ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ရေး ကြိုးပမ်းမှု မမှန်ကန် မှုတွေ ရှိ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရုရှ သမ္မတ ဗလာဒီ မီယာ ပူတင် ကိုယ်တိုင် က ဖီဖာ ဥက္ကဌ ဆီက အကူ အညီ တောင်း ခဲ့တယ်လို့ ဆိုပါတယ်

၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ ဖလား ဘောလုံး ပွဲတွေ လက်ခံ ကျင်းပ နိုင်ဖို့ ကြိုးစားတဲ့ နေရာမှာ မမှန်ကန်တဲ့ လုပ်ရပ်တွေ ရှိခဲ့တယ် ဆိုတဲ့ နောက်ထပ် စွပ်စွဲချက်တွေ ထပ်မံ ထွက်ရှိ လာပါတယ်။

၂၀၁၈ အတွက် အိမ်ရှင် အဖြစ် ရုရှားက ရရှိသွားသလို ၂၀၂၂ ခုအတွက် ကိုတော့ ကာတာ နိုင်ငံက ရသွား တာပါ။ အခု စွပ်စွဲ ထားရှိချက်တွေကတော့ ၂၀၁၈ အိမ်ရှင် ဖြစ်ရေး ကြိုးပမ်းတဲ့ အင်္ဂလန် အဖွဲ့က စုစောင်း ရရှိတဲ့ သတင်း အချက် အလက်တွေ ဖြစ်ပါတယ်။

ဒါတွေကို ထောက်လှမ်းရေး ဌာနက လျှို့ဝှက် သိမ်းဆည်းထားတာ ဖြစ်ပြီး၊ အခုထွက် ရှိလာတဲ့ တချို့ စွပ်စွဲ ချက်တွေ ကိုတော့ ဗြိတိန်ထုတ် The Sunday Times သတင်းစာမှာ ဖေါ်ပြ ပါရှိ ပါတယ်။

ရုရှ သမ္မတ ဗလာဒီ မီယာ ပူတင် ကိုယ်တိုင် ဒီ မမှန်ကန်တဲ့ လုပ်ရပ်တွေ ထဲမှာ အကြီး အကျယ် ပါဝင် ပတ်သက် နေပြီး မစ္စတာ ပူတင်က သူ့နိုင်ငံ မဲရရေး အတွက် စည်းရုံး ပေးဖို့ ဖီဖာ ဥက္ကဌ ဆက်ပ် ဘလက်တာ ဆီက တောင် အကူ အညီ တောင်း ခဲ့တယ်လို့ ဆိုပါတယ်။

ကာတာ နိုင်ငံ ကတော့ သူတို့ရဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း အရှိန် အဝါနဲ့ မဲရအောင် လုပ်ခဲ့ တယ်လို့ စွပ်စွဲ ပါရှိ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