ဂျီ-၇

  1. ကာကွယ်ဆေးထိုးပေးဖို့ပြင်နေတဲ့ သူနာပြုတစ်ဦး

    ချမ်းသာတဲ့ နိုင်ငံတွေဟာ ကာကွယ်ဆေး အပိုအလျှံတွေကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပြီး အဲဒီဆေးအများစုဟာ မကြာမီကာလအတွင်း စွန့်ပစ်ရနိုင်ဖွယ်ရှိတယ်လို့ သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  2. အရှေ့တီမောနိုင်ငံကို ကိုဗက် စီမံကိန်းအရ အမေရိကန်က လှူလိုက်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ရောက်ရှိ

    အမေရိကန်က အများဆုံး ဆေးအလုံး သန်း ၅၀ဝ ပါမယ့် G7 ထိပ်သီးနိုင်ငံတွေရဲ့ ကိုဗစ်ကာကွယ်ဆေး လှူဒါန်းမှုက ကိုဗစ်တားဆီးရေးမှာ ဘယ်လိုသက်ရောက်မှု ရှိစေမလဲ။

    အပြည့်အစုံ ဖတ်ရန်
    next
  3. NUG သာ တရား၀င် အစိုးရ ဖြစ်ကြောင်း ထုတ်ပြန်ပေးဖို့ G7 နိုင်ငံတွေကို တောင်းဆို

    စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေ တွေ့ဆုံ ဆွေးနွေးနေတဲ့ လန်ဒန်မြို့လယ်က လန်ကတ်စတာ စံအိမ်ရှေ့မှာ မြန်မာ့ ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူတွေ ဒီကနေ့ (မေလ ၅ ရက်နေ့) စုဝေးခဲ့ကြပါတယ်။

    မြန်မာ အာဏာသိမ်း စစ်တပ်အပေါ် အရေးယူ ဆောင်ရွက်တာတွေ ပြုလုပ်ဖို့ အပြင်၊ ကြားကာလ အစိုးရ အဖြစ် ကြေညာထားတဲ့ NUG သာ မြန်မာနိုင်ငံရဲ့ တရား၀င် အစိုးရ ဖြစ်ကြောင်း အသိအမှတ် ပြုပေးဖို့ G7 နိုင်ငံတွေကို တောင်းဆိုကြတာ ဖြစ်ပါတယ်။

    “NUG” သာ မြန်မာပြည်ရဲ့ တရား၀င် အစိုးရ ဖြစ်ကြောင်း အသိအမှတ် ပြုတဲ့ ကြေညာချက် ထုတ်ပြန်ခြင်းအားဖြင့် သူရဲကောင်း အဖြစ် ခံယူပါ ဆိုပြီး အိမ်ရှင် ယူကေ နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်ကို မြန်မာ့ အရေး လှုပ်ရှားသူတွေက တိုက်တွန်း နေပါတယ်။

    လန်ဒန်မြို့ G7 တွေ့ဆုံပွဲဟာ ကိုဗစ် ကမ္ဘာ့ကပ်ဘေး ကျရောက်လာတဲ့ ၂၀၁၉ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အွန်လိုင်း ဗီဒီယိုက မဟုတ်ပဲ လူချင်းတွေ့ဆုံ ကြတာ ဖြစ်ပါတယ်။

    ဆွေးနွေးပွဲကျင်းပတဲ့ လန်ကတ်စတာ စံအိမ်ဟာ ဘုရင်မကြီးရဲ့ ဘာကင်ဟမ် နန်းတော်နဲ့လည်း မဝေးလှပဲ၊ လက်ရှိ ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံးက တာ၀န်ယူ စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။

    လန်ဒန် G7 အစည်းအဝေးမှာ မြန်မာ့ အကျပ်အတည်းအပါအ၀င်၊ ရုရှား၊ တရုတ်နဲ့ အီရန် နိုင်ငံတွေနဲ့ကြား ဆက်ဆံရေးတို့ အပေါ် သုံးသပ်ဆွေးနွေး သွားဖို့ရှိသလို၊ အီသီယိုပီးယားနဲ့ ဆီးရီးယားတို့မှာ ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုတွေလို ကမ္ဘာ့ အခြေအနေတို့ကို ထည့်သွင်း ဆွေးနွေးမယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဌာနက ပြောထားပါတယ်။

    NUG
    Image caption: NUG သာ မြန်မာနိုင်ငံရဲ့ တရား၀င် အစိုးရ ဖြစ်ကြောင်း အသိအမှတ် ပြုပေးဖို့ တောင်းဆို
  4. Video content

    Video caption: အမေဇုံမုတ်သုံတောကြီး ငြိမ်းသတ်ဖို့ ဒေါ်လာ ၂၂ သန်း ထောက်ပံ့ကူညီမယ်

    အမေဇုံတောကြီး လောင်ကျွမ်းနေတာက တကမ္ဘာလုံးကို ထိခိုက်နိုင်တယ်ဆိုပြီး ပြောဆိုနေ