ကုန်သွယ်ရေး

  1. ရွှေချောင်းများ

    အခေါက်ရွှေတစ်ကျပ်သားကို ၁၈သိန်း နားကပ်လာလို့ မြန်မာ့ရွှေဈေးသမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဝင်တဲ့ဈေး ဖြစ်နေပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  2. no tag

    ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက စပြီး လစဥ်‌‌ဒေါ်လာ သန်းနဲ့ရာနဲ့ချီ ၊နှစ်စဥ်ဒေါ်လာဘီလီယံနဲ့ချီ ကုန်သွယ်နေတဲ့ မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေ ပိတ်သွားခဲ့တာဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  3. Video content

    Video caption: မူဆယ်မှာ ကိုဗစ် ကုသရေး စင်တာဆောက်မယ်

    ဒီကုတင် ၁၀၀၀ ဆန့် ကိုဗစ်ကုသရေးစင်တာကြီးက ဘယ်တော့လောက်ပြီးအတည်ဆောက်မှာပါလဲ

  4. စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာ့သစ်သီးပို့ကုန် စျေးကွက်သစ်တွေ လက်လွတ်ဆုံးရှုံး

    ရှာထားသမျှ စျေးကွက်သစ်တွေ စစ်အာဏာသိမ်းမှုနောက်ပိုင်း အော်ဒါမမှာတော့

    တကျော့ပြန် စစ်အာဏာ သိမ်းခံခဲ့ရတဲ့နောက် ၆ လတာ ကာလ အတွင်းမှာ မြန်မာ့ သစ်သီးဝလံတွေကို ပြည်ပကနေ မှာယူတဲ့ အော်ဒါတွေ မရှိတော့ဘူးလို့ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း MFVP က တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒါ့ကြောင့် နောက်ရာသီမှာ ဆိုရင်ရင် သစ်သီးဝလံ တောင်သူတွေဟာ လက်ရှိ စိုက်ပျိုးထားတာတွေရဲ့ ၅၀ % လောက်ပဲ ပြန်စိုက် နိုင်မယ့် အခြေအနေမျိုး ရောက်နေတယ်လို့ ဆိုပါတယ်။

    မြန်မာ့ သစ်သီးပို့ကုန်တွေကို တရုတ်စျေးကွက် တစ်ခုတည်းကိုပဲ အဓိက အားထား နေရတာကနေ လွတ်အောင် အင်္ဂလန်၊ ယူအေအီး စတဲ့ နိုင်ငံတွေမှာလည်း စျေးကွက် ရှာဖွေတာတွေ စစ်အာဏာသိမ်းမှု မတိုင်ခင် ကာလမှာ လုပ်ထားပါတယ်။

    ဒါပေမယ့် အဲဒီ သစ်သီးဝလံ စျေးကွက်သစ်တွေအားလုံး လက်လွတ်ဆုံးရှုံး သွားရတာ ဖြစ်ပါတယ်။

    လက်ရှိ အချိန်ဟာ တရုတ်ဘက် သစ်သီးတွေ သွားလေ့ရှိတဲ့ ရာသီမျိုး မဟုတ်တဲ့အပြင်၊ ကိုဗစ်ရောဂါ စိုးရိမ်ချက်တွေကြောင့် တရုတ်က သူတို့ရဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေကို ပိတ်ဆို့ထားချိန် ဖြစ်ပါတယ်။

    ဒါ့ကြောင့် သစ်သီးတွေ ပြည်ပတင်ပို့မှု အရောင်းအဝယ် လုံးဝ ရှိမနေဘူးလို့ အသင်း အတွင်းရေးမှူး ဦးကျော်သူက ဆိုပါတယ်။

