တားမြစ်ဆေး

  1. မြန်မာပြည်တွင်းစစ်နဲ့ ယှဉ်တွဲ ပေါ်ပေါက်လာတဲ့ မူးယစ်ဆေး ပြဿနာ

    မြန်မာပြည်ထဲ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ မငြိမ်သက်မှုတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ လူတွေ အလုံးအရင်းနဲ့ ထွက်ပြေး တိမ်းရှောင် လာခဲ့ကြတဲ့ ဒုက္ခသည် ပြဿနာနဲ့ ရင်ဆိုင် နေရချိန်မှာ၊ မူးယစ်ဆေး ကုန်သွယ်မှု ပြဿနာလည်း ကြီးထွားလာတာ တွေ့ရတယ်လို့ မီဇိုရမ် အာဏာပိုင်တွေက ပြောနေပါတယ်။

    မြန်မာဘက်ခြမ်းမှာ စစ်ရေး ပဋိပက္ခတွေ အပေါ် အဓိက အာရုံစိုက် နေတာကြောင့် နယ်စပ်အဝင် အထွက်တွေ အပါအဝင် မူးယစ်မှောင်ခို လမ်းကြောင်းတွေ အပေါ် ထိန်းချုပ် ကိုင်တွင်မှု မရှိ ဖြစ်နေတယ်လို့လည်း မီဇိုရမ် ပြည်နယ် အခွန်နဲ့ မူးယစ်ဆိုင်ရာ ဌာနက တာဝန်ရှိသူတွေက ထောက်ပြကြပါတယ်။

    အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာကြား မိုင် ၂၅၀ ကျော် နယ်စပ်ခြင်း ထိစပ်နေပြီး၊ တရားမဝင် ဝင်ပေါက် ထွက်ပေါက် နေရာတွေ အများအပြား ရှိနိုင်တယ်လို့ ဆိုပါတယ်။

    အခုဆိုရင် မီဇိုရမ်ဘက်မှာ ဘိန်းဖြူစျေး သိသိသာသာ ထိုးဆင်းသွားပြီး၊ အရင် ကိုဗစ် အဆိုးအရွားဆုံး အချိန် နယ်စပ်တွေ တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့စဥ် တုန်းက ၁၃ ဂရမ် အလေးချိန် တစ်ထုတ်ကို ရူပီး ၈ သောင်း (ဒေါ်လာ တစ်ထောင်စွန်းစွန်း) အထိ စျေးပေါက်ခဲ့ရာက အခု ရူပီး ၃ သောင်း လောက်အထိ ခေါက်ချိုးမက စျေးကျ သွားတယ်လို့ မီဇိုရမ်မြို့တော် အိုင်ဇောမှာ ရှိတဲ့ မူးယစ် အရာရှိတွေက ဆိုပါတယ်။

    မီဇိုရမ်ဟာ မူးယစ်မှောင်ခိုမှု ဖြတ်သန်းသွားရာ အဓိက လမ်းကြောင်း အဖြစ် ရှိနေဆဲ ဖြစ်တယ် ဆိုတာကို ပြည်နယ် တာဝန်ရှိသူတွေက ဝန်ခံကြပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ မဏိပူရ၊ အာသံနဲ့ တြီပူရ တို့ကို ဖြတ်ပြီး အနောက်နိုင်ငံတွေ အထိ ဘိန်းဖြူ နဲ့ မက်သာဖက်တမင်း စိတ်ကြွရူးသွပ် ဆေးပြားတို့လို မူးယစ်ဆေးတွေ ဝင်နေတဲ့ လမ်းကြောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    မြန်မာနဲ့မီဇိုရမ် နယ်စပ်တစ်နေရာ
    Image caption: မြန်မာနဲ့မီဇိုရမ် နယ်စပ်တစ်နေရာ
  2. Video content

    Video caption: မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထိုးနှံ

    ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ထိုးနှံ့ပေးခဲ့တာ ဖြစ်

  3. စိုးစိုးထွန်း

    ဘီဘီစီမြန်မာပိုင်း

    ရောင်းတန်းဝင် ကျောက်ကောင်းတစ်လုံးရဖို့က သူတို့တွေရဲ့ ရည်မှန်းချက်ပါ

    "ကိုယ့်ကိုယ်ကို သေသွားတာပဲ ကောင်းတယ်လို့ ထင်မိတယ် … ဒီလောက်ကြီး စုတ်ပြတ်သတ်သွားမယ်လို့ မထင်ထားဘူး"

    အပြည့်အစုံ ဖတ်ရန်
    next
  4. လင်ဒါ ပရက်စလေ

    ဘီဘီစီ၊ ဘၾဂလားဒေ့ရှ်

    Yaba pills

    မြန်မာနိုင်ငံက အလုံးအရင်းနဲ့ ဝင်လာနေတဲ့ ဆေးပြားတွေကို သုံးရင်းစွဲသူ များလာနေပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  5. Video content

    Video caption: အဲလ်ဆာဗေးဒိုးကလူတွေ ဘာကြောင့် အမေရိကန်ကို ရွှေ့ပြောင်းနေကြသလဲ

    အဲလ်ဆာဗေးဒိုးမှာဆိုလည်း နှစ်စဉ် လူ ထောင်ပေါင်းများစွာဟာ အမေရိကားမှာ ဘဝ သစ်စဖို့ နိုင်ငံထဲက ထွက်လာနေကြပါတယ်။