ဒုက္ခသည်များ နှင့် ခိုလှုံခွင့်တောင်းသူများ

  1. စစ်ကောင်စီ လေကြောင်းတိုက်ခဲ့တဲ့ ရန်ကြောင့် ထွက်ပြေးခဲ့သူတွေ မီဇိုရမ်ထဲ လူ ၂ ထောင် ဝန်းကျင် ရောက်လာ

    စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာဘက်ခြမ်းကနေ လူတွေ ထွက်ပြေးပြီး အိန္ဒိယ၊ မီဇိုယမ် ပြည်နယ်ထဲကို အစုအလိုက် အပြုံလိုက် ဝင်ရောက်မှုတွေ အခု ရက်ပိုင်းတွေ မှာပဲ ထပ်မံ ရှိလာပြန်တယ်လို့ အိန္ဒိယဘက်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

    ပြီးခဲ့တဲ့ ၄ ရက် အတွင်း မြန်မာဘက်ကနေ ဝင်လာသူတွေ အယောက်ပေါင်း ၂၀၀၀ ဝန်းကျင် ရှိတယ်လို့ အိန္ဒိယ ပြည်တွင်း မီဒီယာတွေက ပြောပါတယ်။

    ကလေးသူငယ်တွေလည်း အများအပြား ပါဝင်တဲ့ အဲဒီသူတွေဟာ မီဇိုရမ်နဲ့ နယ်စပ်တလျှောက် ချင်းရွာတွေက သူတွေ ဖြစ်ပြီး၊ စစ်ကောင်စီ တပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ အတွက် အခုလို ထွက်ပြေး ကြရတာ ဖြစ်တယ်လို့ အိန္ဒိယ မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။

    မီဇိုရမ်ပြည်နယ်ထဲက ဟာနာသီရယ် Hnahthial ခရိုင်တစ်ခုတည်းမှာတင် လူပေါင်း ၁၅၀၀ ဝန်းကျင် ရောက်လာပြီး ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

    ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ချင်းပြည်မြောက်ပိုင်း ထန်တလန်မြို့နယ်ထဲက အိန္ဒိယနဲ့ကပ်ရက် လုံလဲရ်ကျေးရွာမှာ စက်တင်ဘာ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့ သတင်းကို ဘီဘီစီကလည်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

    အဲဒီ လေကြောင်း တိုက်ခိုက်တာကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့ပြီး အနည်းဆုံး လူ (၇)ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ လုံလဲရ်ရွာနားက စစ်ကောင်စီရဲ့ တပ်ခွဲစခန်းတခုကို CDFတွေက တိုက်ခိုက်ခဲ့ကြတာမှာ၊ စခန်းကျခါနီး တိုက်လေယာဉ်နဲ့ လေကြောင်းပစ်ကူ ပေးခဲ့တာလို့ CDFရဲ့ ပြောရေး ဆိုခွင့်ရှိသူက ဆိုပါတယ်။

    မြန်မာနဲ့ကပ်ရက် အိန္ဒိယဘက်ခြမ်းက မီဇီုရမ်ပြည်နယ်
    Image caption: မြန်မာနဲ့ကပ်ရက် အိန္ဒိယဘက်ခြမ်းက မီဇီုရမ်ပြည်နယ်
  2. ကာဘူးလ်လေဆိပ်ကထွက်ခွာမယ့် အမေရိကန်စစ်တပ်လေယာဥ်ပေါ်် မှာ အာဖဂန်မိသားစုတွေကို တွေ့ရစဥ်

    အာဖဂန် နစ္စတန်နိုင်ငံရဲ့ နယ်စပ်တွေမှာ ရောက်နေတဲ့ ဒုက္ခသည် အရေအတွက်ဟာလည်း ၃.၅ သန်း လောက် ရှိနေပါပြီ။

    အပြည့်အစုံ ဖတ်ရန်
    next
  3. စစ်တွေက မွတ်ဆလင် ဒုက္ခသည်စခန်းတစ်ခု

    စစ်တွေမြို့နယ်က IDP စခန်း ၁၁ ခုမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်ဦး‌ရေဟာ အရေးအခင်းဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက ၁၂၄၆၄၄ ဦးရှိခဲ့ပြီး လက်ရှိမှာတော့ ခန့်မှန်းခြေအရေ ၁၄၀၀၀၀ နီးပါးအထိ ရှိနေပြီဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုချက်အရ သိရပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  4. ပေးရှင့်စ် အော်သူဟဲ

