ရုရှား

  1. မနှစ်က မြင်တွေ့ရတဲ့ နိုင်ငံတကာ အာကာသစခန်း

    ရုရှားက တာဝန်ယူ တည်ဆောက်ထားတဲ့ လူနေခန်းတွေ ရှိတဲ့ Zvezda module အစိတ်အပိုင်းမှာ ဖြစ်ခဲ့တာ ဖြစ်ကြောင်း ရုရှား မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  2. ပန်ဆီယာ

    ဒီစနစ် အပြင် ရေဒါစက်တွေ၊ Orlan-10E လို့ခေါ်တဲ့ ထောက်လှမ်းရေးဒရုန်း တွေကိုပါ ရုရှားဆီက ရဖို့ ရှိနေပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  3. ရုရှားအနေနဲ့ အာဖဂန်ကို တပ်သားစေလွှတ်တဲ့အထိ မလုပ်ပါဘူး ဆိုတာကို အစဉ်တစိုက် ပြောဆိုနေခဲ့

    အာဖဂန်နစ္စတန်နဲ့ ရုရှားတို့ ဆက်ဆံရေး အတိတ်၊ ပစ္စပ္ပုန်နဲ့ အနာဂတ် ရုရှား လိုလားချက်

    အပြည့်အစုံ ဖတ်ရန်
    next
  4. ဗီကားစ် ပန်ဒီ

    ဘီဘီစီ သတင်းဌာန၊ ဒေလီ

    ဂျာလာဘာဘတ်မှာတွေ့ရတဲ့ တာလီဘန် တိုက်ခိုက်ရေးသမားတွေ

    အာဖဂန်နစ္စတန်ရဲ့ စာမျက်နှာသစ်ဟာ ပါကစ္စတန်၊ ရုရှား၊ အီရန်နဲ့ တရုတ်တို့ ပါ ပါဝင်ပတ်သက်လာကြတော့မှာ ဖြစ်တဲ့ ကစားပွဲကြီး တခုလို ဖြစ်လာပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  5. Video content

    Video caption: လစ်ဗျား ပြည်တွင်းစစ်မှာ ရုရှားကြေးစားတွေ ပါဝင်တိုက်ခိုက်နေ

    လစ်ဗျား ပြည်တွင်းစစ်မှာ ရုရှားက ကြေးစားအဖွဲ့တွေ ပါဝင် တိုက်ခိုက်နေတာကို ဘီဘီစီက စုံစမ်း ဖော်ထုတ် သိရှိခဲ့ရ

  6. အိမ်စောင့်အစိုးရ နိုင်ငံတော် ဝန်ကြီးချုပ်နေရာကို စစ်ကောင်စီဥက္ကဋ္ဌက တာဝန်ယူ

    အိမ်စောင့်အစိုးရရဲ့သက်တမ်းဟာ အရေးပေါ်ကာလကြေညာထားတာကိုသမ္မတက ပြန်ရုပ်သိမ်းတဲ့အခါမှာ ကုန်ဆုံးမယ်လို့ အခြေခံဥပဒေကို ကိုးကားပြီး ဘီဘီစီကို ပြော

    အပြည့်အစုံ ဖတ်ရန်
    next
  7. မြန်မာကို လေယာဉ်ကအစ စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ရုရှားလက်နက်ကုမ္ပဏီ အကြီးအကဲကပြော

    Rosoboronexport
    Image caption: ရုရှားလက်နက်တွေ ပြည်ပပို့ဖို့ သမ္မတပူတင်က Rosoboronexport ကုမ္ပဏီကို တာဝန်ပေးထား
    Rosoboronexport ရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်
    Image caption: Rosoboronexport ရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်

    မြန်မာကို လေယာဥ် အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရုရှားက ပေးဖို့ရာ လုပ်ဆောင် နေတယ်လို့ မော်စကိုက လာတဲ့ သတင်းတွေက ဆိုပါတယ်။

    “စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပေးဖို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုမျိုးတွေ ရှိနေပါတယ်။ လေယာဥ်လည်း ပါဝင်ပါတယ်” ဆိုပြီး ရိုဆိုဘိုရိုနက်စပေါ့ Rosoboronexportလက်နက်ပွဲစား ကုမ္ပဏီရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်က ပြောကြောင်း ကြားသိရပါတယ်။

    အဲဒီ ကုမ္ပဏီဟာ ရုရှား အစိုးရအောက်မှာ ရှိပြီး ပြည်ပကို ရုရှားရဲ့ စစ်လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေ တင်ပို့မှုအားလုံးကို တာဝန်ယူဖို့ရာ သမ္မတပူတင်က အမိန့်စာ ထုတ်ထားပါတယ်။

