ကုလသမဂ္ဂ

  1. မုံရွာမြို့တွင်းလုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်များ (ပုံဟောင်း)

    မုံရွာမြို့ပေါ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က ည ၇ နာရီလောက်က တစ်မြို့လုံးကြားရတဲ့ ပြင်းထန်တဲ့ပေါက်ကွဲမှု နှစ်ကြိမ်ခန့်ဖြစ်ပွားခဲ့

    Follow
    next
  2. ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အသစ် ကြေညာပြီ

    စင်္ကာပူ နိုင်ငံသူ ကုလသမဂ္ဂ ဝါရင့် သံတမန် မစ္စ နိုလင်း ဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် ခန့်အပ်ကြောင်း ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

    ဒါ့ကြောင့် ဒေါက်တာ နိုလင်း ဟေဇာဟာ မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာရဲ့ နေရာကို ဆက်ခံသူ ဖြစ်လာပါတယ်။

    မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ရာ တာဝန်တွေကို တစိုက်မတ်မတ် ထမ်းဆောင်ခဲ့တဲ့ အတွက် မစ္စ ဘာဂနာ အပေါ် ကျေးဇူးများစွာ တင်ရှိပါကြောင်းလည်း မစ္စတာ ဂူတားရက်စ်က ဆိုပါတယ်။

    ဒေါက်တာဟေဇာဟာ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် အကြီးအကဲ တာဝန်ကို ၂၀၀၇ ကနေ ၂၀၁၄ အထိ ထမ်းဆောင်ခဲ့ပြီး၊ ဒီရာထူးကို အမျိုးသမီးတွေထဲ ပထမဆုံး စတင် ရရှိနိုင်သူ ဖြစ်ပါတယ်။

    မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့လည်း ထိတွေ့ ဆက်ဆံဖူးသူ ဖြစ်ပြီး၊ နာဂစ်မုန်တိုင်း အလွန် ပြန်လည် ထူထောင်ရေး ကိစ္စတွေ၊ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလနဲ့ အဲဒီ အချိန်က မြန်မာ အာဏာပိုင်တွေနဲ့ကြား နီးနီးကပ်ကပ် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

    အာဆီယံ ဒေသတွင်း တီမော-လက်စ်တေး ငြိမ်းချမ်းရေး တည်ဆောက်မှု ကဏ္ဍမှာလည်း ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အဖြစ် ဒေါက်တာဟေဇာဟာ ၂၀၁၃ ကနေ ၁၅ အထိ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။

    ဒေါက်တာဟေဇာဟာ ကုလ အတွင်းရေးမှူးချုပ်ရဲ့ ကြားဝင် ညှိနှိုင်းရေး အဆင့်မြင့် အကြံပေး ဘုဒ်ရဲ့ လက်ရှိ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို၊ စင်္ကာပူ နိုင်ငံ NUS တက္ကသိုလ်က လူထုရေးရာ မူဝါဒ လီကွမ်ယုကျောင်းရဲ့ အုပ်ချုပ်ရေး ဘုဒ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

    မစ္စဟေဇာဟာ စင်္ကာပူ တက္ကသိုလ်ကနေ ပထမ ဝိဇ္ဇာဘွဲ့နဲ့ နောက် မဟာသိပ္ပံဘွဲ့တွေ ရရှိခဲ့ပြီး ကိန်းဘရစ်ချ် တက္ကသိုလ်ကနေ လူမှုသိပ္ပံ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ရယူ ထားသူ ဖြစ်ပါတယ်။

    နိုလင်းဟေဇာ
    Image caption: မြန်မာအရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးတွေမှာ အတွေ့အကြုံရှိသူ ဝါရင့် ကုလ သံတမန် ဒေါက်တာ နိုလင်းဟေဇာ
  3. no tag

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ တရားခွင်မှာ သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

    Follow
    next
  4. လူ ၃ သန်းစာ အရေးပေါ် အကူအညီတွေ ပေးဖို့လိုနေ

    ကပ် ၃ ပါး ဒဏ် ထပ်ဆင့် ကြုံနေရပေမယ့် မြန်မာ အတွက် အလှူငွေ ရရှိမှု အဆမတန် နည်းနေ

    အပြည့်အစုံ ဖတ်ရန်
    next
  5. တာလီဘန် နိုင်ငံခြာရေး‌ဝန်ကြီး အာမာခန်မူတာကီက အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်မှုတွေရချင်တယ်လို့ ပြော

    အမေရိကန်က အာဖဂန်နစ္စတန်ကို လူသားချင်းဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ သဘောတူ လိုက်ပြီလို့ တာလီဘန်အစိုးရကပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  6. Video content

    Video caption: ကိုဗစ်ကာကွယ်ဆေး ၆ သန်းကျော် ကုလသမဂ္ဂဆီကနေ မြန်မာရဖို့ရှိ

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ ဦးစားပေးလမ်းညွန်ချက်တွေနဲ့အညီ ဖြန့်ဝေသွားမယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်

  7. သမ္မတ ဦးဝင်းမြင့် တရားခွင်မှာ ပထမဆုံးသက်သေထွက်ဆို

    ရာထူးကနေ ကျန်းမာရေးအကြောင်းပြနုတ်ထွက်ပေးဖို့ ပြောဆိုမှုခံခဲ့ရကြောင်း ထွက်ဆိုသွား

    Catch up
    next
  8. လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

    ဦးကျော်မိုးထွန်း R2P အစည်းအဝေးတက်တဲ့အပေါ် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ကန့်ကွက်

    အပြည့်အစုံ ဖတ်ရန်
    next
  9. ရှီကျင့်ဖျင်က သူ့မိန့်ခွန်းဗီဒီယိုဖိုင်ကို ကုလသမဂ္ဂညီလာခံကို ပေးပို့ခဲ့

    တရုတ် သမ္မတရှီကျင့်ဖျင်က ကုလသမဂ္ဂအထွေထွေညီလာခံကိုပြောကြားတဲ့ သူ့ရဲ့မိန့်ခွန်းထဲမှာ အဲဒီအချက်ကို ထည့်သွင်းကြေညာခဲ့ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. တာလီဘန် နိုင်ငံခြားရေးဝန်ကြီး အီမာ ခန်း မွတ်တာကီက တနင်းလာနေ့တုန်းက ကုလကို ပန်ကြားစာပို့ခဲ့

    ဒိုဟာမှာအခြေစိုက်တဲ့ တာလီဘန်ပြောခွင့်ရ ပုဂ္ဂိုလ် ဆူဟေး ရှာဟင်းကို အာဖဂန်နစ္စတန် ဆိုင်ရာ ကုလသမဂ္ဂသံအမတ်အဖြစ် ထားဖို့ကိုလည်း တာလီဘန်တွေက အမည်စာရင်း တင်သွင်း ထားပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 17