    သစ်သီးကား
    Image caption: သစ်သီးကား အရေအတွက် တစ်နေ့ကို ဘယ်နှစ်စင်းပဲ ဝင်နိုင်တယ် ဆိုပြီး ကန့်သတ်လိုက်တာကြောင့် မူဆယ်အနီး စုပြုံပြီး စောင့်နေခဲ့ရစဉ်၊ ဧပြီ ၂၀ ၂၀၂၀။
  5. ကျယ်ဂေါင် ကျောက်စိမ်းဝိုင်းထဲက မြန်မာကုန်သည်တွေ လက်ဗလာနဲ့ ပြန်လာနေရတ​ယ်လို့ပြော

    မြန်မာနဲ့နယ်စပ် တရုတ်မြို့တွေကို လော့ခ်ဒေါင်းချတဲ့ သက်တမ်း တိုးမြှင့်ဖို့ ပြင်ဆင်နေ

    ကိုဗစ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးအတွက် တရုတ် အာဏာပိုင်တွေက ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတာမှာ မြန်မာနဲ့ကပ်ရပ် အဓိက နယ်စပ်ကုန်သွယ်မြို့ ဖြစ်တဲ့ ကျယ်ဂေါင်မှာ ဆိုရင် တရားဝင် နေထိုင် အလုပ်လုပ်နေတဲ့ မြန်မာကျောက်စိမ်း ကုန်သည်တွေကို မြို့ကနေ ထွက်ခွာနေစေပြီး မြန်မာဘက်ကို ပြန်ပို့နေတယ်လို့ နယ်စပ်ကုန်သည် အသိုင်းအဝိုင်းက ပြောပါတယ်။

    ကျယ်ဂေါင်၊ ရွှေလီ နယ်စပ်မြို့တွေကို လော့ခ်ဒေါင်း ချထားတဲ့ကြားကပဲ မြန်မာ ကျောက်စိမ်း ကုန်သည်တွေကို ထွက်သွားခိုင်းနေတာ ဖြစ်တယ်လို့ ကိုယ်တိုင် ကြုံကြရသူတွေက ပြောပါတယ်။

    “သူတို့အထက်က အမိန့်ကျလို့ ကျွန်မတို့အကုန်လုံးကို မောင်းထုတ်တဲ့ သဘောပဲ။ ဘယ် ကျောက်စိမ်းဝင်းမှာ ရောဂါတွေ့တယ်၊ အဲဒီက လူတွေထွက်သွား ဆိုပြီး ပြောတာ မဟုတ်ပဲ၊ အားလုံးကို ဝင်းတိုင်းကို ထွက်ခိုင်းတာ။ ခု တံတားအောက်က ကျောက်ကုန်သည်တွေလည်း အကုန်လုံး ငိုယိုနေကြတယ်။ ကျောက်တွေလည်း ဒီတိုင်း ထားခဲ့ရတာ ဆိုတော့လေ .... “ဆိုပြီး ကျောက်ကုန်သည် အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    အခုလို ကျောက်ဝိုင်းထဲကနေ လူတွေကို စပြီး ဖယ်ရှားနေတာ ၂ ရက် ဝန်းကျင် ရှိလာနေပြီ ဖြစ်ပါတယ်။ ကျယ်ဂေါင်မှာ ကျောက်စိမ်း အရောင်းအဝယ်လုပ်တဲ့ ကျောက်ဝိုင်း ၂ ဝိုင်း၊ ရွှေလီမှာဆို ကျောက်ဝိုင်း ၂ ဝိုင်း ရှိပါတယ်။

    မြန်မာဘက်ကနေ ဝင်လာတဲ့၊ ပြန်လာတဲ့ မြန်မာနိုင်ငံသား တချို့နဲ့ တရုတ်နိုင်ငံသား တချို့မှာ ကိုဗစ်ပိုး တွေ့ခဲ့တာကနေ နယ်စပ်ကုန်သွယ်ရေး အဝင်အထွက်တွေကို တင်းကျပ် ပိတ်ဆို့ပြီး ရွှေလီ ကျယ်ဂေါင် မြို့တွေကို လော့ခ်ဒေါင်းချတာမျိုးတွေကို တရုတ်အာဏာပိုင်တွေ ပြုလုပ်ထားနှင့်ပြီး ဖြစ်ပါတယ်။

