အင်တာနက်က ရောင်းဝယ်မှု

  1. YBS Bus Transportation, Yangon

    ယာဉ်နောက်လိုက်တွေပါလာပြီး သတ်မှတ်နှုန်းထက်ပိုတဲ့ယာဉ်စီးခတွေ ပေးနေရတယ်လို့ ခရီးသည်တွေ ပြောဆို

    အပြည့်အစုံ ဖတ်ရန်
    next
  2. Video content

    Video caption: အာဏာသိမ်းပြီးနောက် ပြည်တွင်း အင်တာနက်လွတ်လပ်ခွင့် ကျဆင်း

    အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့

  3. Video content

    Video caption: စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းထဲက မြို့နယ်တချို့မှာ အင်တာနက်ပြတ်တောက်နေ

    စက်တင်ဘာ(၁၄)ရက်ကစပြီး အင်တာနက်ပြတ်တောက်နေ

  4. Video content

    Video caption: လူမှုကွန်ရက်ပေါ်က ကိုဗစ်ကာကွယ်ဆေး ဘယ်လောက်အန္တရာယ်ရှိသလဲ

    လူမှုကွန်ရက်ပေါ်ကနေတဆင့် ကိုဗစ်ကာကွယ်ဆေးတွေ ရောင်းချနေမှုတွေက ဘယ်လိုကြောင့်ဖြစ်လာနေတာလဲ

  5. ဝှိုက်လစ်စာရင်းနဲ့ အင်တာနက်ကန့်သတ်ဖို့ ခြေလှမ်းလာတဲ့ စစ်ကောင်စီ

    Whitelist လို့ ခေါ်တဲ့ ကင်းလွတ် စာရင်းတွေနဲ့ ကန့်သတ်ခြင်းဟာလည်း အင်တာနက် ပိတ်ပင်တားဆီးတဲ့ လုပ်ပုံလုပ်နည်း တစ်ခုပဲလို့ ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

    မြန်မာပြည်ထဲ အာဏာသိမ်းစစ်ကောင်စီက အများသူငါတွေ ကြည့်ရှုရန်သင့်တဲ့ အွန်လိုင်း စာမျက်နှာတွေ၊ ဒိုမိန်းအမည်တွေ ဆိုပြီး သတ်မှတ်လာတဲ့ အပေါ် ရန်ကုန် အမေရိကန် သံရုံးက တုံ့ပြန်လာတာ ဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ ကင်းလွတ်ခွင့် စာရင်းထဲ ဖေ့စ်ဘုတ်နဲ့ တွစ်တာတို့လို တကမ္ဘာလုံးက သူတွေနဲ့ ထိတွေ့ဆက်ဆံ နိုင်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေ မပါဝင်တာ သိသိသာသာကြီး တွေ့မြင် နေရတယ်လို့ ပြည်တွင်း ပြည်ပ အကဲခတ်တွေက ထောက်ပြ နေကြပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သဘောထားအမြင်တွေ၊ သတင်းအချက်အလက်တွေကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရေး အတွက် အင်တာနက် ဖြတ်တောက်တာတွေ လုပ်ခဲ့အပြီး၊ အခုအခါ သူတို့ ကြည့်စေချင်တဲ့ ခွင့်ပြုတဲ့ အွန်လိုင်း စာမျက်နှာတွေကိုပဲ မြန်မာပြည်သူတွေ ကြည့်ရှုနိုင်မယ့် အခြေအနေမျိုးရောက်အောင် ခြေလှမ်းလာတာလို့ ဝေဖန်သူတွေက ဆိုပါတယ်။

    သတင်းတွေကို ရရှိပိုင်ခွင့်ဆိုတာ အခြေခံလူ့အခွင့်အရေး အဖြစ် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းထဲမှာ ထည့်သွင်းကာကွယ်ထားတဲ့ အရာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောထားပါတယ်။

    ဒါ့အပြင်၊ အင်တာနက် ပိတ်ပင်မှုကြောင့် မြန်မာပြည်ထဲ ရိုက်ခတ်ခံစားရတဲ့ ဆိုးကျိုးတွေ အကြောင်းလဲ အမေရိကန် အစိုးရ နိုင်ငံခြားရေး ဌာနရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာ တစ်ခုဖြစ်တဲ့ ShareAmerica မှာ ရေးသားထားပါတယ်။

    အင်တာနက် ပိတ်ပင် ကန့်သတ်တာဟာ နိုင်ငံရေး သက်သက် အပေါ်မှာသာမက ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကာလ၊ လူတွေ သိသင့်သိထိုက်တဲ့ သတင်း အချက်အလက်တွေ မရနိုင်တော့တဲ့ အန္တရာယ်မျိုးလည်း ဖြစ်လာစေခဲ့တယ်လို့ ထောက်ပြကြသူတွေ ရှိပါတယ်။

