လန်ဒန်

  1. Video content

    Video caption: ယူကေနိုင်ငံဆိုင်ရာ မြန်မာသံမတ် CRPH နဲ့ ပူးပေါင်းမယ်

    ယူကေနိုင်ငံဆိုင်ရာ မြန်မာသံမတ် ဦးကျော်စွာမင်းက CRPH နဲ့ ပူးပေါင်းမယ်လို့ ထုတ်ဖော်ပြောကြား

  2. အတိုင်ပင်ခံနဲ့ သမ္မတကြီးကို လွှတ်ပေးဖို့ လန်ဒန်က မြန်မာသံအမတ်ကြီးတောင်းဆို

    လန်ဒန်မြို့ မြန်မာသံရုံးက သံအမတ်ကြီး ဦးကျော်စွာမင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦး၀င်းမြင့်တို့ကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တောင်းဆို လိုက်ပါတယ်။

    ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်၊ ဓနသဟာရရုံး၀န်ကြီး နိုင်ဂျဲအဒမ်စ်တို့နဲ့ သံအမတ်ကြီး ဦးကျော်စွာမင်း မတ်လ ၈ ရက်၊ မနေ့၊ တနင်္လာနေ့က တွေ့ဆုံ ခဲ့ပြီးတဲ့နောက်၊ လန်ဒန်မြို့ မြန်မာသံရုံးကနေ သံအမတ်ကြီး လက်မှတ်နဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

    ၂၀၁၄ မတ်လကတည်းက ဗြိတိန်ဘုရင်မကြီးထံ ဦးကျော်စွာမင်းဟာ မြန်မာပြည်ရဲ့ သံအမတ် ဖြစ်ကြောင်း စာလွှာပေးအပ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အဲဒီရာထူးနေရာမှာ ဆက်လက် ခန့်ထားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

    သူဟာ သံတမန်တစ်ဦးဖြစ်တဲ့ အတွက် သံခင်းတမန်ခင်း လမ်းကိုပဲ ရွေးချယ်တယ်၊ လက်ရှိ အကျပ်အတည်းကို စားပွဲ၀ိုင်းဆွေးနွေးပွဲကနေပဲ အဖြေရှာနိုင်လိမ့်မယ် ဆိုပြီးတော့လည်း အဲဒီစာထဲ ပါ၀င်ပါတယ်။

    စာထဲမှာ လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH နဲ့ ပတ်သက်ပြီး ဘယ်လို သဘောထား ရှိသလဲဆိုတာတော့ ဖော်ပြမထားပါဘူး။

    ဒါ့အပြင် CRPH က ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ မျက်နှာစာမှာ တောင်းဆို နေတာဟာ မြန်မာပြည်ထဲ ကုလတပ်တွေ စေလွှတ်ပြီး လက်နက်မဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ စစ်ခေါင်းဆောင်တွေကိုလည်း နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ဖို့ လုပ်ဆောင်နေတယ်လို့ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာက ပြောထားပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက် ၁ရက် ဖေဖေါ်၀ါရီနဲ့ ၂၂ ဖေဖေါ်၀ါရီ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဗြိတိန်အစိုးရရဲ့ ကြေညာချက်တွေကို ဦးကျော်စွာမင်းက သဘောတူတယ် ဆိုတဲ့ အချက်ကိုတော့ သူ့ရဲ့ အခုထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    ဗြိတိန်ရဲ့ ထုတ်ပြန်ချက်တွေထဲ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ကို လေးစားပါ ဆိုတဲ့ အချက် ပါ၀င်ပါတယ်။

    ဦးကျော်စွာမင်းက ခုလို ကြေညာချက် ထုတ်လာတဲ့ အပေါ်ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်က အင်မတန် သတ္တိရှိတဲ့ လုပ်ရပ်၊ တိုင်းချစ်ပြည်ချစ်စိတ် ရှိတဲ့ လုပ်ရပ် ဆိုပြီး ချီးကျူး ပြောဆိုပါတယ်။

