BBC navigation

ရန်ကုန်မှာ အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပ

နောက်ဆုံး ရေးသားချိန် 27 ဇန်နဝါရီလ 2013 - 15:49 GMT

ကင်ညာနိုင်ငံက Gitau Karuki က ပထမ နေရာ ကနေ ပန်းဝင်ခဲ့

မြန်မာ နိုင်ငံမှာ နှစ်ပေါင်း ၂၀ နီးပါး အတွင်း ပထမဆုံး အကြိမ်အဖြစ် တနင်္ဂနွေ နေ့က ပြန်လည် ကျင်းပ ခဲ့တဲ့ အပြည်ပြည် ဆိုင်ရာ မာရသွန် အပြေး ပြိုင်ပွဲ မှာ မြန်မာ အမျိုးသမီး၊ အမျိုးသား အပြေး သမား တွေဟာ ဆုတွေ အသီးသီး ဆွတ်ခူး သွားပါတယ်။

ရိုးမ ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန် ပြိုင်ပွဲ လို့ခေါ်တဲ့ ဒီပြိုင်ပွဲကို ၄၂ ကီလို မီတာ၊ ၁၀ ကီ လိုမီတာနဲ့ ၃ကီ လိုမီတာ ဆိုပြီး ၃ မျိုး ခွဲ ပြုလုပ် ခဲ့တာ ဖြစ်ပြီး မနက် ၅ နာရီ ခွဲ မှာ ရန်ကုန် ပြည်သူ့ ရင်ပြင် ရှေ့ကနေ အားလုံး တာထွက် ခဲ့ကြတာ ဖြစ်ပါတယ်။

၄၂ ကီလို မီတာ ပြိုင်ပွဲ နဲ့ ၁၀ ကီ လိုမီ တာ ပွဲတွေမှာ တော့ ကင်ညာ နိုင်ငံသား တွေက ပထမဆုတွေ ဆွတ်ခူး သွားပြီး၊ မြန်မာ အမျိုးသား ကိုသောင်းအေး ကတော့ ၄၂ ကီလို မီတာမှာ တတိယဆု ရရှိပါတယ်။

အမျိုး သမီး ၄၂ ကီလိုမီတာ ပွဲမှာတော့ မီမီအေးက စံချိန် ၂ နာရီ ၄၆ မိနစ် ဝ၇ စက္ကန့် နဲ့ ပထမ၊ ပပက ဒုတိယနဲ့ နီလာစန်းက တတိယ အသီးသီး ရရှိသွား ကြပါ တယ်။

ပြိုင်ပွဲ လမ်းတလျှောက်မှာ ရှိတဲ့ အိမ်တွေ ကလည်း အပြေး သမားတွေကို ရေနဲ့ အစား အသောက်တွေ ထွက်ပေး ကြပြီး အားပေးခဲ့ ကြပါတယ်။

နိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံ ခြား သား ၅၀ဝ ကျော်လည်း ပါဝင် ယှဉ် ပြိုင်ခဲ့ကြ တယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံမှာ အခုလို မာရသွန် ပြိုင် ပွဲ လုပ်နိုင် တာကြောင့် လာမယ့် ဒီဇင်ဘာလ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစားပွဲ အတွက် မြန်မာ အပြေး သမားတွေ အတွေ့ အကြုံတွေ ရခဲ့ သလို၊ မြန်မာ နိုင်ငံရဲ့ ခရီးသွား လုပ်ငန်း အတွက်လည်း အကျိုးအမြတ် တစ်ခုလို့ပြော ဆိုနိုင် ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။