    အခု လပိုင်း ရက်ပိုင်းတွေမှာပဲ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ တရုတ်မြို့တွေကနေ မြန်မာပြည်ဘက် ပြန်ဝင်လာနေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။ ဒီ ရက်ပိုင်းမှာပဲ မြန်မာပြည်နဲ့ နယ်စပ် တရုတ်ကုန်သွယ်ရေးမြို့တွေမှာ ကိုဗစ်ပိုးတွေ့ရသူတွေ ထပ်မံရှိလာတဲ့ အတွက် မူဆယ်နဲ့ ကပ်ရက် ကျယ်ဂေါင်ကို ၆ လ အထိ လော့ခ်ဒေါင်းချထားဖို့ စီစဥ်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

    အဲဒီလို အစီအစဥ်ရှိတဲ့ အတွက် အခုလို တရားဝင် ကျောက်ဝိုင်းတွေထဲက ကုန်သည်တွေကိုပါ ပြန်လွှတ်နေတာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ တရုတ်နယ်စပ် ကုန်သွယ်ရေး အသိုင်းအဝိုင်းမှာ ပြောဆို နေကြပါတယ်။

    တကယ်လို့ တရုတ်ဘက်ကနေ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို နောက်ထပ် ၃ လ လောက် အနည်းဆုံး ဆက်ပြီး ပိတ်ထားမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန် တင်ပို့မှု စျေးကွက် အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ မြန်မာကုန်သည်တွေက ပြောကြပါတယ်။

    မူဆယ် နယ်စပ်ကုန်သွယ်ဂိတ်
    Image caption: မူဆယ် နယ်စပ်ကုန်သွယ်ဂိတ်
  6. မြန်မာပြည် ဆောက်လုပ်ရေးကဏ္ဍ နလံထူဖို့ အနည်းဆုံး ၃ နှစ် အချိန်ယူရနိုင်

    ပရောဂျက် အများစု လက်ရှိ ရပ်နားထားရ၊ သိန်းနဲ့ချီတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်နေ

    စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ရိုက်ခတ်လာတဲ့ စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုတွေ၊ လုပ်ငန်း ရပ်ဆိုင်း သွားမှုတွေထဲမှာ ဆောက်လုပ်ရေး ကဏ္ဍလည်း ပါဝင်တယ်လို့ နိုင်ငံတကာ စီးပွားရေး သုံးသပ်သူတွေက ပြောပါတယ်။

    မြန်မာ့ ဆောက်လုပ်ရေး ကဏ္ဍဟာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ဒဏ် နှစ်ခုပေါင်းပြီး အကြီးအကျယ် သက်ရောက်ရိုက်ခတ် ခံနေရတယ်လို့ နယူးယောက်မြို့ အခြေစိုက် ဘလွန်းမ်ဘာ့ဂ် စီးပွားရေး စာစောင်က ရေးသားပါတယ်။

    မြန်မာ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် အသင်း က တာဝန်ရှိသူ တစ်ယောက်ကို ကိုးကားပြီး “အခုအခြေအနေနဲ့ဆိုရင် ဆောက်လုပ်ရေး လုပ်ငန်း နလံထူဖို့ အနည်းဆုံး ၃ နှစ် အချိန်ယူရလိမ့်မယ်” လို့ ဆိုပါတယ်။

    ဆောက်လုပ်ရေး ပရောဂျက် အများစု လက်ရှိ ရပ်နားထားရပြီး၊ သိန်းနဲ့ချီတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်နေကြတယ်လို့လည်း ဘလွန်းမ်ဘာ့ဂ်က ရေးပါတယ်။

    ကုလသမဂ္ဂရဲ့ အလုပ်သမားရေးရာ အေဂျင်စီကလည်း မြန်မာနိုင်ငံထဲ စစ်အာဏာ သိမ်းခံရမှု နောက်ပိုင်း အလုပ်နေရာပေါင်း ၁.၂ သန်းထိအောင် ဆုံးရှုံးသွားခဲ့ပြီး ဖြစ်တယ်လို့ ဆိုထားပါတယ်။

    မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အခုနှစ်ထဲ ၁၈% ကျဆင်းသွားမယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ခန့်မှန်း ထားပါတယ်။

    ဆောက်လုပ်ရေး ကဏ္ဍဟာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ဒဏ် နှစ်ခုပေါင်းပြီး အကြီးအကျယ် သက်ရောက်ရိုက်ခတ် ခံနေရ
    Image caption: ဆောက်လုပ်ရေး ကဏ္ဍဟာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ဒဏ် နှစ်ခုပေါင်းပြီး အကြီးအကျယ် သက်ရောက်ခံနေရ
  7. ဒီကျောက်ရိုင်းတုံးကြီးက ဒေါ်လာ သန်း ၁၀၀ လောက်တန်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြ

    ဒီကျောက်ရိုင်းတုံးကြီးက ဒေါ်လာ သန်း ၁၀၀ လောက်တန်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  8. မြန်မာကို လေယာဉ်ကအစ စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ရုရှားလက်နက်ကုမ္ပဏီ အကြီးအကဲကပြော

    Rosoboronexport
    Image caption: ရုရှားလက်နက်တွေ ပြည်ပပို့ဖို့ သမ္မတပူတင်က Rosoboronexport ကုမ္ပဏီကို တာဝန်ပေးထား
    Rosoboronexport ရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်
    Image caption: Rosoboronexport ရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်

    မြန်မာကို လေယာဥ် အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရုရှားက ပေးဖို့ရာ လုပ်ဆောင် နေတယ်လို့ မော်စကိုက လာတဲ့ သတင်းတွေက ဆိုပါတယ်။

    “စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပေးဖို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုမျိုးတွေ ရှိနေပါတယ်။ လေယာဥ်လည်း ပါဝင်ပါတယ်” ဆိုပြီး ရိုဆိုဘိုရိုနက်စပေါ့ Rosoboronexportလက်နက်ပွဲစား ကုမ္ပဏီရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်က ပြောကြောင်း ကြားသိရပါတယ်။

    အဲဒီ ကုမ္ပဏီဟာ ရုရှား အစိုးရအောက်မှာ ရှိပြီး ပြည်ပကို ရုရှားရဲ့ စစ်လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေ တင်ပို့မှုအားလုံးကို တာဝန်ယူဖို့ရာ သမ္မတပူတင်က အမိန့်စာ ထုတ်ထားပါတယ်။

    အခုသီတင်းပတ်ထဲမှာပဲ ရုရှားမှာ နှစ်စဥ်လုပ်လေ့ရှိတဲ့ နိုင်ငံတကာ MAKS လေယာဥ်ပြပွဲ ရှိနေခဲ့တာမှာ ရုရှားကထုတ်တဲ့ နောက်ဆုံးပေါ် တိုက်လေယာဥ်ကအစ ထုတ်ပြခဲ့ပြီး သမ္မတပူတင်လည်း လာပြီးကြည့်ပါတယ်။

    အဲဒီ ပြပွဲမှာ လက်နက်တင်ပို့ရေး တာဝန်ခံ အလက်ဇန်ဒါ မီခေးဗ်က မြန်မာကို လေယာဥ်တွေ အပါအဝင် စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ပြောကြောင်း မော်စကို အခြေစိုက် အစိုးရနဲ့ မသက်ဆိုင်တဲ့ သတင်းဌာန အင်တာဖက်စ်က ရေးပါတယ်။

    ဒါဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက နောက်ဆုံးချမှတ်ထားတဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက်တွေထဲ ပါဝင်တဲ့ မြန်မာပြည်ထဲ လက်နက်စီးဝင်မှု တားဆီးရေး ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