    ဒါ့အပြင်၊ မိုဘိုင်း အင်တာနက်တွေကို စစ်ကောင်စီက ဖြတ်တောက်ခဲ့ချိန်မှာ ဒစ်ဂျစ်တယ် စီးပွားရေး တစ်ခုလုံး ပြိုလဲသွားကြောင်း ရန်ကုန် အခြေစိုက် စီးပွားရေး အသိုင်းအဝိုင်းက ပြောကြပါတယ်။

    အဓိပ္ပာယ်ကတော့ မြန်မာပြည် စီးပွားရေးမှာ တစ်နေ့ကို အမေရိကန် ဒေါ်လာ ၂၄ သန်းကျော် ထိခိုက် နစ်နာသွားစေခဲ့တာ ဖြစ်တယ်လို့ အင်တာနက် သုံးစွဲမှုနဲ့ လုံခြုံရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ NetBlocks က ဆိုထားပါတယ်။

    စစ်ကောင်စီ ကင်းလွတ်စာရင်းထဲ ဖေ့စ်ဘုတ်၊ တွစ်တာမပါဝင်
    Image caption: စစ်ကောင်စီ ကင်းလွတ်စာရင်းထဲ ဖေ့စ်ဘုတ်၊ တွစ်တာမပါဝင်
  6. Foodpanda မြန်မာပြည်ထဲ ဆက်ရှိနေမယ်

    အွန်လိုင်းပေါ်ကနေ အစားအသောက်တွေ၀ယ်ရင် အိမ်တိုင်ရာရောက် လာပို့ပေးတဲ့ (မိုဘိုင်းဖုန်း အပလီကေးရှင်း အက်ပ် app အခြေခံ) ဖု(ဒ)ပင်ဒါ Foodpanda မြန်မာပြည်ကနေ ထွက်မသွားဘူးလို့ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ကို ကိုးကားပြီး နစ်ခေး အေးရှား Nikkei Asia သတင်းစာက ရေးပါတယ်။

    လက်ရှိ အခြေအနေမှာတော့ မြန်မာပြည်ထဲ စီပွားရေး လည်ပတ်ရတာတွေ အင်မတန် အကန့်အသတ်နဲ့ ဖြစ်နေတယ်လို့ ဖု(ဒ)ပင်ဒါ ရဲ့ စီအီးအို ဂျက်ကော့ဘ် အွန်ဂျေးလ်က နစ်ခေးအေးရှားနဲ့ မေးမြန်းခန်းမှာ ဖွင့်ဟပါတယ်။

    နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ အင်တာနက် ပြတ်တောက်မှုတွေကြောင့် စီးပွားရေး အပေါ် သက်ရောက် ရိုက်ခတ် ခံနေရပေမယ့် ရေရှည်ကိုကြည့်ပြီး မြန်မာပြည်ထဲမှာ ဆက်ပြီးနေမယ်လို့ မစ္စတာအွန်ဂျေးလ်က ဆိုပါတယ်။

    “လက်ရှိ အခြေအနေတွေ ပေါ်ပေါက်မလာခင်အထိ ဖု(ဒ)ပင်ဒါ အနေနဲ့ မြန်မာပြည်ထဲ အင်မတန် အလားအလာကောင်းတဲ့ ရလဒ်မျိုးတွေ ရှိနေခဲ့ပါတယ်။ မြန်မာပြည်မှာ ဆက်ရှိနေဖို့ဆုံးဖြတ်ထားပါတယ်။ ရှုပ်ထွေးမှုတွေ လက်ရှိ ပေါ်ပေါက်နေပေမယ့် ကုမ္ပဏီရဲ့ ရေရှည်မဟာဗျူဟာကတော့ မပြောင်းလဲပါဘူး။ ၂၀၂၃ ကနေ ၂၀၂၅ အထိ ရလာနိုင်မယ့် အခွင့်အလမ်းတွေကို တွက်ဆထားပါတယ်” ဆိုပြီး မစ္စတာ မစ္စတာအွန်ဂျေးလ်က ပြောပါတယ်။

    မြေပြင်အခြေအနေမှာ ဝန်ထမ်းဦးရေ ပြည့်မှီဖို့ ခက်ခဲနေတာကစလို့၊ ဆက်စပ်နေတဲ့ စီးပွားရေးအားလုံး ချောချောမွေ့မွေ့ မလည်ပတ်နိုင်တဲ့ ပြဿနာမျိုးတွေ ပေါ်ပေါက်လာတဲ့ အတွက် နိုင်ငံရပ်ခြားက ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေး လုပ်ငန်းတချို့ မြန်မာပြည်ထဲ ဆက်မလည်ပတ်တော့ပဲ ရပ်နားထားတာ၊ ဆက်မတိုးချဲ့ပဲ ထိန်းတာမျိုးတွေ ပြုမူနေပါတယ်။

    ဖု(ဒ)ပင်ဒါကတော့ ရက်ပိုင်း၊လပိုင်း၊နှစ်တိုကာလ အပိုင်းအခြားတွေ အတွက် မဟုတ်ပဲ ရေရှည်ကို ကြည့်မယ်လို့ ပြောနေတာ ဖြစ်ပါတယ်။

