ဒေးဗစ်ဘက်ကမ်း ဘောလုံးက အနားယူမယ်

Image caption အခု ဘောလုံး ရာသီအတွက် PSG အသင်းကို ချန်ပီယံ အဖြစ် ဆွတ်ခူး ပေးခဲ့ပြီ ဖြစ်ပါတယ်

အင်္ဂလန် နဲ့ မန်ယူ ဘောလုံး ကစား သမား ဟောင်း ဒေးဗစ် ဘက်ခမ်းက အခု ဘောလုံး ရာသီ အကုန်မှာ အနားယူတော့ မယ်လို့ ကြေညာ လိုက်ပါတယ်။

သူဟာ အခု လက်ရှိ ပြင်သစ်က PSG အသင်းမှာ ကစား နေတာ ဖြစ်ပြီး၊ PSG ဟာ အခု ဘောလုံး ရာသီ အတွက် ချန်ပီယံ ဆွတ်ခူး ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၈ နှစ် ရှိပြီ ဖြစ်တဲ့ ဘက်ခမ်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကမှ PSG နဲ့ ၅ လ စာချုပ် ချုပ်ဆိုပြီး ကစား နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီက ရသမျှ ဘောလုံး ကစားကြေး အာလုံးကို လည်း ပရဟိတ အဖွဲ့ တခုမှာ အကုန်လုံး လှူလိုက်တာ ဖြစ်ပါတယ်။

ဒေးဗစ် ဘက်ခမ်းဟာ အင်္ဂလန် အတွက် ၁၁၅ ပွဲ၊ မန်ချက်စတာ ယူနိုက်တက် အတွက် ၃၉၄ ပွဲနဲ့ ပရီးမီယား လိဂ်နဲ့ ချန်ပီယံ လိဂ် တို့ အတွက် ဆုဖလား ၆ ခု ဆွတ်ခူး ပေးခဲ့သူ ဖြစ်ပါ တယ်။

အမြင့်ဆုံး အတန်းမှာ ဘောလုံး ကစားနေ ရာကနေ အနားယူဖို့ အချိန် ရောက်ပြီလို့ ခံစားခဲ့ရကြောင်း ဒေးဗစ် ဘက်ခမ်းက ပြောပါတယ်။ နောက်ပြီး PSG အနေနဲ့ သူ့ကို ကစားခွင့် ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ကြောင်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