စိုက်ပျိုးရေး

  1. Video content

    Video caption: တစ်ရှူးငှက်ပျော စိုက်ပျိုးရေး တကယ် အလုပ်ဖြစ်မှာလား

    တစ်ရှူး ငှက်ပျော စိုက်ပျိုးရေး စီမံဆောင်ရွက်ဖို့ ဇွန်လက ပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းခဲ့ပါတယ်။

  2. ကိုသိမ်းမြတ်

    ဘီဘီစီမြန်မာပိုင်း

    ကြက်သားအရောင်းဆိုင်

    စားသောက်ကုန်တွေကို လွှင့်ပစ်နေရချိန်မှာ လူအချို့ငတ်ပြတ်ဆင်းရဲနေတာဟာ စစ်ကောင်စီခေတ်ရဲ့ မကြုံစဖူးထူးခြားတဲ့ စီးပွားရေးဖြစ်စဥ်ပါ။

    အပြည့်အစုံ ဖတ်ရန်
    next
  3. အာဏာသိမ်းမှုက လယ်သမားတွေကို ဘယ်လိုရိုက်ခတ်နေပြီလဲ

    “အရင်ကမှ နူနေရတဲ့အပေါ် အခုတော့ ဝဲဆွဲပြီး သူခိုးထောင်းတဲ့ဘဝထဲကိုရောက်နေပြီ” လို့ စစ်တပ်က အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ ကျော်အတွင်း တောင်သူလယ်သမားတွေရဲ့အခြေအနေကို ဧရာဝတီတိုင်းက နွေစပါးစိုက်တောင်သူဦးသိန်းအောင်က ဆိုပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  4. Video content

    Video caption: စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကလုပ်ငန်းတွေ မရေမရာဖြစ်လာ

    စစ်တပ်နဲ့ လက်တွဲပြီး စီးပွားရေး မလုပ်ဖို့ ပြည်သူတွေရဲ့ ဖိအားတွေကရှိနေ

  5. ဆန် တန်ချိန် ၂ သန်း ပြည်ပကို ဒီနှစ်တင်နိုင်ဖို့ ဆန်စပါး အသင်းချုပ်ရည်မှန်း

    မြန်မာနိုင်ငံကနေ ဒီနှစ်မှာ ဆန် တန်ချိန် ၂ သန်း ပြည်ပကို တင်ပို့ဖို့ ရည်မှန်းထားတယ်ဆိုပြီး ဆန်စပါးအသင်းချုပ်က တာ၀န်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး နယူးယောက် အခြေစိုက် စီးပွားရေးနဲ့ စျေးကွက်ဆိုင်ရာ သတင်း အချက်အလက်တွေကို အထူးပြု ဆန်းစစ်တဲ့ ဘလွန်း(မ)ဘာ့ဂ် Bloomberg စာစောင်က ရေးပါတယ်။

    စစ်အာဏာသိမ်းခံရမှု နောက်ဆက်တွဲ အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကို အထူးသဖြင့် အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ မြို့နေဆင်းရဲချို့တဲ့ မိသားစုတွေ သန်းပေါင်းများစွာ ခံရလိမ့်မယ်ဆိုပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဥ် WFP က သတိပေးနေချိန်မှာပဲ ဆန်တင်ပို့မှုကို ရည်မှန်းချက် ပြည့်မှီအောင် တင်ပို့နိုင်ဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်။

    ဆန်တင်ပို့မှုဟာ စစ်အာဏာသိမ်းတဲ့ ဖေဖော်၀ါရီကစပြီး အခု ဧပြီလကုန်တဲ့ အထိ ဆက်တိုက် ကျဆင်းနေခဲ့ပါတယ်။

    ဒါပေမယ့် လာမယ့်လတွေမှာ တစ်နှစ်လုံး အတွက် ရည်မှန်း တန်ချိန် ၂ သန်း ပြည့်မှီအောင် တင်ပို့နိုင်ဖွယ် ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောတယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံထဲ နှစ်စဥ် ဆန်တန်ချိန် ၁၄ သန်းကနေ ၁၅ သန်းကြား ထွက်ပြီး၊ ပြည်ပကို ၂ သန်းနဲ့ ၃သန်းကြား တင်ပို့လေ့ရှိပါတယ်။

