အင်ဒီ မာရေး သမိုင်းဝင် ဖိုင်နယ်တက်

ဓာတ်ပုံ မူပိုင် AP
Image caption အောင်ပွဲခံနေတဲ့ မာရေး

သောကြာနေ့က ကစားခဲ့တဲ့ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသား တဦးချင်း ပြိုင်ပွဲမှာ ဗြိတိန်က အင်ဒီ မာရေးဟာ ပြင်သစ်က Jo-Wilfred Tsonga ကို အနိုင်ရပြီး ဖိုင်နယ်ကို တက်သွားပါပြီ။

အဲဒါကြောင့် အင်ဒီ မာရေးဟာ ဝင်ဘယ်တန် အမျိုးသား တဦးချင်း ပွဲတွေမှာ ၁၉၃၈ ခုနှစ်ကတည်းကဆိုရင် ၇၄ နှစ်ကြာမှ ပထမဆုံး ဖိုင်နယ်ရောက်တဲ့ ဗြိတိန်က တင်းနစ်ကစားသမား ဖြစ်လာပါတယ်။

အင်ဒီ မာရေးဟာ Tsonga ကို ၆-၃၊ ၆-၄၊ ၃-၆၊ ၇-၅ လေးဆက် တစ်ဆက်နဲ့ နိုင်ပြီး သမိုင်းဝင် ဖိုင်နယ်တက်သွားတာပါ။

တခြားဆီးမီးဖိုင်နယ် နောက်ပွဲစဉ်မှာတော့ ဆွစ်ဇာလန်က ရော်ဂျာ ဖက်ဒရာဟာ ဆားဘီးယားက လက်ရှိချန်ပီယံ နိုဗက် ဂျိုကိုဗစ်ကို အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဖိုင်နယ်ပွဲမှာ ရော်ဂျာ ဖက်ဒရာနဲ့ ပြိုင်ရမှာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံက ရော်ဂျာ ဖက်ဒရာကတော့ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ ၆ ကြိမ်တိုင် ဖလားရဖူးတဲ့ ကစားသမားဖြစ်ပြီး ၀င်ဘယ်လ်ဒန် ဖိုင်နယ်ကို ၈ ကြိမ်တိုင်တိုင် ရောက်အောင် ကစားနိုင်ခဲ့တဲ့ တဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။