အိုလံပစ် ကြိုတင်ကာကွယ်ဖို့ ဝေဟင်ပစ် ဒုံးကျည်တပ်ဆင်

Rapier ဓာတ်ပုံ မူပိုင် AFP
Image caption ဝေဟင်ပစ် Rapier ဒုံးကျည်

နောက် ၃ ပတ် တွင်းမှာ စတော့မယ့် ၂ဝ၁၂ အိုလံပစ် ပြိုင်ပွဲတွေ အတွင်း လန်ဒန် တဝိုက်မှာ လေယာဉ်ပစ် ဒုံးကျည်စင်တွေ တပ်ဆင်ထားမယ်လို့ ဗြိတိသျှ အစိုးရက အတည်ပြုလိုက်ပါပြီ။

အိုလံပစ် ပြိုင်ပွဲကို ခြိမ်းခြောက်မှု မရှိပေမယ့် အားကောင်းတဲ့ အတားအဆီး တရပ် အနေနဲ့ Rapier နဲ့ Starstreak High Velocity ဒုံးကျည်စင်တွေကို ထားရှိမယ်လို့ ကာကွယ်ရေး ဝန်ကြီး ဖိလစ် ဟမ်မွန်က ပြောကြား ခဲ့ပါတယ်။

ဒီဒုံးကျည်စင်တွေ နေရာချထားမယ့် လန်ဒန်မြို့က လူနေတိုက်ခန်း အဆောက်အအုံတွေမှာ နေနေကြတဲ့ ဒေသခံတွေကတော့ လာပြီး နေရာမချ နိုင်အောင် ဥပဒေ ကြောင်း အရ ကန့်ကွက် အရေးဆိုမှုတွေ လုပ်မယ်လို့ ပြောနေကြပါတယ်။