သြစတြေးလျ

  1. အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ တောင်တရုတ်ပင်လယ်တွင်း ၂၀၁၉ ခုနှစ်က ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့စဉ်

    ဒီနိုင်ငံတွေဟာ "စစ်အေးတိုက်ပွဲကာလက စိတ်နေ သဘောထားတွေကို ကိုင်စွဲနေသလို၊ အတွေးအခေါ်မတူမှုတွေကို အာဃာတတွေ ထားတုန်းပဲ" လို့ တရုတ်က စွပ်စွဲ

    အပြည့်အစုံ ဖတ်ရန်
    next
  2. နမ္မတူဘော်တွင်းကနေ ဩစတြေးလျ ကုမ္ပဏီ ထွက်တော့မယ်

    မြန်မာထဲကနေ လက်ကြီးကုမ္ပဏီတစ်ခု ထပ်ပြီး ထွက်ခွာ

    နမ္မတူဘော်တွင်း
    Image caption: စစ်အာဏာသိမ်းပြီးနောက် ဘော်တွင်းမှာ ငွေအရင်းအနှီးထည့်မယ့်သူတွေ ကိုယ်ရှိန်သတ်

    ရှမ်းပြည်နယ် နမ္မတူဘော်တွင်းရဲ့ ရှယ်ယာ အများစု ၅၁% ကို ပိုင်တဲ့ ဩစတြေးလျ အခြေစိုက် မြန်မာမက်တယ် Myanmar Metalsကုမ္ပဏီဟာ သူတို့ပိုင်ရှယ်ယာတွေ ရောင်းဖို့ စီစဥ်ထားတယ်လို့ ဇူလိုင် ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက်ပိုင်း ယိုယွင်းလာတဲ့ အခြေအနေတွေ၊ မတည်ငြိမ်မှုတွေကြောင့် အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန် ဘော်တွင်း ပရောဂျက်ကို ဆက်လုပ်ဖို့ရာ အခက် တွေ့လာရတယ်လို့ ဆိုပါတယ်။

    “ပရောဂျက်အတွက် ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လက်ငင်း အခြေအနေတွေမှာ ရလာဖို့ ဆိုရင် အင်မတန် ခက်ခဲမှာ ဖြစ်ပြီး၊ လက်တွေ့အရ မဖြစ်နိုင်ဘူးလို့ ဘုဒ်အဖွဲ့က သုံးသပ်ထားတယ်” ဆိုပြီး ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

    ရှယ်ယာရှင်တွေ အတွက် အကောင်းဆုံးကတော့ ဘော်တွင်း ပရောဂျက်ထဲ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ရောင်းတာဖြစ်စေ၊ မြန်မာမက်တယ် ကုမ္ပဏီတစ်ခုလုံးကို ရောက်တာဖြစ်စေ ပြုလုပ်ဖို့လိုတယ် ဆိုပြီး ဘုဒ်အဖွဲ့က ဆုံးဖြတ်ထားတယ်လို့လည်း ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    ဘော်တွင်း ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ အရင် ပြောဆိုထားသူတွေ အားလုံး ဖေဖေါ်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းငွေထုတ်မပေးတော့ဖို့ စိတ်ပြောင်းသွားကြတယ်လို့ နားလည်ရပါတယ်။

    ဒါ့ကြောင့် ပရောဂျက်ထဲ ဆက်ပါနေဦးမယ်ဆိုရင် မြန်မာမက်တယ် အနေနဲ့ လက်ရှိ မတည်ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်းခွဲနီးပါးဟာ တစ်နှစ်အတွင်း ကုန်သွားနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

    ဘော်တွင်း ပရောဂျက်ဟာ ငွေသတ္တုတင်မက၊ ခဲနဲ့ သွပ်တို့ပါ ထုတ်မယ့် လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီ ပရောဂျက်ရဲ့ ရှယ်ရာအများစု ၅၁%ကို ဩစတြေးလျ ကုမ္ပဏီ မြန်မာမက်တယ်က ၂၀၁၈ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး၊ ကျန် ရှယ်ယာတွေကတော့ ပြည်တွင်း ကုမ္ပဏီတွေ ဖြစ်တဲ့ ဝင်းမြင့်မို ကုမ္ပဏီ လိမိတက် WMM နဲ့ အီးအေပီ ဂလိုဘယ် EAP တို့ တဝက်စီပိုင်တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    မြန်မာမက်တယ်က နမ္မတူဘော်တွင်း ပရောဂျက် ရှယ်ယာ အများစုကို ရောင်းချဖို့ ဝယ်လက်တွေကို ရှာတဲ့အခါ၊ တရုတ်အခြေစိုက် ယင်တိုင် ဂိုးလ်ဒ် ကော်ပိုရေးရှင်း Yintai Gold Co ဆိုတဲ့ သတ္တုတွင်း ကုမ္ပဏီက စိတ်ဝင်စားပြီး အမေရိကန် ဒေါ်လာ ၆၆ သန်းခွဲ ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

    ဘော်တွင်း
    Image caption: တရုတ်ကုမ္ပဏီက ဝ​ယ်မယ်ဆိုပြီး ကမ်းလှမ်းထား
  3. မြန်မာစစ်ကောင်စီကို အရေးယူဖို့ လက်နှေးနေတဲ့ ဩစတြေးလျအစိုးရ ဖိအားတွေနဲ့ကြုံ

    ဩစတြေးလျနိုင်ငံမှာ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင် ဦးဆောင်တဲ့ အစိုးရ အနေနဲ့မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ၊ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေ အပေါ် ပိတ်ပင် ကန့်သတ်တာတွေ ချမှတ်ဖို့ နိုင်ငံရေးပါတီ အသီးသီးက ပါတီဝင် ပါလီမန် အမတ်တွေ ဖိအားပေး နေပါတယ်။

