အနုပညာ

  1. ကိုသိမ်းမြတ်

    ဘီဘီစီမြန်မာပိုင်း

    ရန်ကုန်မှာ ကျင်းပတဲ့ ၂၀၁၆ အာရှဘောလုံးအဖွဲ့ချုပ် ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲမှာ နိုင်ငံတော်သီချင်း သီဆိုနေတဲ့ မြန်မာအသင်းသားတွေနဲ့ ကလေးငယ်တွေ

    နိုင်ငံတော်သီချင်းစာသားမှာ ကမ္ဘာမကျေလို့ရေးရမှာလား၊ ကမ္ဘာမကြေလို့ရေးရမှာလားဆိုတာနဲ့ဆက်စပ်တဲ့ တွေးတောစရာများ။

    အပြည့်အစုံ ဖတ်ရန်
    next
  2. ကနေဒါမြို့မှာ ခင်းကျင်းထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အနုလက်ရာပြပွဲ

    Quote Message: “အဆိုးထဲက အကောင်းကတော့ စစ်အာဏာရှင်ကို တွန်းလှန်ကြဖို့ လူတွေအားလုံး တသွေးတသားတည်း စည်းလုံးသွားစေတယ်။ ဒီတိုက်ပွဲမှာ လူတွေ ညီညွတ်ကြတယ်” from ဟယ်နာကယ်ရင် Atutu Canada
    ဟယ်နာကယ်ရင်Atutu Canada
    မြေမြှုပ်မိုင်း
    Image caption: မြေမြှုပ်မိုင်းတွေရှိနေဆဲ နေရာမှာ နေကြရသူတွေ သန်းပေါင်းများစွာရှိ

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မြန်မာပြည်သူတွေ လှုပ်ရှားရုန်းကန်နေကြတာတွေကို ဖော်ကျူးထားတဲ့ အနုပညာ လက်ရာတွေကို ကနေဒါ နိုင်ငံ၊ ဗြိတိသျှကိုလံဘီယာနယ်ထဲက ကယ်လိုနာ Kelowna မြို့မှာ ပြသနေပါတယ်။

    “လွတ်လပ်ခြင်းအတွက် အနုပညာ” ဆိုတဲ့ ခေါင်းစဥ်အောက် ကယ်လိုနာမြို့ ရော့ထရီစင်တာရဲ့ လေဟာပြင် အထူးပြပွဲ အနေနဲ့ မြန်မာပြည်ကလာတဲ့ အနုလက်ရာ ၁၆ ခုကို ဇူလိုင်လကုန်အထိ ခင်းကျင်း ပြသထားမှာ ဖြစ်ပါတယ်။

    မြန်မာပြည် တနံတလျားက အနုပညာရှင်တွေရဲ့ လက်ရာတွေကို စုစည်းထားတာ ဖြစ်ပါတယ်။

    “မြန်မာပြည်ထဲကနေ လာတဲ့ အနုပညာလက်ရာတွေ ဖြစ်ပါတယ်။ ဖန်တီးသူတွေရဲ့ နာမည်ကို သူတို့ရဲ့ လုံခြုံရေးအရ မဖော်ပြပါဘူး။ သူတို့အနေနဲ့ အဖမ်းခံရ၊ အသတ်ခံရနိုင်တဲ့ အထိ အန္တရာယ် ကြီးပါတယ်” ဆိုပြီး ဒီပြပွဲကို ဦးဆောင်စီစဥ်သူ တစ်ယောက် ဖြစ်တဲ့ ဟယ်နာကယ်ရင်က ပြောပါတယ်။

    ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ လူမှုဘဝ ညီမျှရေး စတာတွေကို အာရုံစိုက်တဲ့ ကနေဒါ အခြေစိုက် ဖွံဖြိုးရေးအဖွဲ့ ကူဆိုအင်တာနေရှင်နယ်ရဲ့ အကြံပေး အဖြစ် မစ္စကယ်ရင်ဟာ မြန်မာပြည်မှာ ၂ နှစ်တာမျှ နေထိုင် အလုပ်လုပ်ကိုင် ခဲ့ဖူးသူ ဖြစ်ပါတယ်။

    “မြန်မာပြည်မှာ နေတုန်းက လူတွေက ကျွန်မအပေါ် သိပ်ကောင်းကြတာ၊ ဖေဖေါ်ဝါရီကစပြီး တုန်လှုပ်စဖွယ်တွေ ဖြစ်လာတော့ တစ်လလောက် အိပ်မရဘူး” လို့ မစ္စကယ်ရင်က ဆိုပါတယ်။

    အခု ပြပွဲမှာ မြန်မာ အနုပညာရှင်တွေရဲ့ ပန်းချီတွေ၊ ကောက်ကြောင်း စကက်ရှ်တွေ၊ ဓာတ်ပုံတွေ ပါဝင်ပြီး အာဏာသိမ်းပြီး ဖြစ်ပျက်ခဲ့တဲ့ အဓိက အကြောင်းအရာ ဖြစ်ရပ်တွေ (ဥပမာ- လက်သုံးချောင်းထောင် သင်္ကေတ၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM၊ Milk Tea Alliance လှုပ်ရှားမှု စတာတွေ) ကို ထင်ဟပ်ဖော်ပြနေပါတယ်။