    လက်ရှိမှာတော့ စစ်အာဏာသိမ်းခံရတာရဲ့ နောက်ဆက်တွဲ အကြမ်းဖက်ဖြစ်ရပ်တွေ၊ သွေးထွက်သံယို ဖြစ်မှုတွေ၊ တိုက်ပွဲတွေ ပေါ်ပေါက်နေပြီး၊ မြန်မာ့စီးပွားရေးဟာ အခုနှစ်ထဲ ၁၀% ကျဆင်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

    ပြည်တွင်းစားသုံးမှု အတွက် ဆန်အလုံအလောက် ရှိပေမယ့်၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် ဆင်းရဲချို့တဲ့သူတွေ အတွက် ပိုပြီး အကျပ်အတည်း ကြုံရနိုင်တယ်လို့ ဦးရဲမင်းအောင်က ဘလွန်းမ်ဘာ့ဂ်ကို ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

    ဒ့ါအပြင် နောက် အခြေခံစားကုန်ဖြစ်တဲ့ စားသုံးဆီကို ကြည့်ရင်လည်း ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် လူအများသုံးစွဲတဲ့ ပြည်ပကသွင်းတဲ့ ဆီတွေ ပိုစျေးမြင့်လာနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

    လက်ရှိ ဆန်ပြည်ပတင်ပို့မှုကို ကြည့်ရင်တော့ ဘဏ်စနစ်မှာ အခက်အခဲတွေ ရှိလာသလို ငွေသားနဲ့ ပေးချေနိုင်မှုတွေလည်း ကျဆင်းလာနေပါတယ်။ သယ်ယူပို့ဆောင်ရေး စားရိတ်လည်း အင်မတန်ကြီးလာပြီး ဆန်ကို ပြည်ပတင်ဖို့ရာ ကွန်တိန်နာတွေ ရနိုင်ဖို့လည်း ခက်နေပါတယ်။

    မြန်မာ အနေနဲ့ ယှဥ်ပြိုင်မှုပြင်းထန်တဲ့ ကမ္ဘာ့ဆန်စျေးကွက်ထဲ နေရာရဖို့ ကြိုးစားနေချိန် အခုလို အခြေအနေတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ဆန်စပါး
    Image caption: ပြည်တွင်းစားသုံးဖို့ ဆန်လုံလောက်တယ်လို့ ဆန်စပါးအသင်းချုပ် ဥက္ကဌကပြော
  6. Protesters climb on a dome at the ramparts of the Red Fort in Delhi

    အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ လယ်သမားတွေက ရဲတွေရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ဒေလီမြို့လယ်ထဲ ချီတက်ဝင်ရောက်ခဲ့ကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  7. ဘိုဘို

    ဘီဘီစီမြန်မာပိုင်း

    burma

    နှစ်လေးရာကျော်မက တည်မြဲခဲ့တဲ့ စလင်းက သူကောင်းမိသားစုများ

    အပြည့်အစုံ ဖတ်ရန်
    next
  8. ဘိုဘို

    ဘီဘီစီမြန်မာပိုင်း

    burma

    နှစ် ၉ဝ က အလံတောင်မှာ ဗုဒ္ဓရာဇာမြို့တည်ပြီး မြန်မာမင်းဆက် ပြန်ထူထောင်ဖို့ ဗြိတိသျှကို တိုက်ခိုက်ခဲ့တဲ့ လယ်သမားကြီးတွေရဲ့ အိပ်မက်တွေ ဖော်ဆောင်နိုင်ပြီလား

    အပြည့်အစုံ ဖတ်ရန်
    next
  9. ရောင်းချမှု၊ ဈေးနှုန်း၊ ထွက်ကုန်ရှားပါးမှုနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေကို ဖြေလေ ွ်ာ့ပေးဖို့ ဒီပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်တာဖြစ်

    လယ်သမားတွေ မြို့ထဲကို မဝင်ရောက်နိုင်အောင် အတားအဆီးတွေနဲ့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. Video content

    Video caption: ရာသီဥတု ဒဏ်ခံနိုင်တဲ့ စပါး မျိုးစေ့တွေနဲ့ လယ်သမားတွေကို ကူညီနေသူ
စာမျက်နှာ 1 ရဲ့ 4