လမ်းပတ် ဒဏ်ရာနဲ့ ယူရိုမှာ မကစားနိုင်

lampard

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ချယ်ဆီး တီရှပ်နဲ့လမ်းပတ်

အင်္ဂလန်အသင်းက အားထားရတဲ့ အလယ်တန်း ကစားသမား ဖရန့် လမ်းပတ် ဒဏ်ရာနဲ့ယူရို ၁၂ ပြိုင်ပွဲကို လိုက်နိုင်မှာ မဟုတ်ဘူးလို့ သူကစား နေတဲ့ ချဲလ်ဆီး အသင်းက အတည်ပြု ပြောကြားလိုက်ပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အတွေ့အကြုံများသူ လမ်းပတ်ရဲ့ နေရာမှာ လီဗာပူးက ဂျွန်ဟင်ဒါဆင်နဲ့ အားဖြည့်နိုင်စရာ ရှိပါတယ်။

ဒါဆိုရင် ခု ယူရို ၂၀၁၂ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်မှာ လီဗာပူး ကစားသမားတွေ အ များဆုံးပါဝင်မှာ ဖြစ်ပြီး ငါး ယောက်တောင် ပါမှာဖြစ်ပါတယ်။

အစောပိုင်းက လမ်းပတ်လိုပဲ အားထားရတဲ့ အလယ်တန်းလူ ဂဲရက်ဘယ်ရီ ဒဏ်ရာနဲ့ မလိုက်နိုင်ဘူးဆိုတဲ့ သတင်းထွက်ထားတာကြောင့် ခုလမ်းပတ် မပါနိုင်တာဟာ အင်္ဂလန် အတွက် ဆုံးရှုံးမှုကြီးလို့ ဘောလုံး အကဲခပ်တွေက မှတ်ချက်ပေးကြ ပါတယ်။