ဘဏ်လုပ်ငန်း

  1. ကျပ်ငွေ

    ငွေကျပ် သိန်း ၂၀၀ ထက် မကျော်အောင် အကြိမ်ရေ ခွဲပြီး ငွေပေးချေကြတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  2. YBS Bus Transportation, Yangon

    ယာဉ်နောက်လိုက်တွေပါလာပြီး သတ်မှတ်နှုန်းထက်ပိုတဲ့ယာဉ်စီးခတွေ ပေးနေရတယ်လို့ ခရီးသည်တွေ ပြောဆို

    အပြည့်အစုံ ဖတ်ရန်
    next
  3. Video content

    Video caption: သတင်းစာရှင်းလင်းပွဲမှာ ဒေါ်လာစျေး၊ ရွှေစျေးနဲ့ စက်သုံးဆီစျေး ထိုးတက်နေတဲ့ ကိစ္စပဲမေးကြ

    အခုရက်ပိုင်းမှာ မကြုံစဖူးလောက်အောင် ထိုးတက်လာနေတဲ့ ရွှေစျေး၊ ဒေါ်လာစျေးနဲ့ စက်သုံးဆီစျေးတွေ ကိစ္စကို စစ်ကောင်စီက ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

  4. ကာဘူးလ်မြို့က ဘဏ်တစ်ခုမှာ စောင့်ဆိုင်းနေကြသူတွေ

    ဘဏ်တွေကနေ ငွေအထုတ်သာ ရှိနေတာကြောင့် ဘဏ်အများစု အလုပ်မဖြစ်သလို ဝန်ဆောင်မှုလည်း အပြည့်မပေးနိုင် ဖြစ်နေတယ်လို့ ပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  5. Video content

    Video caption: ငွေထုတ်ရ ခက်ခဲနေတဲ့ ကြားထဲ ငွေသား လွှဲပို့ရာမှာပါ အခက်အခဲတွေ ထပ်ကြုံရ

    ဘဏ်တခုနဲ့တခုကြား ငွေလွှဲရင် နေ့ချင်း ထုတ်မရ၊ လွှဲတဲ့ပမာဏအပြည့်ကို တစ်ဖက်ဘဏ်မှာ ပြန်ထုတ်လို့မရ ဖြစ်နေပါတယ်။

  6. Video content

    Video caption: နွေဦးထီ ထိုးသူတချို့ အကောင့်တွေ အပိတ်ခံရ

    အချိန်ပိုင်းအတွင်းမှာတင် သတ်မှတ်ထားတဲ့ ထီအစောင်ရေကုန်သွား

  7. ကျပ်ငွေထုတ်များ

    "ဘဏ်တွေ ဒေဝါလီခံရမယ်ဆိုတဲ့သတင်းက လုံးဝမဟုတ်မှန်ဘူးလို့ ပြောချင်ပါတယ်" - ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်

    အပြည့်အစုံ ဖတ်ရန်
    next
  8. မန္တလေးမြို့က အောက်ဆီဂျင် တန်းစီသူနေသူ၊ ဇူလိုင် ၁၃၊ ၂၀၂၁

    ကိုဗစ်ကုသရေးအတွက် ကန့်သတ်ပမာဏထက် ပိုပြီး ဘဏ်က ငွေထုတ်ယူနိုင်ဖို့ ညွှန်ကြားလိုက်တာနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦး၀င်းသော်ကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  9. နမ္မတူဘော်တွင်းကနေ ဩစတြေးလျ ကုမ္ပဏီ ထွက်တော့မယ်

    မြန်မာထဲကနေ လက်ကြီးကုမ္ပဏီတစ်ခု ထပ်ပြီး ထွက်ခွာ

    နမ္မတူဘော်တွင်း
    Image caption: စစ်အာဏာသိမ်းပြီးနောက် ဘော်တွင်းမှာ ငွေအရင်းအနှီးထည့်မယ့်သူတွေ ကိုယ်ရှိန်သတ်

    ရှမ်းပြည်နယ် နမ္မတူဘော်တွင်းရဲ့ ရှယ်ယာ အများစု ၅၁% ကို ပိုင်တဲ့ ဩစတြေးလျ အခြေစိုက် မြန်မာမက်တယ် Myanmar Metalsကုမ္ပဏီဟာ သူတို့ပိုင်ရှယ်ယာတွေ ရောင်းဖို့ စီစဥ်ထားတယ်လို့ ဇူလိုင် ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက်ပိုင်း ယိုယွင်းလာတဲ့ အခြေအနေတွေ၊ မတည်ငြိမ်မှုတွေကြောင့် အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန် ဘော်တွင်း ပရောဂျက်ကို ဆက်လုပ်ဖို့ရာ အခက် တွေ့လာရတယ်လို့ ဆိုပါတယ်။