    ဖု(ဒ)ပင်ဒါ မြန်မာပြည်ထဲ စ၀င်တာ ဒီဇင်ဘာ ၂၀၁၉ မှာ ဖြစ်ပြီး၊ အချိန်အနည်းငယ် အတွင်းမှာပဲ အွန်လိုင်းက ဝယ်တဲ့ အစားအသောက်တွေကို အိမ်တိုင်ရာရောက် လာပို့ပေးတဲ့ အဓိက ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။

    ဝန်ထမ်း အယောက် ၂၀၀ ဝန်းကျင် ရှိပြီး၊ စားသောက်ဆိုင်တွေ ထောင်ဂဏန်းတချို့နဲ့ ချိတ်ဆက်ထား နိုင်ခဲ့ပါတယ်။

    ဂျာမနီ ဒလစ်ဗာရီ ကုမ္ပဏီ Hero က အာရှမှာ Foodpanda နာမည်နဲ့ လှုပ်ရှားတာ ဖြစ်ပြီး၊ အစားအသောက် အိမ်အရောက်ပို့ ပေးတဲ့ လုပ်ငန်းတွေထဲ ကမ္ဘာပေါ် အမေရိကန် အူဘာ၊ တရုတ် မေထွမ် Meituan တို့နဲ့ အပြိုင် အဓိက ကုမ္ပဏီကြီး ဖြစ်ပါတယ်။ ကိုရီးယား ကုမ္ပဏီ Woowa နဲ့ လောလောလတ်လတ်မှာပဲ လုပ်ငန်းချင်း ပူးပေါင်းခဲ့တဲ့နောက် တရုတ်ပြည်ပြင်ပ အာရှမှာ အစားအသောက် အိမ်ထိလာပို့ပေးတဲ့ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေထဲ အကြီးဆုံး ဖြစ်လာပါတယ်။

    ဘန်ကောက်မှာ လောလောလတ်လတ် မေလထဲ တွေ့ရတဲ့ ဖု(ဒ)ပင်ဒါ ဒလစ်ဗာရီ ဆိုင်ကယ်သမား
    Image caption: ဘန်ကောက်မှာ လောလောလတ်လတ် တွေ့ရတဲ့ ဖု(ဒ)ပင်ဒါ ဒလစ်ဗာရီ ဆိုင်ကယ်သမား
  7. Video content

    Video caption: စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကလုပ်ငန်းတွေ မရေမရာဖြစ်လာ

    စစ်တပ်နဲ့ လက်တွဲပြီး စီးပွားရေး မလုပ်ဖို့ ပြည်သူတွေရဲ့ ဖိအားတွေကရှိနေ

  8. ဓါတ်ပုံ ၁။ ။ ရိုးရွိုက်စ်ကလည်း လက်ရှိ ဘက်ထရီနဲ့ သယ်ဆောင်နိုင်တဲ့ လ ျှပ်စစ်သုံး လေယာဉ်တွေထဲမှာ အမြန်ဆုံးဖြစ်လာမယ့် ACCEL ဆိုတဲ့ လေယာဉ်ကို ၂၀၂၁ ခုနှစ်ထဲမှာ ပြသလာနိုင်ချေရှိ

    လျှပ်စစ်သုံး လေယာဉ်နည်းပညာ၊ ဝန်ထမ်းမလိုတဲ့ ဆူပါမတ်ကက်၊ မောင်းသူမဲ့ကားနဲ့ နေအိမ်က အလုပ်လုပ်မှု လွယ်ကူစေတဲ့ နည်းပညာတွေ ပိုမို ထွန်းကားလာနိုင်တဲ့ ၂၀၂၁

    အပြည့်အစုံ ဖတ်ရန်
    next
  9. ဈေးကွက်စဖွင့်မယ့် အချိန်ကစပြီး မြန်မာပို့ကုန်တွေထဲက ၆၅ရာခိုင်နှုန်းကို အခွန်လွတ်ပို့နိုင်မှာဖြစ်လို့ ကိုဗစ်ကာလအလွန် အကျိုးသက်ရောက်မှုအများအပြားဖြစ်လာမယ်လို့လည်း ဦးသန်းအောင်ကျော်က ပြောပါတယ်။

    စာချုပ်သက်ဝင်အကောင်အထည်ဖော်မယ့်အချိန်ကတော့ စာချုပ်ချုပ်ပြီး တစ်နှစ်ခွဲကနေ နှစ်နှစ်အတွင်း ဖြစ်လာနိုင်တယ်လို့ နိုင်ငံခြားစီးပွားဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ဘီဘီစီကိုပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်က စီးပွားရေးကျောင်းသား ယူဂျင်း ချီယောင်း

    စင်္ကာပူကျောင်းသား ယူဂျင်း ချီယောင်းဟာ ခက်ခဲတဲ့ စာမေးပွဲတစ်ခုကို အောင်မြင်ခဲ့အပြီးမှာ သူ့စာကျက်နည်းတွေကို အွန်လိုင်းပေါ်မှာ ပြန်ရောင်းတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ဒေါ်လာထောင်ချီ ဝင်ခဲ့ပါတယ်

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 2