ယူရို ၂၀၁၂ စပိန်အသင်း အကြိုဗိုလ်ပွဲ တက်

ဓာတ်ပုံ မူပိုင် Reuters
Image caption စပိန်အသင်းဟာ သေသပ်ပြီး တိကျတဲ့ အပေးအယူ တွေနဲ့ ပွဲကို အသာစီးက ကစား နိုင်ခဲ့ပါတယ်

ပိုလန်နဲ့ ယူကရိန်းမှာ ကျင်းပနေတဲ့ ယူရို ၂၀၁၂ ဘောလုံး ပြိုင်ပွဲကြီးရဲ့ စပိန်နဲ့ ပြင်သစ်တို့ရဲ့ ကွာတာဖိုင်နယ်ပွဲမှာ စပိန်က ၂ ဂိုး၊ ဂိုးမရှိနဲ့ နိုင်ပြီး ဆီးမီးဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။

အဲဒီ ပွဲမှာ လွန်ခဲ့တဲ့ ၄ နှစ်က ချန်ပီယံ ဖလားကို ကိုင်မြှောက် နိုင်ခဲ့တဲ့ စပိန် အသင်းက သူတို့ ရဲ့ အမှတ် လက္ခဏာလို ဖြစ်လာတဲ့ သေသပ်ပြီး တိကျတဲ့ အပေးအယူ တွေနဲ့ ပွဲကို အသာစီးက ကစား နိုင်ခဲ့ပါတယ်။

ပထမပိုင်း ၁၉ မိနစ် မှာ စပိန် အသင်းက ရှာဗီး အလောန်ဆိုက စပိန် အသင်းအတွက် ရာပြည့် ကစားတဲ့ ပွဲ အထိမ်းအမှတ် အဖြစ် ခေါင်းတိုက်ပြီး ဉီးဆောင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

ဒုတိယ ပိုင်းမှာလည်း စပိန်ကပဲ အသားစီး ကစား နိုင်ခဲ့ပါတယ်။ ပြင်သစ် အသင်းဟာ ဒီယူရို ပွဲတောက်လျှောက် တဂိုးမှ မသွင်းနိုင် သေးတဲ့ နာမည်ကြီး ရှေ့တန်း တိုက်စစ်မှုး ဖြစ်တဲ့ ဘဲန်ဇီမာက စလို့ ယုံကြည်မှုနဲ့ အရည်အသွေး ပိုင်းမှာ ခြေပဂိုး ရဖို့ အတွက်ကို စွမ်းဆောင် နိုင်လောက်တာကို မတွေ့ခဲ့ရပါဘူး။

ဒီလိုနဲ့ ဒုတိယပိုင်း ပြီးခါနီး နာကျင် အချိန်ပိုမှာ စပိန်က လူစား ဝင်လာတဲ့ ပက်ဒရိုကို ပြင်သစ်က ပင်နယ်တီထဲ လူချခဲ့တဲ့ အတွက် ပင်နယ်တီ ထပ်ပေးလိုက် ရပါတယ်။

ဒီပင်နယ်တီကို လည်း ရှာဗီး အလောန်ဆိုကပဲ ကန်သွင်းပြီး ပြင်သစ် အသင်းကို စပိန်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူလို့ ဆီးမီးဖိုင်နယ်ကို တက်သွား ခဲ့ပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညမှာတော့ အင်္ဂလန်နဲ့ အီတလီတို့ နောက်ဆုံး ကွာတား ဖိုင်နယ် ပွဲကို ယှဉ် ပြိုင် ကစား ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