    အခုသီတင်းပတ်ထဲမှာပဲ ရုရှားမှာ နှစ်စဥ်လုပ်လေ့ရှိတဲ့ နိုင်ငံတကာ MAKS လေယာဥ်ပြပွဲ ရှိနေခဲ့တာမှာ ရုရှားကထုတ်တဲ့ နောက်ဆုံးပေါ် တိုက်လေယာဥ်ကအစ ထုတ်ပြခဲ့ပြီး သမ္မတပူတင်လည်း လာပြီးကြည့်ပါတယ်။

    အဲဒီ ပြပွဲမှာ လက်နက်တင်ပို့ရေး တာဝန်ခံ အလက်ဇန်ဒါ မီခေးဗ်က မြန်မာကို လေယာဥ်တွေ အပါအဝင် စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ပြောကြောင်း မော်စကို အခြေစိုက် အစိုးရနဲ့ မသက်ဆိုင်တဲ့ သတင်းဌာန အင်တာဖက်စ်က ရေးပါတယ်။

    ဒါဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက နောက်ဆုံးချမှတ်ထားတဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက်တွေထဲ ပါဝင်တဲ့ မြန်မာပြည်ထဲ လက်နက်စီးဝင်မှု တားဆီးရေး ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

    အဲဒီ ရုရှားကုမ္ပဏီ ရိုဆိုဘိုရိုနက်စပေါ့ကို အီရန်ကို လက်နက်ရောင်းလို့ ဆိုပြီး အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ဖူးပါတယ်။

    အခု မြန်မာပြည်ကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပေးမယ်လို့ ရိုဆိုဘိုရိုနက်စပေါ့ရဲ့ အကြီးအကဲက ပြောလာတာ ဖြစ်ပြီး၊ လေယာဥ်ပါဝင်တယ်လို့ ပြောတာကလွဲပြီး ဘာအမျိုးစားလဲ၊ ဘယ်နှစ်စင်းလဲ၊ တခြား ဘာလက်နက်တွေ စစ်သုံးပစ္စည်းတွေ ပါသေးလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ မသိရသေးပါဘူး။

    လုံခြုံရေးဆိုင်ရာ မော်စကို ကွန်ဖရင့်စ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ပြီးခဲ့တဲ့ လတုန်းက သွားခဲ့တုန်းကတော့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူးက မြန်မာနဲ့ကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဆက်လက်တိုးမြှင့်သွားမယ် ဆိုပြီး ပြောထားပါတယ်။

    အခုသီတင်းပတ်ထဲ MAKS ပြပွဲမှာ ထုတ်ပြခဲ့တဲ့ ရုရှားရဲ့ အင်္ဂျင်တစ်လုံးတပ် ဆုခွိုင်အမျိုးအစား နောက်ဆုံးထုတ် ဂျက်တိုက်လေယာဥ်။ “ပွဲသိမ်း” “Checkmate” ဆိုပြီး နာမည်ပေးထား
    Image caption: အခုသီတင်းပတ်ထဲ MAKS ပြပွဲမှာ ထုတ်ပြခဲ့တဲ့ ရုရှားရဲ့ အင်္ဂျင်တစ်လုံးတပ် ဆုခွိုင်အမျိုးအစား နောက်ဆုံးထုတ် အပေါ့စား ဂျက်တိုက်လေယာဉ်။ “ပွဲသိမ်း” “Checkmate” ဆိုပြီး နာမည်ပေးထား
    MAKS ပြပွဲမှာ ရုရှားရဲ့  Mikoyan MIG-31 မစ်-၃၁ နောက်ဆုံးပေါ် တိုက်လေယာဥ်ကိုလည်း တွေ့ခဲ့ရ
    Image caption: MAKS ပြပွဲမှာ ရုရှားရဲ့ Mikoyan MIG-31 မစ်-၃၁ နောက်ဆုံးပေါ် တိုက်လေယာဥ်ကိုလည်း တွေ့ခဲ့ရ
  8. ကီးဘုတ်မှာစာရိုက်နေ

    အမေရိကန်ကုမ္ပဏီ ၂၀ဝ ကျော် ဆိုင်ဘာတိုက်ခိုက်ခံရပြီး ပြန်ပေးငွေ အတောင်းခံရနိုင်စရာ ရှိနေ

    အပြည့်အစုံ ဖတ်ရန်
    next
  9. Russia and Myanmar

    လက်နက်ကို အားပြုအုပ်ချုပ်ဖို့ပြင်ဆင်နေတဲ့ မြန်မာစစ်တပ်အတွက် ရုရှားဟာအဓိကလက်နက်ထောက်ပံ့တဲ့မဟာမိတ်အဖြစ် ဆက်ရှိမယ်လို့ သုံးသပ်ချက်တွေရှိ

    အပြည့်အစုံ ဖတ်ရန်
    next
  10. မြန်မာဟာ ယုံကြည်စိတ်ချရတဲ့ မဟာမိတ်

    မော်စကို အစည်းအဝေး နိုင်ငံတကာအလယ် မြန်မာ စစ်ခေါင်းဆောင်က အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် ကာကွယ်ပြောဆို

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 10