းလယ်လူ တစ်ဦးကို ယူရို ၇သန်းကျော် သုံးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