မလေးရှား

  1. ဘေလ် ဟေတန်

    လန်ဒန်မြို့ နိုင်ငံတကာရေးရာ အကြံပေးအဖွဲ့ Chatham House က ပညာရှင်၊ ဘီဘီစီ ဗီယက်နမ်ဌာန သတင်းထောက်ဟောင်း

    အာဆီယံ၊ ထိပ်သီးဆွေးနွေးပွဲ၊ မြန်မာ၊ စစ်အာဏာသိမ်း

    မြန်မာနိုင်ငံက သွေးချောင်းစီးမှု အခြေအနေ အဆုံးသတ်သွားဖို့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲက ဆောင်ရွက်ပေးနိုင်မလား။

    အပြည့်အစုံ ဖတ်ရန်
    next
  2. ရဲတံခွန် ကမ်းလွန်သဘာ၀ဓာတ်ငွေ့ တူးဖော်မှု ရပ်လိုက်ပြီ

    ရဲတံခွန် စီမံကိန်းဟာ အနှစ် ၂၀ နီးပါး ကြာနေပြီ
    Image caption: ရဲတံခွန် စီမံကိန်းဟာ အနှစ် ၂၀ နီးပါး ကြာနေပြီ

    မလေးရှား အစိုးရပိုင် စွမ်းအင်ကုမ္ပဏီကြီး ဖြစ်တဲ့ ပက်ထရိုးနပ်စ်က မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ပြင်မှာ သူတို့ တူးဖော်နေတဲ့ ရဲတံခွန် သဘာ၀ဓာတ်ငွေ့ လုပ်ကွက်တွေကို စာချုပ်သက်တမ်း မပြည့်ခင် ရပ်နားကြောင်း ကြေညာပါတယ်။

    ပက်ထရိုးနပ်စ်အောက်က ကုမ္ပဏီခွဲဖြစ်တဲ့ PC Myanmar (Hong Kong) Limited (PCML) က တူးဖော်နေတဲ့ အဲဒီနေရာတွေမှာ ဓာတ်ငွေ့ထွက်တဲ့ ပမာဏ ကျဆင်းလာတဲ့ အတွက် ထုတ်လုပ်မှုကို နောက်ထပ်တစုံတရာ မထုတ်ပြန်မချင်း နားထားမယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီ လက်ထဲ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ကနေ ငွေကြေးတွေ မရောက်အောင် ပိတ်ဆို့ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က နိုင်ငံတကာကို နှိုးဆော်နေချိန် ဖြစ်ပါတယ်။

    ဒါပေမယ့်၊ ပက်ထရိုးနပ်စ်ရဲ့ အခု ဆုံးဖြတ်ချက်ကတော့ အဲဒီလိုမျိုး နိုင်ငံရေးဆိုင်ရာ အကြောင်းချင်းရာပေါ် အခြေခံတယ်လို့ မယူဆနိုင်ပါဘူး။

    ရဲတံခွန် စီမံကိန်းဟာ အနှစ် ၂၀ နီးပါး ကြာနေပြီ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဓာတ်ငွေ့ထွက်တဲ့ ပမာဏကျဆင်းနေတဲ့ အတွက် ၊ လုပ်ငန်း ရှေ့ဆက်သင့် မသင့် သုံးသပ်နေတဲ့ သတင်းတွေ ထွက်ခဲ့နှင့်ပြီး ဖြစ်ပါတယ်။

    နိုင်ငံရေးဆိုင်ရာ အကြောင်းချင်းရာပေါ် အခြေခံတယ်လို့ မယူဆနိုင်ပ
    Image caption: နိုင်ငံရေးဆိုင်ရာ အကြောင်းချင်းရာပေါ် အခြေခံတယ်လို့ မယူဆနိုင်ပ
  3. မြန်မာရေတပ်

    အာဆီယံအရေးပေါ် အစည်းအ၀ေး မပြီးမချင်း မြန်မာတွေကို ပြန်မလွှတ်ဖို့ မလေးဆုံးဖြတ်

    အပြည့်အစုံ ဖတ်ရန်
    next
  4. အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေ အစည်းအ၀ေးကနေ မြန်မာအရေး ဘုံကြေညာစာတမ်း မထုတ်ပြန်နိုင်

    မြန်မာအရေးအတွက် အထူးပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ အစည်းအ၀ေးအပြီး သဘာပတိ ဘရူနိုင်းနိုင်ငံကနေ ကြေညာချက် တစ်စောင် ထုတ်ပြန် ပါတယ်။

    အားလုံးသဘောတူ ကြေညာစာတမ်း အနေနဲ့ ထွက်မလာနိုင်တဲ့ အတွက် သဘာပတိနိုင်ငံက ထုတ်ပြန်တာလို့ နားလည် ရပါတယ်။

    (ဘရူနိုင်းဟာ အာဆီယံအလှည့်ကျဥက္ကဌနိုင်ငံဖြစ်ပါတယ်။)

