အိမ်ကွင်းမှာ ဂျပန်ကို ဘယ်လိုရင်ဆိုင်မလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ကြိမ်ဆက်တိုက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဂျပန်အသင်း

အာရှမှာ တစ်ခတ်တုန်းက အောင်မြင်မှုတွေ ရှိခဲ့တဲ့ မြန်မာ ဘောလုံး အသင်းဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲ ဝင်ရောက်ခဲ့ပြီး အုပ်စု F မှာ ဂျပန်၊ ကာဂျီစတန်၊ တာဂျီကစ္စတန်၊ မွန်ဂိုလီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။

မြန်မာအသင်းဟာ အုပ်စု အဖွင့်ပွဲမှာ ကမ္ဘာ့အဆင့် ၁၈၇ ရှိတဲ့ မွန်ဂိုလီးယားကို ၁ဂိုး-ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ အိမ်ရှင်အသင်းက ပထမပိုင်းကတည်းက သွင်းထားတဲ့ ဦးဆောင်ဂိုးကို ပြန်မချေနိုင်ဘဲ ရှုံးခဲ့တာပါ။ မြန်မာဟာ လာမယ့် စက်တင်ဘာ ၁ဝရက်နေ့မှာတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၆ကြိမ်ဆက်တိုက် ယှဉ်ပြိုင်နေတဲ့ နာမည်ကြီး ဂျပန်အသင်းနဲ့ ကစားရမှာပါ။ ဂျပန်အတွက်တော့ ပထမဆုံးပွဲဖြစ်သလို ဥရောပရောက် ကစားသမားတွေ အားလုံးကို ပြန်ခေါ်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption သုဝဏ္ဏ လေ့ကျင့်ရေး ကွင်း-၁မှာ လေ့ကျင့်ခန်း ပြုလုပ်ခဲ့တဲ့ ဂျပန်အသင်း

မြန်မာနဲ့ ဂျပန်တို့ဟာ လက်ရွေးစင် အဆင့်မှာ ပထမဆုံးအကြိမ် ဆုံတွေ့မှာဖြစ်ပြီး ဂျပန်အသင်းခေါင်းဆောင် ယိုရှီဒါကတော့ သူ့တို့အသင်းရဲ့ အဖွင့်ပွဲမှာ အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ယိုရှီဒါဟာ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန် အသင်းမှာ ကစားနေတဲ့ နောက်ခံလူ တစ်ဦးဖြစ်ပြီး သူ့အပြင် ဂျပန်အသင်းမှာ ဥရောပရောက် ကစားသမား ၁၉ယောက် အထိပါဝင်လာတာ ဖြစ်ပါတယ်။

ဂျပန်အသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ ပြီး စနေနေ့က လေ့ကျင့်ခန်း အစီစဉ်များကို သုဝဏ္ဏ လေ့ကျင့်ရေး ကွင်း-၁မှာ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာနဲ့ ဂျပန်တို့ဟာ လာမယ့် စက်တင်ဘာ ၁ဝရက်၊ အင်္ဂါနေ့၊ ညနေ ၆နာရီ ၅ဝမိနစ်မှာ ရန်ကုန်မြို့က သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

အုပ်စု F

ဂျပန် ( ကမ္ဘာ့အဆင့် ၃၃)

ကာဂျီစတန် ( ကမ္ဘာ့အဆင့် ၉၅)

တာဂျီကစ္စတန် ( ကမ္ဘာ့အဆင့် ၁၁၉)

မြန်မာ ( ကမ္ဘာ့အဆင့် ၁၃၅)

မွန်ဂိုးလီးယား ( ကမ္ဘာ့အဆင့် ၁၈၇)

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အဖွင့်ပွဲမှာ ၃မှတ်ရဖို့ သေချာပြင်ဆင်နေတဲ့ ဂျပန်အသင်း

အုပ်စု F ပွဲစဉ်များ

မွန်ဂိုလီးယား ၁-၀ မြန်မာ

တာဂျီကစ္စတန် ၁-၀ ကာဂျီစတန်

မွန်ဂိုလီးယား - တာဂျီကစ္စတန် ( စက်တင်ဘာ ၁ဝရက်)

မြန်မာ - ဂျပန် ( စက်တင်ဘာ ၁ဝရက်)

ဂျပန် - မွန်ဂိုလီးယား ( အောက်တိုဘာ ၁ဝရက်)

ကာဂျီစတန် - မြန်မာ ( အောက်တိုဘာ ၁ဝရက်)

တာဂျီကစ္စတန် - ဂျပန် (အောက်တိုဘာ ၁၅ရက်)

မွန်ဂိုလီးယား - ကာဂျီစတန် (အောက်တိုဘာ ၁၅ရက်)

ကာဂျီစ္စတန် - ဂျပန် ( နိုဝင်ဘာ ၁၄ရက်)

မြန်မာ - တာဂျီကစ္စတန် ( နိုဝင်ဘာ ၁၄ရက်)

ကာဂျီစတန် - တာဂျီကစ္စတန် ( နိုဝင်ဘာ ၁၉ရက်)

မြန်မာ - မွန်ဂိုလီးယား ( နိုဝင်ဘာ ၁၉ရက်)

ဂျပန် - မြန်မာ ( မတ်လ ၂၆ရက်၊ ၂၀၂၀)

တာဂျီကစ္စတန် - မွန်ဂိုလီးယား ( မတ်လ ၂၆ရက်၊ ၂၀၂၀)

မြန်မာ - ကာဂျီစတန် ( မတ်လ ၃၁ရက်၊ ၂၀၂၀)

မွန်ဂိုလီးယား - ဂျပန် ( မတ်လ ၃၁ရက်၊ ၂၀၂၀)

ဂျပန် - တာဂျီကစ္စတန် ( ဇွန် ၄ရက်၊ ၂၀၂၀)

ကာဂျီစတန် - မွန်ဂိုလီးယား ( ဇွန် ၄ရက်၊ ၂၀၂၀)

ဂျပန် - ကာဂျီစတန် ( ဇွန် ၉ရက်၊ ၂၀၂၀)

တာဂျီကစ္စတန် - မြန်မာ ( ဇွန် ၉ရက်၊ ၂၀၂၀)

ဆက်စပ် အကြောင်းအရာများ