အစားအစာ ဘေးကင်းရေး

  1. နေရာ‌ရွှေ့ပြောင်းလာတဲ့ ကန်ဒဟာမြို့က အမျိုးသမီး။ အစားအစာပြတ်လပ်မှုနဲ့ အာဖဂန်တစ်ဝက် ရင်ဆိုင်နေရေတယ်လို့ ကုလ သတိပေး

    အမြန်ဆုံး ဖြေရှင်းဆောင်ရွက်မှု မလုပ်ရင် ဒီဆောင်းရာသီမှာ အာဖဂန်နစ္စတန်က လူသန်းနဲ့ချီ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံရလိမ့်မယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP က ထုတ်ပြောလိုက်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  2. မြန်မာပြည်မှာ ၆ လ အတွင်း လူတွေ သန်းချီငတ်မွတ်နိုင်ကြောင်း တွက်ဆထား

    Quote Message: အကျပ်အတည်းက ပိုပိုဆိုးလာတဲ့လမ်းပေါ် သွားနေတာကို ရပ်ပစ်ဖို့လိုတယ်

    မြန်မာနိုင်ငံမှာ လာမယ့် ခြောက်လ အတွင်း စားနပ်ရိက္ခာ မလုံလောက်တာတွေ သိသိသာသာ ပိုမိုဖြစ်လာနိုင်ပြီး သန်းပေါင်းများစွာသောသူတွေ ငတ်မွတ် ခေါင်းပါးတဲ့ဒဏ် ခံစားရလိမ့်မယ်ဆိုပြီး ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ ယူအဲန်အိုချာက ထပ်လောင်း သတိပေးပါတယ်။

    ရခိုင်နဲ့ ဧရာဝတီဒေသတွေမှာ ကျေးလက်နေပြည်သူတွေ၊ စစ်ဘေးရှောင် ပြည်သူတွေကို အသီးအနှံနဲ့ ဆန်စပါး မျိုးစေ့တွေ၊ ကြက်စာတွေ၊ မြေဩဇာတွေ ထောက်ပံ့တာမျိုး စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဆိုင်ရာ ကုလအဖွဲ့ FAO က လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

    ဇွန်လဟာ စိုက်ပျိုးရာသီနဲ့ ရိတ်သိမ်းရာသီကြား ကာလဖြစ်လို့ ကျေးလက်မှာ ပုံမှန် အတိုင်းဆိုရင်ကို အလုပ်အကိုင်ရှားတဲ့ ရာသီချိန် ဖြစ်ပါတယ်။

    လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ မတည်ငြိမ်မှုတွေဟာ အခုလို ရာသီချိန်မှာ လူတွေကိုပိုပြီး အခက်ကြုံစေတယ်လို့ အိုချာက ပြောပါတယ်။

    တခြားတိုင်းပြည်တွေမှာ အလုပ်ဖြစ်ခဲ့ပြီး၊ လူ့အသက်တွေကို ကယ်နိုင်တာတွေ့ရတဲ့ ကြိုတင် တွက်ဆ လုပ်ဆောင်ချက် စီမံကိန်းတွေ ကုလ FAO က မြန်မာပြည်ထဲမှာလည်း လုပ်မယ်လို့ ဆိုပါတယ်။

    ဒါ့ကြောင့် အထက်မှာပြောထားသလို လူတွေ တနိုင်တပိုင် စိုက်ပျိုးမွေးမြူ စားနိုင်အောင် ထောက်ပံ့တဲ့ စီမံကိန်းတွေ ဖော်ဆောင်တာ ဖြစ်ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံတွင်း အခြေအနေနဲ့ ပတ်သက်ပြီး အာရှနဲ့ ပစိဖိတ်ရေးရာ စီမံကိန်း အရာရှိ ဆုမ်ဆပ် ပီပိုပင်ညို ပြောတာက ...

