ဇွန် ၂၃ ရက် အုပ်စုပွဲစဉ်တွေ အနေအထား

ဓာတ်ပုံ မူပိုင် AFP
Image caption ဒီနေ့ပွဲဟာ အိမ်ရှင် ဘရာဇီးအတွက် ပွဲ ၁၀၀ ပြည့်မယ်

ဒီနေ့ ဇွန် ၂၃ ရက်မှာ အုပ်စု ပွဲစဉ် ၄ ပွဲ ကစားဖို့ ရှိရာမှာ နယ်သာလန်နဲ့ ချီလီတို့ရဲ့ ပွဲကတော့ အုပ်စု B ရဲ့ ပထမနေရာ လုရမယ့် ပွဲ ဖြစ်ပါတယ်။

နယ်သာလန်မှာ တိုက်စစ်မှူး ဗန်ပါစီ ပွဲပယ်ခံထားရလို့ မပါနိုင်သလို နောက်တန်းက ဘရူနို မာတင် အင်ဒီလည်း ဒဏ်ရာရထားတာကြောင့် ကစားနိုင်ဖို့ မသေချာပါဘူး။

ချီလီကတော့ အလယ်တန်းက ဗီဒါးလ်နဲ့ ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာ ကစားမယ့် နောက်တစ်ပွဲကတော့ အုပ်စု B ကပဲ သြစတေးလျနဲ့ စပိန်တို့ရဲ့ ပွဲ ဖြစ်ပြီး ၂ သင်းစလုံး အိမ်ပြန်ရဖို့ သေချာပြီး ဖြစ်လို့ ဒီပွဲဟာ နှစ်သင်းစလုံးအတွက် ရှုံးရှုံးနိုင်နိုင် အရေးမကြီးတော့တဲ့ပွဲ ဖြစ်ပါတယ်။

သြစတေးလျက တင်မ်ကေဟေးလ် ပွဲပယ် ခံထားရပါတယ်။

စပိန်ဘက်ကတော့ ကမ္ဘာ့ဖလား အတွေ့အကြုံ သိပ်မရှိတဲ့ ကိုကေးလို ကစားသမား တော်တော်များများနဲ့ ပွဲထွက်လာနိုင်ပါတယ်။

မြန်မာအချိန် မနက် ၂နာရီခွဲမှာ ကစားမယ့် ခရိုအေးရှားနဲ့ မက္ကဆီကိုတို့ ပွဲကတော့ ၂ သင်းစလုံး အုပ်စုတက်ခွင့်ရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြမယ့်ပွဲ ဖြစ်ပါတယ်။

ခရိုအေးရှားအတွက် အလယ်တန်းမှာ မာရီယို ကိုဗက် ဝင်ကစားနိုင်ပါမယ်။

မက္ကဆီကိုကတော့ ပြီးခဲ့တဲ့ ၂ ပွဲမှာ ကန်ခဲ့တဲ့ လိုင်းအပ်နဲ့ပဲ ဆက်ကန်သွားမယ့် သဘောရှိပါတယ်။

တစ်ချိန်တည်းမှာပဲ နောက်တစ်ပွဲအဖြစ် ကင်မရွန်းနဲ့ အိမ်ရှင် ဘရာဇီးတို့ ကစားကြမှာ ဖြစ်ပြီး အခုပွဲဟာ ဘရာဇီး အတွက် ကမ္ဘာ့ဖလားမှာ ပွဲ ၁၀၀ ပြည့်တဲ့ ပွဲလည်း ဖြစ်ပါတယ်။

ကင်မရွန်း ဘက်က အလယ်တန်းသမား အဲလက်စ် ဆောင်း ပွဲပယ် ခံထားရပါတယ်။

ဘရာဇီးကတော့ ဟာ့ခ် မကစားနိုင်သေးသလို နေမာအပါအဝင် ကစားသမား ၄ ဦး တဝါထပ်ထိတာနဲ့ ပွဲပယ် ခံရနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