    လက်ရှိမှာတော့ ဩစတြေးလျ အနေနဲ့ မြန်မာစစ်တပ် အရာရှိ ၅ ယောက်အပေါ် ၂၀၁၈ ကတည်းက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေပဲ ရှိနေပါတယ်။

    အဲဒီအထဲ အာဏာသိမ်း စစ်ခေါင်းဆောင် ထိပ်ဆုံး နှစ်ယောက်စလုံး မပါဝင်ဘူး ဆိုပြီး ထောက်ပြကြပါတယ်။

    ဩစတြေးလျ အစိုးရ အပေါ် ဖိအားပေးသူတွေထဲ၊ ဝန်ကြီးချုပ်မော်ရစ်ဆင်ရဲ့ လစ်ဘရယ်ပါတီဝင် အမတ်တွေလည်း ပါဝင်နေပြီး၊ ကျန်တဲ့ နေရှင်နယ်၊ လေဘာ၊ ဂရင်း ပါတီပေါင်းစုံက တောင်းဆို နေတာ ဖြစ်ပါတယ်။

    ဒါ့အပြင်၊ ဩစတြေးလျ ထဲ ဆက်ပြီး နေလိုတဲ့ မြန်မာနိုင်ငံသားတွေကို အမြဲတမ်း နေထိုင်ခွင့် ကမ်းလှမ်းဖို့လည်း အစိုးရအပေါ် ပါလီမန်အမတ်တွေ တိုက်တွန်း နေပါတယ်။

    မြန်မာအရေး ဖိအားပေးခံနေရတဲ့ ဩဇီဝန်ကြီးချုပ်
    Image caption: မြန်မာအရေး ဖိအားပေးခံနေရတဲ့ ဩဇီဝန်ကြီးချုပ်
  4. သြစတြေးလျမှာ လူ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

    ANOM အပ်ပလီကေးရှင်းကို အသုံးပြီးနောက် မက်ဆေ့ချ်တွေ စောင့်ကြည့်ခံရရာက ကမ္ဘာအနှံ့က လူပေါင်းရာချီပြီး အဖမ်းခံခဲ့ရပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  5. အာဖဂန်က သြစတြေးလျသံ ရုံးပိတ်သိမ်းမယ့် ကြေညာချက်ကို သြစတြေးလျဝန်ကြီးချုပ်  အင်္ဂါနေ့က ထုတ်ပြန်

    နိုင်ငံတကာတပ်တွေ အာဖဂန်နစ္စတန်က ထွက်ခွာနေကြတဲ့အလားတူ အာဖဂန်မြို့တော်ကဘူးမှာ အခြေစိုက်ထားတဲ့ သူတို့ သံရုံးကို သောကြာနေ့ကစပြီး ပိတ်ပစ်တော့မယ်လို့ သြစတြေးလျ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  6. ဓါတ်ပုံ ၁။ ။ အိန္ဒိယမှာ ပိတ်မိနေတဲ့ မစ္စတာ မန်ဒိ ရှာမား သြစတြေးလျတွင် ရှိစဉ်က သူ၏ မိသားစုနှင့်အတူ တွေ့ရစဉ်

    သြစတြေးလျမှာ ကိုဗစ်ဖြစ်နှုန်းနဲ့ သေနှုန်းနည်းပေမယ့် ဒီလို ဖြစ်အောင် စည်းကမ်းတင်းကြပ်မှုကြောင့် ရှိနေတဲ့ အခက်အခဲများ

    အပြည့်အစုံ ဖတ်ရန်
    next
  7. ဒီဥပဒေသစ်ကြောင့် သြစတြေးလျနိုင်ငံသားတွေ သူတို့  ရှာစက်ကို သုံးမရ ဖြစ်သွားမယ်လို့ ဂူဂဲလ်က ဆို

    ဂူဂဲလ်၊ ဖေ့ဘွတ်ခ်နဲ့ တခြား အင်တာနက် နည်းပညာကုမ္ပဏီတွေအနေနဲ့ သက်ဆိုင်ရာ သတင်းမီဒီယာဌာနတွေကို ငွေပေးစေဖို့ လုပ်ဆောင်မယ့် ကမ္ဘာ့ ပထမဦးဆုံးသော ဥပဒေတစ်ခုကို သြစတြေးလျက ပြဋ္ဌာန်းဖို့ စီစဉ်နေပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  8. အဖော်တွေအကူအညီလိုက်ရှာစဉ်မှာ အဖေဖြစ်သူနဲ့သားဟာ ပိတ်မိတဲ့နေရာမှာပဲနေခဲ့

    သူတို့နဲ့ခရီးအတူထွက်လာတဲ့ အဖော်တွေက ၁၂ နာရီကျော် လမ်းလျှောက်ပြီး အကူအညီ လိုက်ရှာဖွေခဲ့ရ။

    အပြည့်အစုံ ဖတ်ရန်
    next
  9. Video content

    Video caption: သရက်သီးခြောက်တွေနဲ့ ချုပ်ထားတဲ့ ဝတ်စုံ

    သြစတေးလျက ဆယ်ကျော်သက် ကောင်မလေးတဦးဟာ သရက်သီး တထောင်ကျော်သုံးပြီး ဝတ်စုံတစုံ ဖန်တီး

  10. ဆစ်ဒနီမှာ လူတွေ အိမ်မှာပဲနေကြဖို့ အမိန့်ထုတ်ထား

    ပြီးခဲ့တဲ့ရက်ပိုင်း အုပ်စုလိုက် ကူးစက်မှုတွေရှိခဲ့ပြီး ပြည်ပ ခရီးသွားရာဇဝင်မရှိသူတွေမှာ ပိုးတွေ့ခဲ့

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 5