    “မြန်မာတနိုင်ငံလုံး အနှံ့ အကြီးအကျယ် နှောင့်နှေး ရပ်ဆိုင်းနေတာတွေ တွေ့နေရပါတယ်။ အထူးသဖြင့် အဓိက ပို့ဆောင်ရေး လမ်းကြောင်းတွေ ပုံမှန် မလည်ပတ်နိုင်ပါဘူး။ အကျိုးဆက်အားဖြင့် ပြည်ပကသွင်းတဲ့ စားသုံးဆီနဲ့ စိုက်ပျိုးရေးသုံး မြေဩဇာတွေ စျေးတွေ ထိုးတက်လာပါတယ်”

    “ဝေးလံခေါင်ဖျားတဲ့ ဒေသကလူတွေနဲ့၊ လတ်တလော ထပ်တိုးလာတဲ့ စစ်ဘေးရှောင် မိသားစုတွေ စားရေရိက္ခာ မပြတ်လပ်အောင် ကာကွယ်မှ ဖြစ်လိမ့်မယ်။ အကျပ်အတည်းက ပိုပိုဆိုးလာတဲ့လမ်းပေါ် သွားနေတာကို ရပ်ပစ်ဖို့လိုတယ်” ဆိုပြီး မစ္စတာ ပီပိုပင်ညိုက ဆိုပါတယ်။

    FAO ကျင့်သုံးနေတဲ့ ကြိုတင်တွက်ဆ လုပ်ဆောင်ချက် Anticipatory Action စီမံကိန်းကို ဂျာမနီ၊ ဥရောပသမဂ္ဂ၊ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်တို့က ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံထဲက ပရောဂျက်အတွက် ဂျာမနီ ဗဟိုအစိုးရရဲ့ နိုင်ငံခြားရေးရုံး ဆီက အကူအညီ အထောက်အပံ့ရတယ်လို့ ဆိုပါတယ်။

    ဒီမော့ဆို
    Image caption: တောတောင်တွေထဲ ထွက်ပြေးရတဲ့ ဒီမော့ဆို စစ်ဘေးရှောင်ပြည်သူတွေ၊ ကယား၊ ဇွန်လဆန်း ၂၀၂၁။
  3. Foodpanda မြန်မာပြည်ထဲ ဆက်ရှိနေမယ်

    အွန်လိုင်းပေါ်ကနေ အစားအသောက်တွေ၀ယ်ရင် အိမ်တိုင်ရာရောက် လာပို့ပေးတဲ့ (မိုဘိုင်းဖုန်း အပလီကေးရှင်း အက်ပ် app အခြေခံ) ဖု(ဒ)ပင်ဒါ Foodpanda မြန်မာပြည်ကနေ ထွက်မသွားဘူးလို့ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ကို ကိုးကားပြီး နစ်ခေး အေးရှား Nikkei Asia သတင်းစာက ရေးပါတယ်။

    လက်ရှိ အခြေအနေမှာတော့ မြန်မာပြည်ထဲ စီပွားရေး လည်ပတ်ရတာတွေ အင်မတန် အကန့်အသတ်နဲ့ ဖြစ်နေတယ်လို့ ဖု(ဒ)ပင်ဒါ ရဲ့ စီအီးအို ဂျက်ကော့ဘ် အွန်ဂျေးလ်က နစ်ခေးအေးရှားနဲ့ မေးမြန်းခန်းမှာ ဖွင့်ဟပါတယ်။

    နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ အင်တာနက် ပြတ်တောက်မှုတွေကြောင့် စီးပွားရေး အပေါ် သက်ရောက် ရိုက်ခတ် ခံနေရပေမယ့် ရေရှည်ကိုကြည့်ပြီး မြန်မာပြည်ထဲမှာ ဆက်ပြီးနေမယ်လို့ မစ္စတာအွန်ဂျေးလ်က ဆိုပါတယ်။