    ဘီဘီစီ သတင်းဌာန၊ ကမ်ပါလာမြို့

    အာဖဂန်နစ္စတန်၊ ယူဂန်ဒါ၊ တာလီဘန်၊ ဒုက္ခသည်

    အမေရိကန်ရဲ့ ပန်ကြားမှုကြောင့် အာဖဂန်ဒုက္ခသည် နှစ်ထောင်ကို ယူဂန်ဒါက လက်ခံမယ်လို့ ဒုက္ခသည်များဆိုင်ရာ ယူဂန်ဒါဝန်ကြီးက ပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  5. Rakkhine

    နိုင်ငံတကာအကူအညီတွေကိုအဓိကအားထားနေရတဲ့စစ်ရှောင်စခန်းတွေမှာ မကြာခင်ရက်ပိုင်းအတွင်း ရိက္ခာပြတ်လာနိုင်

    အပြည့်အစုံ ဖတ်ရန်
    next
  6. Rakkhine

    ရခိုင်တစ်ပြည်နယ်လုံးမှာ အသက် ၆၅ နှစ်အထက်ရှိသူဦးရေ ၁ သိန်းခွဲကျော်ထိရှိနေ၊ ဦးစားပေးအဆင့်တွေသတ်မှတ် ထိုးပေးနေရတာဖြစ်တဲ့အတွက် ဆေးထိုးခွင့်မရရှိသေးတဲ့လူတွေလည်း အများအပြား ကျန်နေသေး

    အပြည့်အစုံ ဖတ်ရန်
    next
  7. ရခိုင်စစ်ဘေးရှောင်စခန်းတစ်ခု

    ၂၀၂၀ ခုနှစ်အထိ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၁ သိန်းခွဲခန့်ရှိခဲ့ပြီး အခုတိုက်ပွဲတွေမရှိတော့တဲ့အချိန်တွေမှာ တချို့ကနေရပြန်သွားခဲ့ကြပြီဖြစ်ပေမယ့် အများစုကတော့ မိုင်းနဲ့လက်နက်ကြီးအန္တရာယ်တွေကြောင့် ရပ်ရွာမှာ လုပ်ကိုင်စားသောက်ဖို့အခက်အခဲရှိနေတဲ့အတွက် မပြန်နိုင်ကြသေးဘဲ ဒုက္ခသည်စန်းတွေမှာဘဲ ဆက်ရှိနေသေးတာဖြစ်ပါတယ်

    အပြည့်အစုံ ဖတ်ရန်
    next
  8. ကယားမှာတင် ဒုက္ခသည် သိန်းကျော်ရှိနေကြောင်း အိုချာအဖွဲ့ပြော

    မြန်မာပြည်မှာ စစ်အာဏာသိမ်းခံခဲ့ရပြီးတဲ့နောက် ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အခု ၅ လ တာ အတွင်း တိုင်းပြည်ရဲ့ အရှေ့တောင်ဘက်ပိုင်း အရပ်ဒေသတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင် ၁၇၇,၅၀၀ ဝန်းကျင်ထိ ရှိတယ်လို့ ကုလသမဂ္ဂ အဖွဲ့ ယူအဲန်အိုချာ (UNOCHA) က ထုတ်ပြန်ပါတယ်။

    အဲဒီ အရေအတွက်ထဲ ကယားပြည်နယ်မှာ မေလ ၂၁ ရက်နေ့က စပြီး ပေါ်ပေါက် လာခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးရသူ ၁၀၃,၅၀၀ ပါဝင်တယ်လို့ ဆိုပါတယ်။

    လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အထောက်အပံ့ အကူအညီတွေပေးတဲ့ အိုချာအဖွဲ့ရဲ့ ဇွန်လ ၂၄ ရက်၊ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းလွှာထဲ ချင်းပြည်က အခြေအနေအကြောင်းလည်း ပါဝင်ပါတယ်။

    ဒေသခံ ချင်းမြေ ကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတပ်တွေကြား အခု ဇွန်လ အစောပိုင်းကအထိ နေရာအနှံ့ဆိုသလို တိုက်ပွဲတွေ ရှိနေခဲ့ပြီး၊ ဘေးလွတ်ရာ ထွက်ပြေးကြရတဲ့ လူပေါင်း နှစ်သောင်းကျော်ဟာ ယာယီစခန်း ၁၀၀ ကျော်မှာ ခိုလှုံနေကြရတယ်လို့ ရေးသား ထားပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေထဲက ဦးစားပေးအဆင့် အနေနဲ့ အမေရိကန် ဒေါ်လာ ၁၂.၁ သန်းကို သုံးစွဲပြီး အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ အိုချာအဖွဲ့က ဆိုရင်းမှာပဲ၊ မြန်မာ အတွက် အသုံးပြုဖို့ လျာထားငွေ စုစုပေါင်း ဒေါ်လာ ၂၇၆ သန်းခွဲထဲက ၂၁% ပဲ လက်ထဲ ရှိနေသေးတယ်လို့ အသိပေးပါတယ်။