    အဲဒီ ရုရှားကုမ္ပဏီ ရိုဆိုဘိုရိုနက်စပေါ့ကို အီရန်ကို လက်နက်ရောင်းလို့ ဆိုပြီး အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ဖူးပါတယ်။

    အခု မြန်မာပြည်ကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပေးမယ်လို့ ရိုဆိုဘိုရိုနက်စပေါ့ရဲ့ အကြီးအကဲက ပြောလာတာ ဖြစ်ပြီး၊ လေယာဥ်ပါဝင်တယ်လို့ ပြောတာကလွဲပြီး ဘာအမျိုးစားလဲ၊ ဘယ်နှစ်စင်းလဲ၊ တခြား ဘာလက်နက်တွေ စစ်သုံးပစ္စည်းတွေ ပါသေးလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ မသိရသေးပါဘူး။

    လုံခြုံရေးဆိုင်ရာ မော်စကို ကွန်ဖရင့်စ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ပြီးခဲ့တဲ့ လတုန်းက သွားခဲ့တုန်းကတော့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူးက မြန်မာနဲ့ကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဆက်လက်တိုးမြှင့်သွားမယ် ဆိုပြီး ပြောထားပါတယ်။

    အခုသီတင်းပတ်ထဲ MAKS ပြပွဲမှာ ထုတ်ပြခဲ့တဲ့ ရုရှားရဲ့ အင်္ဂျင်တစ်လုံးတပ် ဆုခွိုင်အမျိုးအစား နောက်ဆုံးထုတ် ဂျက်တိုက်လေယာဥ်။ “ပွဲသိမ်း” “Checkmate” ဆိုပြီး နာမည်ပေးထား
    Image caption: အခုသီတင်းပတ်ထဲ MAKS ပြပွဲမှာ ထုတ်ပြခဲ့တဲ့ ရုရှားရဲ့ အင်္ဂျင်တစ်လုံးတပ် ဆုခွိုင်အမျိုးအစား နောက်ဆုံးထုတ် အပေါ့စား ဂျက်တိုက်လေယာဉ်။ “ပွဲသိမ်း” “Checkmate” ဆိုပြီး နာမည်ပေးထား
    MAKS ပြပွဲမှာ ရုရှားရဲ့  Mikoyan MIG-31 မစ်-၃၁ နောက်ဆုံးပေါ် တိုက်လေယာဥ်ကိုလည်း တွေ့ခဲ့ရ
    Image caption: MAKS ပြပွဲမှာ ရုရှားရဲ့ Mikoyan MIG-31 မစ်-၃၁ နောက်ဆုံးပေါ် တိုက်လေယာဥ်ကိုလည်း တွေ့ခဲ့ရ
  9. နမ္မတူဘော်တွင်းကနေ ဩစတြေးလျ ကုမ္ပဏီ ထွက်တော့မယ်

    မြန်မာထဲကနေ လက်ကြီးကုမ္ပဏီတစ်ခု ထပ်ပြီး ထွက်ခွာ

    နမ္မတူဘော်တွင်း
    Image caption: စစ်အာဏာသိမ်းပြီးနောက် ဘော်တွင်းမှာ ငွေအရင်းအနှီးထည့်မယ့်သူတွေ ကိုယ်ရှိန်သတ်

    ရှမ်းပြည်နယ် နမ္မတူဘော်တွင်းရဲ့ ရှယ်ယာ အများစု ၅၁% ကို ပိုင်တဲ့ ဩစတြေးလျ အခြေစိုက် မြန်မာမက်တယ် Myanmar Metalsကုမ္ပဏီဟာ သူတို့ပိုင်ရှယ်ယာတွေ ရောင်းဖို့ စီစဥ်ထားတယ်လို့ ဇူလိုင် ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက်ပိုင်း ယိုယွင်းလာတဲ့ အခြေအနေတွေ၊ မတည်ငြိမ်မှုတွေကြောင့် အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန် ဘော်တွင်း ပရောဂျက်ကို ဆက်လုပ်ဖို့ရာ အခက် တွေ့လာရတယ်လို့ ဆိုပါတယ်။

