ဆင်းရဲမွဲတေမှု

  1. မြန်မာပြည် ဆင်းရဲမှု ပြဿနာကို နောက်မျိုးဆက်အထိ ဖြေရှင်းသွားရဖွယ်ရှိ

    မြန်မာနိုင်ငံထဲ အထူးသဖြင့် မြို့ပြနေရာတွေမှာ ဆင်းရဲမွဲတေမှုနှုန်း ၃ ဆ ဝန်းကျင်ထိ တိုးလာခဲ့ပြီး၊ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ဆိုရင် ဆင်းရဲမှု သတ်မှတ်လိုင်းအောက် သက်ဆင်း သွားခဲ့သူပေါင်းဟာ ၂၅ သန်း ရှိတယ်ဆိုပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ရဲ့ ဒီဇင်ဘာ ၁ ရက် ထုတ်ပြန်လာတဲ့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

    ဒါဟာ စစ်အာဏာတကျော့ပြန် သိမ်းခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အခြေအနေတွေနဲ့ အတူ ကိုဗစ်ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ ၅၅ သန်းဝန်းကျင်ရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှု သတ်မှတ်လိုင်းအောက် ကျရောက်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ၂၀၂၁ မေကနေ ဇွန်လအထိ ကောက်ယူထားတဲ့ စစ်တမ်းတွေ အပေါ် မူတည်ပြီး UNDP က ထုတ်ပြန်တာ ဖြစ်ပါတယ်။

    ဆောက်လုပ်ရေး၊အထည်ချုပ်နဲ့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတွေလို မြို့ပြရဲ့အဓိကစီးပွားရေးကဏ္ဍတွေအထိနာနေတဲ့ အတွက် ဆင်းရဲမွဲတေမှု ပြဿနာဟာ မြို့ပေါ်တွေမှာ အတော်လေး သက်ရောက် ရိုက်ခတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ဆင်းရဲမှု ပြဿနာ အခုလောက် ပမာဏ အတိုင်းအတာ အထိ ကြီးထွားလာတာကို ကြည့်ရင် လူလတ်တန်းစား ကွယ်ပျောက်သွားတဲ့ အဓိပ္ပာယ် ဖြစ်ပြီး၊ တော်ရုံနဲ့ ပြန်ပြီး နလံမထူနိုင်မယ့် လက္ခဏာလည်း ဖြစ်တယ်” ဆိုပြီး UNDP ရဲ့ အာရှိ ပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ ကဲန်နီ ဝစ်ဂ်နာရာဂျာက ပြောပါတယ်။

    “အဟာရ၊ ကျန်းမာရေးနဲ့ ပညာရေး” ချို့တဲ့နေရတဲ့ ဆင်းရဲမှုတိုးပွားလာမှုပြဿနာဟာမြန်မာပြည်မှာနောက်မျိုးဆက်အထိအောင် သက်ရောက် ရိုက်ခတ် ခံရနိုင်ဖွယ် ရှိတယ်လို့လည်း UNDP က သတိပေးပါတယ်။

    “အဟာရ၊ ကျန်းမာရေးနဲ့ ပညာရေး” ချို့တဲ့နေရ
    Image caption: “အဟာရ၊ ကျန်းမာရေးနဲ့ ပညာရေး” ချို့တဲ့နေရ
  2. no tag

    အာဏာသိမ်းပြီး ရှစ်လကာလ အတွင်း မြန်မာငွေကြေးတန်ဖိုးဟာ တစ်ဒေါ်လာ ၁၃၀၀ ကျပ် ဝန်းကျင်ကနေ ၂၇၀၀ ကျပ်ခန့်အထိကို ထက်ဝက်မက ကျသွားခဲ့တာဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  3. ကာကွယ်ဆေးထိုးပေးဖို့ပြင်နေတဲ့ သူနာပြုတစ်ဦး

    ချမ်းသာတဲ့ နိုင်ငံတွေဟာ ကာကွယ်ဆေး အပိုအလျှံတွေကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပြီး အဲဒီဆေးအများစုဟာ မကြာမီကာလအတွင်း စွန့်ပစ်ရနိုင်ဖွယ်ရှိတယ်လို့ သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  4. ကိုသိမ်းမြတ်

    ဘီဘီစီမြန်မာပိုင်း

    အသက်ဘေးထက် အငတ်ဘေးကိုကြောက်တော့ လုပ်နေကြရတာပဲ

    CDM သမားတွေနဲ့ အလုပ်သမားတွေ၊ မြို့နေဆင်းရဲသားတွေက ပိုပြီးကျပ်တည်းကြတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  5. ကိုသိမ်းမြတ်

    ဘီဘီစီမြန်မာပိုင်း

    ကြက်သားအရောင်းဆိုင်

    စားသောက်ကုန်တွေကို လွှင့်ပစ်နေရချိန်မှာ လူအချို့ငတ်ပြတ်ဆင်းရဲနေတာဟာ စစ်ကောင်စီခေတ်ရဲ့ မကြုံစဖူးထူးခြားတဲ့ စီးပွားရေးဖြစ်စဥ်ပါ။

    အပြည့်အစုံ ဖတ်ရန်
    next
  6. Workers in a cotton field in Xinjiang

    တရုတ်အနောက်ပိုင်း ရှင်ကျန်းဒေသက သိန်းချီတဲ့ ဝိဂါ အလုပ်သမားတွေကို ဝါစိုက်ခင်းကြီးတွေမှာ မညှာမတာ ခိုင်းစေမှုတွေရှိတယ် ဆိုတဲ့ အချက်အလက်သစ်တွေပါတဲ့ စာတမ်းကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  7. စစ်တွေ မင်းဂံရပ်ကွက်မှာ ထောက်ပံ့ကြေးတောင်းဆိုနေကြသူတွေ

    စစ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ စုရုံးဆန္ဒပြတောင်းဆိုနေကြတဲ့အတွက် ရဲတပ်ဖွဲ့ ရောက်ရှိလာခဲ့ပြီး လုံခြုံရေး တိုးချဲ့ချထားပေးခဲ့ရပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  8. နိုင်ရိုဘီမှာ ငါးလ သမီးလေး အခိုးခံလိုက်ရတယ်လို့ ယူ

    ကလေးမှောင်ခိုဂိုဏ်းနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ အဆင့်မြင့် ကျန်းမာရေး ဝန်ထမ်းသုံးဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  9. Video content

    Video caption: ကင်ညာက ကလေးမှောင်ခိုးစျေးကွက်အကြောင်း ဘီဘီစီ ဖော်ထုတ်

    အိမ်ယာမဲ့ မိခင်တွေဆီကနေ ကလေးငယ်တွေကို ခိုးယူပြီး တရားမဝင် အမြတ်ထုတ် နေကြတာ ဖြစ်

  10. Video content

    Video caption: ရုရှားကဝေးလံခေါင်းပါးတဲ့ပြည်နယ်တွေမှာ အဆိုးဆုံးထိခိုက်

    ချမ်းသာပြီး ပြည့်စုံတဲ့ မော်စကိုမြို့တော်မှာ ယာယီဆေးရုံကြီးတွေ ဖွင့်နေချိန်မှာ ကီလိုမီတာ တစ်ထောင်ကျော်အကွာ မြောက်ဖက်ပိုင်းဆေးရုံတွေမှာ လူနာထားစရာ ခုတင်မရှိတော့ပါဘူး။

စာမျက်နှာ 1 ရဲ့ 5