    ကယားမှာတင် စစ်ဘေးရှောင် သိန်းကျော်ရှိနေ
    Image caption: ကယားမှာတင် စစ်ဘေးရှောင် သိန်းကျော်ရှိနေ
  9. မြန်မာပြည်ထဲ စစ်ဘေးရှောင်ပြည်သူတွေထံ ကယ်ဆယ်ရေးလမ်းတွေ ဖွင့်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား

    မြန်မာနိုင်ငံထဲက စစ်ဘေးရှောင် ပြည်သူတွေ၊ ဆာလောင် မွတ်သိပ်နေသူတွေထံ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ အရောက် ပေးပို့ခွင့်ပြုဖို့ ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာ စစ်ခေါင်းဆောင် တွေကို မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

    ဗာတီကန်မြို့တော်၊ စိန့်ပီတာ ရင်ပြင်မှာ တနင်္ဂနွေနေ့ အများပရိသတ်ကို မေတ္တာပို့ ဆုတောင်း ပေးရင်းသား၊ မြန်မာအရေးကိုပါ ပုပ်ရဟန်းမင်းကြီး ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဒုက္ခသည်အရေး အများသတိပြုမိအောင် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဇွန်လ ၂၀ ရက်၊ ကမ္ဘာ့ ဒုက္ခသည်နေ့မှာ ပုပ်ဖရန်စစ်ဟာ မြန်မာပြည်တွင်းက စစ်ဘေးရှောင်တွေ အရေး ထပ်လောင်း ပြောဆိုလာပြန်တာ ဖြစ်ပါတယ်။

    မြန်မာ နိုင်ငံမှာ စစ်အာဏာသိမ်း ခံရပြီးနောက် ပဋိပက္ခတွေ အတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဖြစ်ရပ်တွေ တိုးတက်ပေါ်ပေါက် လာနေပါတယ်။

    ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦး၊ ဘုရားကျောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တချို့ ရှိခဲ့တဲ့နောက်၊ ဘုရားပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ပလီဝတ်ကျောင်းတွေ အပါအဝင် ဘာသာရေး နေရာဌာနတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေလို အများပြည်သူ ခိုကိုးရာ နေရာတွေ အပေါ်လေးစားကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုပါတယ်။

    “မြန်မာနိုင်ငံထဲက ကက်သလစ် ဘိရှော့ ဘုန်းတော်ကြီးတွေ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တိုက်တွန်းခဲ့သလိုပဲ အကျွန်ုပ်လည်း ထပ်တူ တိုက်တွန်းလိုပါတယ်။ မြန်မာပြည်ထဲမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးနေရတာတွေ၊ သေလုနီးပါး ငတ်မွတ် နေကြရတာတွေကို ကမ္ဘာကြီး သိစေချင်ပါတယ်။ စာနာမှု ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖွင့်ပေးဖို့ မြန်မာ ဘိရှော့များနဲ့ အတူ အကျွန်ုပ်လည်း တိုက်တွန်းပါတယ်” ဆိုပြီး ပြောသွားပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
    Image caption: မြန်မာအရေး အလေးထား ပြောဆိုနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
  10. ခိုးရာပါဖမ်းမိထားတဲ့ သစ်တွေ ထုတ်ရောင်းဖို့ စစ်ကောင်စီပြင်ဆင်နေ

    တရားမဝင် ဖမ်းထားတဲ့ သစ်တန်ချိန် ၂ သိန်း ဝန်းကျင်ထိရှိ
    Image caption: တရားမဝင် ဖမ်းထားတဲ့ သစ်တန်ချိန် ၂ သိန်း ဝန်းကျင်ထိရှိ

    အာဏာသိမ်း စစ်ကောင်စီဟာ တရားမဝင်သစ်တွေ တန်ချိန် ထောင်ပေါင်းများစွာကို နိုင်ငံတကာ စျေးကွက်ထဲ ရောင်းပြီး ငွေရအောင်လုပ်ဖို့ ကြိုးစားနေတယ်ဆိုပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နိုင်ငံတကာ စုံစမ်း ဖော်ထုတ်တဲ့ အဖွဲ့ တစ်ခု ဖြစ်တဲ့ EIA က သတိပေး နေပါတယ်။

    စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိတ်နိုင်ဖို့ စီးပွားရေး ဆိုင်ရာ ပြစ်ဒဏ်ခတ် အရေးယူမှုတွေကို အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့ အပါအဝင် အနောက်အုပ်စု နိုင်ငံတွေက လုပ်ဆောင် နေချိန်မှာ စစ်ကောင်စီက သစ်တွေရောင်းဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ခံ NLD အစိုးရလက်ထက် ပစ်မှတ်ထား ကိုင်တွယ်ခဲ့တဲ့ အထဲ တရားမဝင် သစ်ခိုးထုတ်မှု ပပျောက်ရေးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    ဒါ့ကြောင့် တရားမဝင် ခုတ်လှဲထားတဲ့ သစ်တွေ၊ ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ သစ်တွေကို NLD အစိုးရလက်ထက် နိုင်ငံတော် အနေနဲ့ ဖမ်းဆီးရရှိထားတာ တန်ချိန် ၂ သိန်း ဝန်းကျင် အထိ ရှိနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်း ထားကြပါတယ်။

    အခု အဲဒီ သစ်တွေကို ထုတ်ရောင်းဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ EIA က ပြောနေတာ ဖြစ်ပါတယ်။ နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်းလည်း အခုဆို စစ်ကောင်စီ ထိန်းချုပ်မှုအောက် ရောက်နေပြီ ဖြစ်ပါတယ်။

    အာဏာသိမ်း စစ်တပ်အနေနဲ့ နိုင်ငံပိုင် လုပ်ငန်းတွေကနေ ငွေမရှာနိုင်အောင် ကျောက်မျက်၊ ပုလဲနဲ့ငါး စသဖြင့် လုပ်ငန်းတွေ အပေါ် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ် ခံထားရပါတယ်။

    စစ်ကောင်စီက တရားမဝင် သစ်တွေကို စျေးနှုန်း မဖော်ပြ မသတ်မှတ်ပဲ လေလံတင် ရောင်းချမှာ ဖြစ်ပြီး၊ ဝင်ပြီး လေလံဆွဲ ဝယ်ချင်တဲ့ သူတွေဟာ အရင်ဆုံး အမေရိကန် ဒေါ်လာ တစ်သောင်းကို ကြိုတင်ငွေ အဖြစ် စစ်ကောင်စီထံ ပေးသွင်းရမှာ ဖြစ်တယ်လို့ စုံစမ်း လေ့လာ ဖော်ထုတ်တဲ့ EIA အဖွဲ့က ဆိုပါတယ်။

    မြန်မာပြည်သူတွေကို ဆက်လက် ဖိနှိပ်နိုင်ရေး အတွက် စစ်ကောင်စီမှာ ငွေ အသည်းအသန်လိုနေပြီလို့ အကဲခတ်တွေက ပြောကြပါတယ်။

    ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး အေဂျင်စီ EIA အဖွဲ့ဟာ ၁၉၈၀ ပြည့်ကျော် နှစ်တွေ ကတည်းက ပတ်ဝန်းကျင် အရေး လှုပ်ရှား တက်ကြွသူ ၃ ယောက်နဲ့ ယူကေမှာ စတင် တည်ထောင် လာခဲ့တာ ဖြစ်ပါတယ်။ အခု လန်ဒန်နဲ့ ဝါရှင်တန် ဒီစီ မြို့တော်တွေမှာ ရုံးခန်းတွေ ထားရှိပါတယ်။

    Quote Message: စစ်ကောင်စီရောင်းမယ့် တရားမဝင်သစ်တွေကို ဝယ်ရင် မြန်မာပြည် လက်ရှိ ခံစားနေရတဲ့ ဒုက္ခတွေပေါ်ကနေ အမြတ်ထုတ်တာပဲ from ဖေ့သ်ဒိုရတီ EIA သစ်တောဆိုင်ရာ တာဝန်ခံ
    ဖေ့သ်ဒိုရတီEIA သစ်တောဆိုင်ရာ တာဝန်ခံ
    စစ်ကောင်စီမှာ အသည်းအသံ ငွေလိုနေပြီလား မေးခွန်းထွက်ပေါ်
    Image caption: စစ်ကောင်စီမှာ အသည်းအသန် ငွေလိုနေပြီလား မေးခွန်းထွက်ပေါ်
စာမျက်နှာ 1 ရဲ့ 10