    နိုင်ငံရေး အကျဥ်းသားတွေ ချက်ခြင်းလွှတ်ဖို့၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ကြား၀င် ဖြေရှင်းခွင့်ပေးဖို့ တောင်းဆိုမှုတွေ အစည်းအ၀ေးတွင်းမှာ ရှိခဲ့ပြီး၊ အဲဒီလို နိုင်ငံရေးတောင်းဆိုချက်တွေ အပေါ် ဘုံသဘောတူမှု မရနိုင်ခဲ့တာ ဖြစ်ပါတယ်။

    -ပြည်ပက မြန်မာ သံရုံးဝန်ထမ်းတွေကို နေပြည်တော်ကို ပြန်လည်ခေါ်ယူ

    -အာဆီယံတွင်း မြန်မာအရေး ဖြေရှင်းဖို့ရာ အင်ဒိုဘာလို့ ဦးဆောင်နေတာလဲ

    သဘာပတိ ဘရူနိုင်းနိုင်ငံရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံထဲ အကြမ်းဖက် ဖြစ်ရပ်တွေ ထပ်ပေါ်ပေါက် မလာအောင် အားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ ဆိုပြီး ရေးသားထားပါတယ်။

    မြန်မာနိုင်ငံအပေါ် အာဆီယံအနေနဲ့ အပြုသဘောဆောင်တဲ့ သဘောထားနဲ့ အကူအညီပေးဖို့ အသင့်ပဲဆိုတာကို အစည်းအ၀ေးအတွင်း ပြောခဲ့ကြတယ်ဆိုပြီး ဘရူနိုင်းရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    အာဆီယံ- အမေရိကန် နိုင်ငံခြားရေး၀န်ကြီးအဆင့် အထူး အစည်းအ၀ေးလည်း မကြာခင် ကျင်းပဖို့ ရှိတယ်ဆိုတဲ့ အချက်ကို အဲဒီ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

    အဲဒီ အစည်းအ၀ေးမှာသာ ဦး၀ဏ္ဏမောင်လွင် ပါ၀င်လာမယ်ဆို၊ အမေရိကန် အနေနဲ့ မြန်မာ အာဏာသိမ်း စစ်ကောင်စီကို အစိုးရတစ်ရပ် အနေနဲ့ ဆက်ဆံရတဲ့ သဘောမျိုး ဖြစ်လာလိမ့်မလား ဆိုတဲ့ မေးခွန်းလည်း ထွက်လာစေပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်
    Image caption: စင်္ကာပူနိုင်ငံခြားရေး၀န်ကြီးနဲ့ အတူတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်
  5. ဇန်နဝါရီ ၂၀ ရက်က မြန်မာနိုင်ငံ ပြန်လာမယ့်သူများ

    အထောက်အထားမဲ့ မြန်မာလုပ်သားတွေကတော့ နိုင်ငံရင်းကို ပြန်ဖို့ မလေးရှားအစိုးရကို ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  6. မလေးရှား၊ ကိုဗစ်၊ အရေးပေါ် ကြေညာချက်၊ နိုင်ငံရေး

    မလေးရှားမှာ ဘုရင်ရဲ့ ကိုဗစ် အရေးပေါ်အမိန့်ကြောင့် အစိုးရအနေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ယာယီ ရှောင်လွှဲနိုင်ခွင့် ရသွားလိမ့်မယ်လို့ အကဲခတ်တွေက ပြောနေပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  7. Najib Razak

    1MDB နိုင်ငံတော်ရန်ပုံငွေကနေ ဒေါ်လာသန်း ရာနဲ့ချီ ကိုယ်ကျိုးအတွက်ရယူခဲ့တယ်လို့ နာဂျစ်ရာဇက်စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  8. ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၁၅ ဦးအထိရှိလာ

    ပိုးကူးစက်သူအများစုက ပြည်ပက ဝင်ရောက်လာခဲ့ကြသူတွေဖြစ်ပြီး အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေနဲ့ မလေးရှားနိုင်ငံက ပြန်လာခဲ့ကြသူတွေဖြစ်။

    အပြည့်အစုံ ဖတ်ရန်
    next
  9. ကယ်ဆယ်ရေးလေယာဥ်နဲ့ မလေးရှားကပြန်လာသူ အချို့

    ဇွန်လ ၁၇ ရက်နေ့မှာ မြန်မာအစိုးရရဲ့ အစီအစဥ်နဲ့ ပြန်လည်ခေါ်ယူ ဖို့ရှိတဲ့ ကယ်ဆယ်ရေးလေယာဥ်နဲ့ လိုက်ပါမယ့်သူတွေဟာ ကိုဗစ် ၁၉ ကင်းရှင်းကြောင်း မလေးရှားအစိုးရရဲ့ ဆေးစစ်ချက်တင်ပြဖို့ လိုပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. မလေးရှားကို ၂၀၁၈ တုန်းက ရောက်လာဖူးတဲ့ ရိုဟင်ဂျာလှေ

    ကိုဗစ်ရေဂါ ကူးစက်မှုကြောင့် ကမ်းမကပ်နိုင်ဘဲ ပင်လယ်ထဲ သီတင်းပတ်အတော်ကြာ မျောနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မလေးရှားက ထိန်းသိမ်းလိုက်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 3