    “ကျွန်မမှာ ဘေးကင်းလုံခြုံရာနေရာမှာ နေရလို့ အပြစ်မကင်းတဲ့ ခံစားမှုမျိုး ဖြစ်နေရတယ်။ ကျွန်မမှာ နေစရာနေရာရှိတယ်။ အိမ်ထဲကို ကျည်ဆံတွေ ၀င်လာမှာ မကြောက်ရဘူး။ ဒါပေမယ့် မြန်မာပြည်က ကျွန်မမိတ်ဆွေတွေအတွက်တော့ ဒီလို မဟုတ်ဘူး။ မြန်မာပြည်မှာ အနုပညာ သမားဖြစ်ရတာ နဂိုကမှ လွယ်တာမဟုတ်ဘူး၊ စစ်အာဏာရှင်လက်အောက် အခြေအနေ ပိုဆိုးတယ်” လို့ မစ္စကယ်ရင်က ဆိုပါတယ်။

    CDM
    Image caption: CDM မီးရထားဝန်ထမ်းကို ဖော်ကျူးထားတဲ့လက်ရာ
    သံပုံးတီးပြီး အာဏာရှင်ကို တောထုတ်
    Image caption: သံပုံးတီးပြီး အာဏာရှင်ကို တောထုတ်
    အာဏာရှင်က အကြမ်းဖက်နှိမ်နှင်း
    Image caption: အာဏာရှင်က အကြမ်းဖက်နှိမ်နှင်း
    CDM
    Image caption: စစ်အာဏာရှင်ကို အထိနာစေတဲ့ CDM
  3. ကိုသိမ်းမြတ်

    ဘီဘီစီမြန်မာပိုင်း

    girl dancing

    ရပ်ကြီးသူတို့၊ ဆာပါ၊ ပရောဝါ၊ ကျင်ခပ်ပဝါ၊ နွတ်စိမ်းပဝါ၊ ကွမ်းတုံပိန်း

    အပြည့်အစုံ ဖတ်ရန်
    next
  4. အန်နဘဲလ် ရက်ဟမ် နှင့် ရေချယ်လ် စတုန်းဟောက်စ်

    နယူးစ်ဘိ သတင်းထောက်များ

    Lily Collins

    စိတ်ကူးယဉ်လို့ အင်မတန်ကောင်းတဲ့ ကြည်နူးဖွယ်ရာ ပါရီ အငွေ့အသက်ကို ရိုက်ကူးပြတဲ့ အခါမှာ ဝေဖန်သံတွေ ညံခဲ့လို့ ဖန်တီးတင်ပြသူ ဒယ်ရင် စတားကတော့ ကာကွယ် ပြောကြားခဲ့ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  5. ဦးပဉ္ဇင်း ဦးကိတ္တိသာရ

    ဦးပဉ္ဇင်းကျော်ဟိန်းက မပျံလွန်ချိန်ကတည်းက သူ့ ခန္ဓာကိုယ်ကို သူကွယ်လွန်ချိန်မှာ လှူချင်တယ်လို့ မှာထားခဲ့တယ်လို့ ဆိုပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  6. အာဂျင်တီးနားနိုင်ငံ ရိုဆာရီယို မြို့လယ်ခေါင်က နီယိုကလပ်စစ်ကယ် ရှေးဟောင်း ဂရိနဲ့ ရောမ လက်ရာ ပုံစံတိုက်ခန်း တိုက်ခန်းတခုမှာ ချေဂွာဗားရားကို ၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့။

    ဒီတိုက်ခန်းကို လာလည်ကြတဲ့ ထင်ရှားကျော်ကြားသူတွေ များစွာရှိခဲ့။

    အပြည့်အစုံ ဖတ်ရန်
    next
  7. ဘိုဘို

    ဘီဘီစီမြန်မာပိုင်း

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ်ပြိုင်များ

    ၇၅ နှစ်ပြည့်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခေတ်တည်း ထင်ရှားပြီး နယ်ပယ်အသီးသီးမှာ အောင်မြင်ခဲ့သူတွေက ဘယ်သူတွေလဲ

    အပြည့်အစုံ ဖတ်ရန်
    next
  8. ဒေါ်ခင်မျိုးချစ်

    ၁၀၅ နှစ်ပြည့်ချိန်ထိ မြန်မာပြည်အကြောင်း ကမ္ဘာကို ဖြန့်‌‌‌နေသူ

    အပြည့်အစုံ ဖတ်ရန်
    next
  9. ဘိုဘို

    ဘီဘီစီမြန်မာပိုင်း

    burma

    အခုခေတ် လူငယ်တွေရဲ့ သင်္ကြန်တန်ဖိုးဟာ လွန်ခဲ့တဲ့ နှစ် ၅ဝ နဲ့ တူမှာ မဟုတ်သလို ၁၉၈၈ ဟိုဘက်ခေတ်နဲ့လည်း တူမှာ မဟုတ်

    အပြည့်အစုံ ဖတ်ရန်
    next
  10. ဘိုဘို

    ဘီဘီစီ မြန်မာပိုင်း

    ludu

    စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာ ရေးခဲ့တဲ့ သီချင်းဟာ ဘာလဲ

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 3