သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယူရို အကြို ခြေစမ်း ပွဲတွေနဲ့ ပြင်သစ် အိုးပင်း

ဓာတ်ပုံ မူပိုင် Getty
Image caption ယူရို ဘောလုံးပွဲတွေ စတော့မယ်

ဘလ်ဂျီယံကို အင်္ဂလန်က ဝင်ဘလေကွင်းမှာ လက်ခံ ခြေစမ်း ကစား ခဲ့ရာမှာ ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွား ခဲ့ပါတယ်။ ဒါပေမယ့် အားထားရတဲ့ နောက်ခံလူ ဂျွန်တယ်ရီ လဲ နာသွားသလို ဂယ်ရီ ကေဟေးလ်လဲ ဂိုးသမား ဟတ်နဲ့ ဝင်တိုက်မိလို့ နှစ်နေရာမှာ မေးရိုးကျိုးခဲ့လို့ လုံးဝ ယူရို မကန်နိုင်တော့တဲ့အထိ ဖြစ်သွား ခဲ့ပါတယ်။ နည်းပြ ရွိင်းဟော့ဂျ်ဆင် ကတော့ နှစ်ပွဲကစား နှစ်ပွဲလုံး နိုင်ပြီး ရာနှုန်းပြည့် စံချိန်ကို ထိန်းထား နိုင်ပါတယ်။

တခြား ခြေစမ်းပွဲတွေမှာတော့ နယ်သာလန်က မြောက်အိုင်ယာလန်ကို အမ်စတာဒမ်မှာ ၆ ဂိုး ပြတ်နဲ့ အနိုင်ယူပြ လိုက်ပါတယ်။ တခါ အိမ်ရှင် ပိုလန်က အင်ဒိုရာကို ၄ ဂိုးပြတ်နဲ့ နိုင်ပါတယ်။ ဒိန်းမတ်ကတော့ သြစတေးလျကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ပေါ်တူဂီ အသင်းကတော့ အိမ်ကွင်းမှာ တူရကီ ကို ၃ ဂိုး ၁ဂိုးနဲ့ ရှုံးသလို နာမည်ကြီး အီတလီက ရုရှားကို ၃ ဂိုးပြတ်ပြီး ရှုံးခဲ့ပါတယ်။

ပြင်သစ် အိုးပင်း တင်းနစ် ပြိုင်ပွဲတွေမှာတော့ အမျိုးသား ကမ္ဘာ့ အဆင့် ၁ က ၄ အထိ ကစား သမား တွေအကုန် အနိုင်ရခဲ့ ကြပေမယ့် အမျိုးသမီး ပြိုင်ပွဲတွေမှာတော့ ချန်ပီယံ ဟောင်းဆိုလို့ တရုတ်က လီနာပဲ ကျန်ပါတော့တယ်။ ကမ္ဘာ့ အဆင့် ၁ အမျိုးသမီး ကစားသမား ဗစ်တိုးရီးယား အာဇာရန်ကာ တယောက်လဲ မမျှော်လင့်ဘဲ ဆစ်ဘဲလ်ကိုဗာ ကို ၆-၂ ၊ ၇ - ၅ နဲ့ ရှုံးပြီး ထွက်သွား ခဲ့ရပါတယ်။

လာမယ့် ၈ ရက်မှာ စတော့မယ့် ယူရို ဘောလုံးပြိုင်ပွဲ ကပွဲစဉ် တချို့အတွက် ကြိုတင် ခန့်မှန်း သုံးသတ်ချက် တွေကိုလည်း တင်ဆက်ပေးထားပါတယ်။