    “ပရောဂျက်အတွက် ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လက်ငင်း အခြေအနေတွေမှာ ရလာဖို့ ဆိုရင် အင်မတန် ခက်ခဲမှာ ဖြစ်ပြီး၊ လက်တွေ့အရ မဖြစ်နိုင်ဘူးလို့ ဘုဒ်အဖွဲ့က သုံးသပ်ထားတယ်” ဆိုပြီး ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

    ရှယ်ယာရှင်တွေ အတွက် အကောင်းဆုံးကတော့ ဘော်တွင်း ပရောဂျက်ထဲ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ရောင်းတာဖြစ်စေ၊ မြန်မာမက်တယ် ကုမ္ပဏီတစ်ခုလုံးကို ရောက်တာဖြစ်စေ ပြုလုပ်ဖို့လိုတယ် ဆိုပြီး ဘုဒ်အဖွဲ့က ဆုံးဖြတ်ထားတယ်လို့လည်း ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    ဘော်တွင်း ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ အရင် ပြောဆိုထားသူတွေ အားလုံး ဖေဖေါ်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းငွေထုတ်မပေးတော့ဖို့ စိတ်ပြောင်းသွားကြတယ်လို့ နားလည်ရပါတယ်။

    ဒါ့ကြောင့် ပရောဂျက်ထဲ ဆက်ပါနေဦးမယ်ဆိုရင် မြန်မာမက်တယ် အနေနဲ့ လက်ရှိ မတည်ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်းခွဲနီးပါးဟာ တစ်နှစ်အတွင်း ကုန်သွားနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

    ဘော်တွင်း ပရောဂျက်ဟာ ငွေသတ္တုတင်မက၊ ခဲနဲ့ သွပ်တို့ပါ ထုတ်မယ့် လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီ ပရောဂျက်ရဲ့ ရှယ်ရာအများစု ၅၁%ကို ဩစတြေးလျ ကုမ္ပဏီ မြန်မာမက်တယ်က ၂၀၁၈ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး၊ ကျန် ရှယ်ယာတွေကတော့ ပြည်တွင်း ကုမ္ပဏီတွေ ဖြစ်တဲ့ ဝင်းမြင့်မို ကုမ္ပဏီ လိမိတက် WMM နဲ့ အီးအေပီ ဂလိုဘယ် EAP တို့ တဝက်စီပိုင်တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    မြန်မာမက်တယ်က နမ္မတူဘော်တွင်း ပရောဂျက် ရှယ်ယာ အများစုကို ရောင်းချဖို့ ဝယ်လက်တွေကို ရှာတဲ့အခါ၊ တရုတ်အခြေစိုက် ယင်တိုင် ဂိုးလ်ဒ် ကော်ပိုရေးရှင်း Yintai Gold Co ဆိုတဲ့ သတ္တုတွင်း ကုမ္ပဏီက စိတ်ဝင်စားပြီး အမေရိကန် ဒေါ်လာ ၆၆ သန်းခွဲ ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

    ဘော်တွင်း
    Image caption: တရုတ်ကုမ္ပဏီက ဝ​ယ်မယ်ဆိုပြီး ကမ်းလှမ်းထား
  10. မြောက်ကိုရီးယား ဟက်ကာတွေက ဒေါ်လာ တစ်ဘီ လျံကို ဖောက်ထွင်း ခိုးယူဖို့ ကြိုးစားခဲ့

    ၂၀၁၆ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားဘဏ်ကနေ မြောက်ကိုရီးယား ဟက်ကာတွေက ဒေါ်လာ တစ်ဘီလီယံ ကို ဖောက်ထွင်း ခိုးယူဖို့ ကြိုးစားခဲ့ကြပါတယ်။  အဲ့ဒီငွေတွေထဲက အများစုကို  အပြင်မရောက်သွားအောင် တားဆီးနိုင်ခဲ့ပေမဲ့ ဒေါ်လာ ၈၁သန်း ကတော့ ဟက်ကာတွေ လက်ထဲရောက်သွားခဲ့ပါတယ်။ ‌‌

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 4