    “လက်ရှိ အခြေအနေတွေ ပေါ်ပေါက်မလာခင်အထိ ဖု(ဒ)ပင်ဒါ အနေနဲ့ မြန်မာပြည်ထဲ အင်မတန် အလားအလာကောင်းတဲ့ ရလဒ်မျိုးတွေ ရှိနေခဲ့ပါတယ်။ မြန်မာပြည်မှာ ဆက်ရှိနေဖို့ဆုံးဖြတ်ထားပါတယ်။ ရှုပ်ထွေးမှုတွေ လက်ရှိ ပေါ်ပေါက်နေပေမယ့် ကုမ္ပဏီရဲ့ ရေရှည်မဟာဗျူဟာကတော့ မပြောင်းလဲပါဘူး။ ၂၀၂၃ ကနေ ၂၀၂၅ အထိ ရလာနိုင်မယ့် အခွင့်အလမ်းတွေကို တွက်ဆထားပါတယ်” ဆိုပြီး မစ္စတာ မစ္စတာအွန်ဂျေးလ်က ပြောပါတယ်။

    မြေပြင်အခြေအနေမှာ ဝန်ထမ်းဦးရေ ပြည့်မှီဖို့ ခက်ခဲနေတာကစလို့၊ ဆက်စပ်နေတဲ့ စီးပွားရေးအားလုံး ချောချောမွေ့မွေ့ မလည်ပတ်နိုင်တဲ့ ပြဿနာမျိုးတွေ ပေါ်ပေါက်လာတဲ့ အတွက် နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေး လုပ်ငန်းတချို့ မြန်မာပြည်ထဲ ဆက်မလည်ပတ်တော့ပဲ ရပ်နားထားတာ၊ ဆက်မတိုးချဲ့ပဲ ထိန်းတာမျိုးတွေ ပြုမူနေပါတယ်။

    ဖု(ဒ)ပင်ဒါကတော့ ရက်ပိုင်း၊လပိုင်း၊နှစ်တိုကာလ အပိုင်းအခြားတွေ အတွက် မဟုတ်ပဲ ရေရှည်ကို ကြည့်မယ်လို့ ပြောနေတာ ဖြစ်ပါတယ်။

    ဖု(ဒ)ပင်ဒါ မြန်မာပြည်ထဲ စ၀င်တာ ဒီဇင်ဘာ ၂၀၁၉ မှာ ဖြစ်ပြီး၊ အချိန်အနည်းငယ် အတွင်းမှာပဲ အွန်လိုင်းက ဝယ်တဲ့ အစားအသောက်တွေကို အိမ်တိုင်ရာရောက် လာပို့ပေးတဲ့ အဓိက ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။

    ဝန်ထမ်း အယောက် ၂၀၀ ဝန်းကျင် ရှိပြီး၊ စားသောက်ဆိုင်တွေ ထောင်ဂဏန်းတချို့နဲ့ ချိတ်ဆက်ထား နိုင်ခဲ့ပါတယ်။

    ဂျာမနီ ဒလစ်ဗာရီ ကုမ္ပဏီ Hero က အာရှမှာ Foodpanda နာမည်နဲ့ လှုပ်ရှားတာ ဖြစ်ပြီး၊ အစားအသောက် အိမ်အရောက်ပို့ ပေးတဲ့ လုပ်ငန်းတွေထဲ ကမ္ဘာပေါ် အမေရိကန် အူဘာ၊ တရုတ် မေထွမ် Meituan တို့နဲ့ အပြိုင် အဓိက ကုမ္ပဏီကြီး ဖြစ်ပါတယ်။ ကိုရီးယား ကုမ္ပဏီ Woowa နဲ့ လောလောလတ်လတ်မှာပဲ လုပ်ငန်းချင်း ပူးပေါင်းခဲ့တဲ့နောက် တရုတ်ပြည်ပြင်ပ အာရှမှာ အစားအသောက် အိမ်ထိလာပို့ပေးတဲ့ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေထဲ အကြီးဆုံး ဖြစ်လာပါတယ်။