    ဒါ့အပြင်၊ မြန်မာစစ်တပ်ကိုလည်း ဆန္ဒပြသူတွေကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲနေတာတွေ ရပ်တန့်ဖို့နဲ့၊ ဒီမိုကရေစီစနစ် ပြန်လည် ထူထောင်ဖို့ ၀န်ကြီး ဒေါမနစ်ရပ်ဘ်က ထပ်လောင်း တောင်းဆိုပါတယ်။

    CRPH
    Image caption: CRPH နဲ့ ပတ်သက်ပြီး ဘယ်လို သဘောထား ရှိသလဲဆိုတာတော့ ဖော်ပြမထား
  3. Video content

    Video caption: လန်ဒန်က ဆေးရုံတခုက အတွင်းက ကိုဗစ် ကုသမှုများ

    ဘီဘီစီက လန်ဒန်တောင်ပိုင်းက ဆေးရုံတခုရဲ့ အထူးကြပ်မတ် ကုသဆောင်ထဲမှာ သတင်း ယူခွင့်ရခဲ့

  4. Video content

    Video caption: လန်ဒန် က မြန်မာ ဘတ်စဒရိုင်ဘာ
  5. Video content

    Video caption: ဘဏ်ကြီးတချို့က လုပ်ကိုင်နေတဲ့ တရားမဝင် ငွေလွှဲမှုများ

    ငွေကြေးခဝါချမှု လုပ်ငန်းတွေအတွက် လန်ဒန်မြို့ဟာ ဗဟိုချက် မြို့ ဖြစ်ပြီး သံသယဖြစ်ဖွယ် တရားမဝင် ငွေ ဒေါ်လာ ဘီလီယံနဲ့ချီဟာ ဘဏ္ဍာရေး စနစ်ထဲ ရောက်သွား

  6. burma

    လန်ဒန်ဘီဘီစီကနေ မြန်မာပြည်အတွက် ဝတ္ထုတွေ ရေးခဲ့သူ၊ ဂျုန်းနီရဲ့ ဖန်တီးရှင်

    အပြည့်အစုံ ဖတ်ရန်
    next
  7. Crest of the Chindit unit

    ဝက်စမင်စတာက ခြင်းဒစ်အမှတ်တရကို ဒုတိယကမ္ဘာစစ်ပြီး (၇၅) နှစ်ပြည့်ချိန်မှာ အဆင့်(၂) စောင့်ရှောက်ရမယ့် နေရာ စာရင်းမှာထည့်

    အပြည့်အစုံ ဖတ်ရန်
    next
  8. ဘိုဘို

    ဘီဘီစီ မြန်မာပိုင်း

    ဂျွန်အိုကယ်

    ကွန်ပျူတာသုံး မြန်မာဖောင့်တီထွင်ခဲ့သူ၊ တစ်သက်လုံး မြန်မာစာ သင်ကြားသွားသူ အင်္ဂလိပ်ဆရာကြီး လန်ဒန်မှာ ကွယ်လွန်။

    အပြည့်အစုံ ဖတ်ရန်
    next
  9. Video content

    Video caption: အင်္ဂလန်မှာ ဗိုင်းရပ်စ် ဒုတိယအကြိမ် ခေါင်းထောင်လာမှာ စိုးရိမ်နေကြ

    လန်ဒန် အရှေ့ပိုင်းက ရွိုင်ယဲလ် လန်ဒန် ဆေးရုံက အမှုထမ်းတွေနဲ့ ဘီဘီစီက တွေ့ဆုံခွင့်ရခဲ့

  10. အကျိတ်ပလိပ်လူနာရဲ့ ရောင်ရမ်းနေတဲ့ သားငန်ရည်အကျိတ်က ယူထားတဲ့ ပလိပ်ပိုးနမူနာ

    ဘက်တီးရီးယားပိုးတစ်မျိုးက သယ်ဆောင်လာတဲ့ အကျိတ်ပလိပ်ရောဂါဟာ လူ့သမိုင်းမှာ အဆိုးဆုံး အနက်ရောင်သေမင်းဆိုတဲ့ ကပ်ဘေးကြီးကို ဖြစ်ပွားစေခဲ့ပါတယ်။ (၁၄) ရာစု အာဖရိက၊ အာရှနဲ့ ဥရောပက လူသန်း ၅ဝ လောက် ဒီကပ်ဘေးနဲ့ သေဆုံးခဲ့တာပါ။

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 3