အိုလံပစ် ပထမနေ့

lochte
Image caption မီတာ ၄၀၀ ချန်ပီယံ ရိုင်ယန် လော့ခ်တီ

လန်ဒန်မြို့မှာ ကျင်းပနေတဲ့ အိုလံပစ် ပြိုင်ပွဲကြီးရဲ့ အဓိက ပြိုင်ပွဲ တပွဲအဖြစ် အများက စောင့်မျှော် နေခဲ့ကြတာကတော့ မီတာ ၄၀၀ တဉီးချင်း ရေကူး ပြိုင်ပွဲ ပဲ ဖြစ်ပါတယ်။

အဲဒီ ပြိုင်ပွဲမှာ အိုလံပစ် သမိုင်းမှာ ရွှေတံဆိပ် ၁၄ ခုနဲ့ ရွှေအများဆုံး ရဖူးတဲ့ အမေရိကန် ရေကူး အသင်းက မိုက်ကယ်လ်ဖဲ့လ်ပ်စ် နဲ့ သူ့ရဲ့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ တသင်းထဲသား ရိုင်ယန် လော့ခ်တီ တို့ အားပြိုင်ကြမှာ ဖြစ်လို့ပါ။

ပြိုင်ပွဲ ရဲ့ ဗိုလ်လုပွဲကို ၂ ဉီးစလုံး တက်လာ ခဲ့ကြပြီး ဗိုလ်လုပွဲမှာတော့ လော့ခ်တီက ဗိုလ်စွဲပြီး အမေရိကန် အသင်းအတွက် ပထမဆုံး ရွှေဆုကို ရယူ ပေးနိုင်ခဲ့ပါတယ်။ မိုက်ကယ်လ်ဖဲ့လ်ပ်စ် ကတော့ စတုတ္ထ အဆင့်နဲ့ သာ ကျေနပ် ခဲ့ရပါတယ်။

အမျိုးသမီး မီတာ ၄၀၀ တဉီးချင်း မှာတော့ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ တရုတ် ရေကူးမယ် ယီ ရှီဝဲန်း က ရွှေတံဆိပ် ဆုကို ဆွတ်ခူး သွားခဲ့ပါတယ်။ သူဟာ ရွှေဆုကို ဆွတ်ခူး ရုံတင်မကဘဲ ကမ္ဘာ့ စံချိန်ကို ပါ ပြတ်ပြတ်သားသား ချိုးပြပြီး စံချိန်သစ်ပါ တင်သွားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား တာဝေး စက်ဘီး ပြိုင်ပွဲမှာတော့ ကာဇက်စတန်နိုင်ငံက အလက်ဇန္ဒြား ဗင်နိုကူရော့ဗ်က အနိုင်ရ ဗိုလ်စွဲ သွားခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ ကီလိုမီတာ ၂၅၀ ရှည်ပြီး ပြိုင်ပွဲ အဆုံးသတ်တဲ့ ဘတ်ခ့်ကင်ဟမ် နန်းတော် အနားရောက် တဲ့အခါမှာ အမြန်နင်းပြီး အဆုံးသတ်ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