    ဘန်ကောက်မှာ လောလောလတ်လတ် မေလထဲ တွေ့ရတဲ့ ဖု(ဒ)ပင်ဒါ ဒလစ်ဗာရီ ဆိုင်ကယ်သမား
    Image caption: ဘန်ကောက်မှာ လောလောလတ်လတ် တွေ့ရတဲ့ ဖု(ဒ)ပင်ဒါ ဒလစ်ဗာရီ ဆိုင်ကယ်သမား
  4. Video content

    Video caption: လော့ခ်ဒေါင်းကို အခွင့်အရေးအဖြစ် အသုံးချသူ
  5. ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် လင်းနို့ဆီကတစ်ဆင့် ကူးစက်နိုင်ခြေကို လူအတော်များများက ကြားဖူးထားကြ

    လင်းနို့တွေကို ကြောက်ရွံ့ဖို့ထက် လေ့လာဖို့ ဘာကြောင့်လိုတာလဲ၊ လင်းနို့တွေရဲ့ လူတွေအပေါ် အကျိုးပြုမှု၊ အသက်ရှင်ရပ်တည်ရေး ခြိမ်းခြောက်ခံနေရတဲ့ လင်းနို့တွေနဲ့ သတိပြန်ထားရမယ့် လူသားတွေ

    အပြည့်အစုံ ဖတ်ရန်
    next
  6. နယူးဇီလန်ဟာ ကမ္ဘာ့အဆင့် ကြွယ်ဝတဲ့နိုင်ငံဖြစ်ပေမဲ့ Maori နဲ့ Pacifica လူမျိုးစုတွေက ဆင်းရဲနေကြ

    နယူးဇီလန်မှာ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ် လော့ခ်ဒေါင်းတွေ ချမှတ်ချိန်မှာ မစ္စ အာဒန် ဦးဆောင်မှုက အမြဲပြောလေ့ရှိတဲ့ သတင်းစကားကတော့ "ခိုင်မာကြပါ၊ ကြင်နာကြပါ" ဆိုတာပါ။

    အပြည့်အစုံ ဖတ်ရန်
    next
  7. ကိုဗစ်ကပ်ကြား မဲပေးဖို့ ရွေးကောက်ပွဲက အသင့်ဖြစ်ပြီလား-တစ်ပတ်အတွင်းသတင်းမြင်ကွင်း

    ခပ်ခွာခွာမဲပေးရေးအတွက် ရွေးကောက်ပွဲဘယ်လောက်အသင့်ဖြစ်သလဲလို့ မေးခွန်းထုတ်တာတွေရှိ။

    အပြည့်အစုံ ဖတ်ရန်
    next
  8. ကိုဗစ်ကာလ ရန်ကုန်ကိုကိုင်တွယ်မှု လိုအပ်ချက်တွေ ရှိခဲ့လား-တစ်ပတ်အတွင်း သတင်းမြင်ကွင်း

    ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးသူအများဆုံးရှိနေတဲ့ ရန်ကုန်မှာ ရောဂါကူးစက်မှုလမ်းကြောင်းဖြတ်တောက်လျှော့ချဖို့ ကန့်သတ်မှုတွေလုပ်ရာမှာ နှောင့်နှေးခဲ့တယ်လို့ ဝေဖန်မှုတွေရှိခဲ့

    အပြည့်အစုံ ဖတ်ရန်
    next
  9. No caption

    တရုတ်ကိုတင်သွင်းလာတဲ့ အစားအစာဘူးတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ တွေ့ရတော့ အိတ်တွေ၊ ဘူးတွေကနေ ရောဂါကူးနိုင်လားဆိုတဲ့ အမေးက ပေါ်လာပါတော့တယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. Video content

    Video caption: ယီမင်မှာ ငတ်မွတ်မှုတွေနဲ့ ရင် ဆိုင်ရနိုင်လို့ ကုလသမဂ္ဂ သတိပေး

    ကိုဗစ် - 19 ကပ်ရောဂါကြောင့် အခြေအနေတွေက ပိုဆိုးလာနေပါတယ်။

စာမျက်နှာ 1 ရဲ့ 2