    “ပရောဂျက်အတွက် ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လက်ငင်း အခြေအနေတွေမှာ ရလာဖို့ ဆိုရင် အင်မတန် ခက်ခဲမှာ ဖြစ်ပြီး၊ လက်တွေ့အရ မဖြစ်နိုင်ဘူးလို့ ဘုဒ်အဖွဲ့က သုံးသပ်ထားတယ်” ဆိုပြီး ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

    ရှယ်ယာရှင်တွေ အတွက် အကောင်းဆုံးကတော့ ဘော်တွင်း ပရောဂျက်ထဲ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ရောင်းတာဖြစ်စေ၊ မြန်မာမက်တယ် ကုမ္ပဏီတစ်ခုလုံးကို ရောက်တာဖြစ်စေ ပြုလုပ်ဖို့လိုတယ် ဆိုပြီး ဘုဒ်အဖွဲ့က ဆုံးဖြတ်ထားတယ်လို့လည်း ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    ဘော်တွင်း ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ အရင် ပြောဆိုထားသူတွေ အားလုံး ဖေဖေါ်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းငွေထုတ်မပေးတော့ဖို့ စိတ်ပြောင်းသွားကြတယ်လို့ နားလည်ရပါတယ်။

    ဒါ့ကြောင့် ပရောဂျက်ထဲ ဆက်ပါနေဦးမယ်ဆိုရင် မြန်မာမက်တယ် အနေနဲ့ လက်ရှိ မတည်ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်းခွဲနီးပါးဟာ တစ်နှစ်အတွင်း ကုန်သွားနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

    ဘော်တွင်း ပရောဂျက်ဟာ ငွေသတ္တုတင်မက၊ ခဲနဲ့ သွပ်တို့ပါ ထုတ်မယ့် လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီ ပရောဂျက်ရဲ့ ရှယ်ရာအများစု ၅၁%ကို ဩစတြေးလျ ကုမ္ပဏီ မြန်မာမက်တယ်က ၂၀၁၈ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး၊ ကျန် ရှယ်ယာတွေကတော့ ပြည်တွင်း ကုမ္ပဏီတွေ ဖြစ်တဲ့ ဝင်းမြင့်မို ကုမ္ပဏီ လိမိတက် WMM နဲ့ အီးအေပီ ဂလိုဘယ် EAP တို့ တဝက်စီပိုင်တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    မြန်မာမက်တယ်က နမ္မတူဘော်တွင်း ပရောဂျက် ရှယ်ယာ အများစုကို ရောင်းချဖို့ ဝယ်လက်တွေကို ရှာတဲ့အခါ၊ တရုတ်အခြေစိုက် ယင်တိုင် ဂိုးလ်ဒ် ကော်ပိုရေးရှင်း Yintai Gold Co ဆိုတဲ့ သတ္တုတွင်း ကုမ္ပဏီက စိတ်ဝင်စားပြီး အမေရိကန် ဒေါ်လာ ၆၆ သန်းခွဲ ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

    ဘော်တွင်း
    Image caption: တရုတ်ကုမ္ပဏီက ဝ​ယ်မယ်ဆိုပြီး ကမ်းလှမ်းထား
  10. ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်စည်ကူးသန်းမှုတွေပြုလုပ်နေကြတဲ့ ကုန်သွယ်ရေးခစန်းနှစ်ခု ကို ဇူလိုင် ၁၅ ရက်ကနေစပိတ်မယ်။

    ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်စည်ကူးသန်းမှုတွေပြုလုပ်နေကြတဲ့ ကုန်သွယ်ရေးခစန်းနှစ်ခုရှိပြီး အဲ့ဒီစခန်းတွေကတော့ စစ်တွေရွှေမင်းဂံစခန်းနဲ့ မောင်တော ကညင်ချောင်းစခန်းတို့ဖြစ်ကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 7