ပုပ်ဖရန်စစ်

  1. မြန်မာပြည်ထဲ စစ်ဘေးရှောင်ပြည်သူတွေထံ ကယ်ဆယ်ရေးလမ်းတွေ ဖွင့်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား

    မြန်မာနိုင်ငံထဲက စစ်ဘေးရှောင် ပြည်သူတွေ၊ ဆာလောင် မွတ်သိပ်နေသူတွေထံ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ အရောက် ပေးပို့ခွင့်ပြုဖို့ ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာ စစ်ခေါင်းဆောင် တွေကို မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

    ဗာတီကန်မြို့တော်၊ စိန့်ပီတာ ရင်ပြင်မှာ တနင်္ဂနွေနေ့ အများပရိသတ်ကို မေတ္တာပို့ ဆုတောင်း ပေးရင်းသား၊ မြန်မာအရေးကိုပါ ပုပ်ရဟန်းမင်းကြီး ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဒုက္ခသည်အရေး အများသတိပြုမိအောင် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဇွန်လ ၂၀ ရက်၊ ကမ္ဘာ့ ဒုက္ခသည်နေ့မှာ ပုပ်ဖရန်စစ်ဟာ မြန်မာပြည်တွင်းက စစ်ဘေးရှောင်တွေ အရေး ထပ်လောင်း ပြောဆိုလာပြန်တာ ဖြစ်ပါတယ်။

    မြန်မာ နိုင်ငံမှာ စစ်အာဏာသိမ်း ခံရပြီးနောက် ပဋိပက္ခတွေ အတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဖြစ်ရပ်တွေ တိုးတက်ပေါ်ပေါက် လာနေပါတယ်။

    ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦး၊ ဘုရားကျောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တချို့ ရှိခဲ့တဲ့နောက်၊ ဘုရားပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ပလီဝတ်ကျောင်းတွေ အပါအဝင် ဘာသာရေး နေရာဌာနတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေလို အများပြည်သူ ခိုကိုးရာ နေရာတွေ အပေါ်လေးစားကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုပါတယ်။

    “မြန်မာနိုင်ငံထဲက ကက်သလစ် ဘိရှော့ ဘုန်းတော်ကြီးတွေ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တိုက်တွန်းခဲ့သလိုပဲ အကျွန်ုပ်လည်း ထပ်တူ တိုက်တွန်းလိုပါတယ်။ မြန်မာပြည်ထဲမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးနေရတာတွေ၊ သေလုနီးပါး ငတ်မွတ် နေကြရတာတွေကို ကမ္ဘာကြီး သိစေချင်ပါတယ်။ စာနာမှု ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖွင့်ပေးဖို့ မြန်မာ ဘိရှော့များနဲ့ အတူ အကျွန်ုပ်လည်း တိုက်တွန်းပါတယ်” ဆိုပြီး ပြောသွားပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
    Image caption: မြန်မာအရေး အလေးထား ပြောဆိုနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
  2. မြန်မာလူငယ်တွေရဲ့ သွေးတွေ မြေပေါ်ထပ်မကျစေတော့ဖို့ စစ်ကောင်စီကို ပုပ်ဖရန်စစ် မေတ္တာရပ်ခံ

    စစ်ကောင်စီက လူတွေကို လမ်းပေါ် ပစ်သတ်နေတာတွေကို ရပ်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းဆိုနေတာတွေထဲ ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လည်း ပါ၀င်လာပါတယ်။

    မြန်မာပြည်မှာ သွေးမြေကျနေရတာတွေ ရပ်တန့်ဖို့ ပုပ်ဖရန်စစ်က မေတ္တာရပ်ခံပါတယ်။

    လူပရိသတ်အများကို အပတ်စဥ် ပြောတဲ့ တရားပွဲကို အခု ကိုဗစ်ကာလမို့ ဗာတီကန်နန်းတော် စာကြည့်တိုက်ထဲမှာ ပြုလုပ်ရင်း မြန်မာအကြောင်းကိုပါ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောလာတာ ဖြစ်ပါတယ်။

    “ မြန်မာပြည်မှာဆိုးရွားနေတဲ့ အခြေအနေတွေအကြောင်း အရေးတကြီး ထပ်ပြီးပြောဖို့လိုလာပြီလို့ ကျွန်ုပ် အင်မတန် ၀မ်းနည်းစွာ ထင်မြင်ယူဆပါတယ်။

    မြန်မာပြည်အတွက် မျှော်လင့်ချက်ကို ပေးစွမ်းနိုင်ဖို့ ကြိုးစားကြရင်း ငယ်ရွယ်သူတွေ အများစု ဖြစ်တဲ့ လူပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်။

    မြန်မာပြည်ရဲ့ လမ်းမတွေပေါ် အကျွန်ုပ် ဒူးထောက်ပြီး၊ အကြမ်းဖက်မှု ရပ်တန့်ပါလို့ ပြောဆိုပါတယ်။

    ကျွန်ုပ်ရဲ့ လက်တွေကို ဆန့်တန်းပြီးတော့လည်း ပြောပါမယ်။ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာကြပါ။သွေးထွက်သံယို ဖြစ်ခြင်းနဲ့ ဘာကိုမှ ဖြေရှင်းလို့ မရနိုင်ပါဘူး။ တွေ့ဆုံ ဆွေးနွေးကြပါ။” ဆိုပြီး ပုပ်ဖရန်စစ်က ပြောသွားပါတယ်။

    ပုပ်ဖရန်စစ်
    Image caption: သွေးထွက်သံယို ဖြစ်ခြင်းနဲ့ ဘာကိုမှ ဖြေရှင်းလို့ မရနိုင်ပါဘူး။ တွေ့ဆုံ ဆွေးနွေးကြပါ
  3. ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ

    ယူကရိန်းလေယာဉ် ပစ်ချမှု အီရန်မှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်၊ ပုပ်သစ်ကို ပုပ်ဟောင်းက သတိပေး၊ အီရန်ကို စွန့်ခွာမယ့် အိုလံပစ်ဆုရှင် ....

    အပြည့်အစုံ ဖတ်ရန်
    next