BBC navigation

အာဖရိကဖလား ဘောလုံး ဗိုလ်လုပွဲ အခြေအနေ

နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2013 - 14:11 GMT

ဘာကီနာ ဖက်ဆို အသင်းဟာ အားကစား အကဲခတ်တွေ အံ့သြ သွားအောင်ကို ကောင်းနေ ပါတယ်

အာဖရိကတိုက် နိုင်ငံများ ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို တောင်အာဖရိက နိုင်ငံ ဂျိုဟန်နတ်စ်ဘာ့ခ် မြို့မှာ တနင်္ဂနွေ နှောင်းပိုင်း ကျင်းပ တော့မှာ ဖြစ်ပါတယ်။

အာဖရိက ဖလားကို နှစ်ကြိမ်တိုင် ဗိုလ်စွဲ ခဲ့ဖူးတဲ့ နိုင်ဂျီးရီးယား အသင်းနဲ့ အခုနှစ် အာဖရိက ဖလား ပြိုင်ပွဲတွေမှာ အံ့သြ လောက်အောင် အောင်ပွဲတွေ ခံခဲ့တဲ့ ဘာကီနာ ဖက်ဆို အသင်းတို့ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

အခုနှစ် ပွဲစဉ် အစပိုင်း တုန်းက နိုင်ဂျီးရီးယားဟာ အထနှေးခဲ့ ပေမယ့် နောက်ပိုင်း ပွဲတိုင်းမှာ တိုးတက်မှုတွေ ရှိခဲ့ပါတယ်။

အုပ်စု ပွဲစဉ်တွေ ကနေ တခါမှာ အပေါ်ကို မတက်ခဲ့ဖူးတဲ့ ဘာကီနာ ဖက်ဆို အသင်း ကတော့ အခု အချိန်မှာ အားကစား အကဲခတ်တွေ အံ့သြ လောက် ရအောင်ကို ကစားကွက်တွေ ကောင်းနေပါတယ်။

မနေ့က အစားခဲ့ကြတဲ့ တတိယ နေရာ လုပွဲ မှာတော့ မာလီ အသင်းက ဂါနာကို ၃ဂိုး ၁ ဂိုး နဲ့ အနိုင် ရရှိသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။