လူ့အခွင့်အရေး

  1. Video content

    Video caption: စစ်ကိုင်းတိုင်းထဲက ရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက် ပစ်ခတ်မီးရှို့

    စေတုတ္တရာမြိုနယ်ထဲက သက္ကယ်ကျင်းရွာမှာလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ် ပစ်ခတ်

  2. မီတာ မဆောင်တဲ့အိမ်တွေ မီးဖြတ်ခံရ

    လျှပ်စစ်ရုံးဝန်ထမ်းတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးပြီး ရပ်ကွက်အတွင်းမီးဖြတ်တာကို လိုက်လံ လုပ်ဆောင်နေကြတာလို့လည်း ပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  3. ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ကို ဗိုလ်ချုပ် စောနယ်ဒါးမြက ကာလရှည်စွာ ဦးဆောင်လာခဲ့

    ပြီးခဲ့တဲ့နှစ် မေလ ၃၁ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး နယ်မြေ ဝေါလေဒေသအတွင်းမှာ အရပ်သား ၂၅ ယောက် အသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး KNDOရဲ့ လက်ချက်လို့ ဆိုတဲ့ စွပ်စွဲသံတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့

    အပြည့်အစုံ ဖတ်ရန်
    next
  4. မြန်မာကိုဎ်စားလှယ် အဖွဲ့နဲ့ ဒီအမှုကို လိုက်ပါဆောင်ရွှက်နေတဲ့ ရှေ့နေ့ အဖွဲ့

    ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာက မြန်မာကို စွဲဆိုထားတဲ့အမှုဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီ ကိုယ်တိုင်ရင်ဆိုင်ရဖို့ဖြစ်လာခဲ့တာပါ။

    အပြည့်အစုံ ဖတ်ရန်
    next
  5. လေယာဥ်မပျံသန်းရ ဇုန်တွေ ဖော်ဆောင်ဖို့ တောင်းဆိုသံတွေ ထွက်ပေါ်

    အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်လေယာဥ်တွေ ပျံမတက်နိုင်ရေး ဘာတွေ လုပ်ဆောင်နိုင်လဲ

    အပြည့်အစုံ ဖတ်ရန်
    next
  6. လွိုင်ကော်က ပြေးလာသူတွေ ရှမ်းတောင်ပိုင်း အနှံ့ သောင်းနဲ့ချီ ဝင်လာ

    လေကြောင်း တိုက်နေတာ အပါအဝင် ကရင်နီဒေသကို ထိုးစစ်ဆင်နေတာတွေ ရပ်ဖို့ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို

    လွိုင်ကော်ကနေ မြို့လုံးကျွတ်နီးပါး ထွက်ပြေးကြရ
    Image caption: လွိုင်ကော်ကနေ မြို့လုံးကျွတ်နီးပါး ထွက်ပြေးကြရ

    လေကြောင်းတိုက်ခိုက် ခံနေခဲ့ရတဲ့ ကယားမြို့တော် လွိုင်ကော်ကနေ အခုရက်ပိုင်းတွေ အတွင်း လူတွေ အစုလိုက် အပြုံလိုက် နေ့စဥ်ရက်ဆက် ထွက်ပြေး ခဲ့ကြရတာမှာ ရှမ်းတောင်ပိုင်း ဒေသတွေထဲ လူတွေ သောင်းဂဏန်းတချို့ ရောက်ရှိလာခဲ့တယ်လို့ ဒေသတွင်း ကူညီရေး ကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ထုတ်ပြန်ကြပါတယ်။

    ဆီဆိုင်၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်းနဲ့ တောင်ကြီးထိအောင် ရှမ်းတောင်ပိုင်း မြို့ရွာတွေထိ စစ်ရှောင်ပြည်သူတွေ ရောက်ရှိလာကြတယ်လို့ ဆိုပါတယ်။

    လွိုင်ကော်မှာ ဆိုရင် ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်၊ ဗုဒ္ဓဟူး နေ့ထိအောင် ပစ်ခတ်သံတွေ ကြားနေခဲ့ရပြီး၊ ရဟတ်ယာဥ်သုံး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိ နေခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ဒီအချိန်မှာပဲ စစ်ကောင်စီဘက်က လွိုင်ကော်ကို အဝင်အထွက် လမ်းတွေမှာ ယာဥ် သွားလာမှုတွေ ကန့်သတ် တင်းကြပ်လာတယ်လို့ ဆိုပါတယ်။

    အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ အဲဒီလို ကရင်နီဒေသမှာ လေကြောင်းတိုက်ခိုက် နေတာတွေ၊ မြေပြင်ထိုးစစ်တွေကို ချက်ခြင်း ရပ်တန့်ဖို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က တောင်းဆို နေပါတယ်။

    ဒါ့အပြင် ဘေးလွတ်ရာ ထွက်ပြေးကြရသူတွေကို လွတ်လွတ်လပ်လပ် ထွက်ခွာခွင့် ပြုဖို့နဲ့၊ အကူအညီပေး ကယ်ဆယ်ရေး အဖွဲ့တွေ သွားလာခွင့်ပြုဖို့လည်း တွမ်အင်ဒရူးစ်က ပြောနေပါတယ်။

    ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း ကရင်နီဒေသ လေကြောင်း တိုက်ခိုက်ခံရမှု၊ ထိုးစစ်ဆင်ခံနေရမှုတွေ အပါအဝင် စာနာမှုဆိုင်ရာ အခက်အခဲတွေကို ဖြေလျှော့နိုင်ရေး စစ်ကောင်စီ အပေါ် ဝိုင်းဝန်း ပြောဆိုကြဖို့လည်း မစ္စတာ အင်ဒရူးစ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြား နေပါတယ်။

    View more on twitter
  7. ဒီးမော့ဆိုပြည်နယ်က စစ်ဘေးရှောင် ကလေးငယ်တွေ

    စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ၁၈ နှစ်အောက် ကလေးနဲ့ အမျိုးသမီး အရေအတွက်က ၇၀ ရာခိုင်နှုန်း အထိ ရှိတယ်လို့လည်း ဆိုပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  8. Video content

    Video caption: ကယားပြည်နယ်မှာ အရပ်သား ပြည်သူ ၁၅၀ နီးပါး သတ်ဖြတ်ခံခဲ့ရ

    လူနေအိမ်နဲ့ အဆောက်အအုံ (၇၀၀)နီးပါးလည်း ပျက်ဆီး မီးလောင်ခဲ့

  9. တရုတ်အမျိုးသား လက်ရွေးစင် ဘောလုံးအသင်းက ကျန်းလိပုန်းအပါအဝင် တချို့ဟာ သူတို့ တက်တူးတွေကို ဖုံးထား၊ မမြင်ရအောင်လုပ်ထားကြဖို့ ညွှန်ကြားခံထားရပါတယ်။

    ပရော်ဖက်ရှင်နယ်ကစားသမား တချို့ က အဲဒီအချိန်ကတည်းကစပြီး သူတို့လက်တွေက ဆေးမင်ကြောင်ရုပ်တွေကို အင်္ကျီလက်ရှည်တွေနဲ့ ဖုံးထားကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးသံတမန် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေ

    မြန်မာစစ်တပ်အပေါ် ဖိအားပိုပေးကြဖို့ တွမ်အင်ဒရူးစ် ဆော်ဩ
    Image caption: မြန်မာစစ်တပ်အပေါ် ဖိအားပိုပေးကြဖို့ တွမ်အင်ဒရူးစ် ဆော်ဩ

    မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာပြီး အစီရင်ခံစာ ရေးသား တင်သွင်းရတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရောက်ရှိနေပြီး၊ အဲဒီမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အခြေအနေတွေကို ဆန်းစစ်လေ့လာ နေပါတယ်။

    မစ္စတာ အင်ဒရူးစ်ဟာ ဒုက္ခသည်တချို့နဲ့ တွေ့ဆုံခဲ့သလို၊ အကူအညီပေးရေး လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အေဂျင်စီ အဖွဲ့တွေက တာဝန်ရှိသူတွေ၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့လည်း တွေ့ဆုံခဲ့တ​ယ်လို့ ဒါကာမြို့က လာတဲ့ သတင်းတွေက ဆိုပါတယ်။

    နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံနေတာတွေကို ဖြတ်တောက်သင့်တယ် ဆိုတဲ့ လမ်းကြောင်းကို မစ္စတာအင်ဒရူးစ်က အသားပေး ပြောဆိုနေပြီး၊ တစ်ဘက်မှာလည်း ဒုက္ခသည်တွေ အရေးကို ဖြေရှင်းလိုရင် ပြဿနာရဲ့ မြစ်ဖြားခံရာ ဖြစ်တဲ့ မြန်မာပြည်ထဲမှာ ဖြေရှင်းမှ ရမယ်လို့လည်း ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံတည်း ဒုက္ခသည် ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးထားရတာမျိုး မဖြစ်သင့်ဘူးလို့ မစ္စတာ အင်ဒရူးစ်က ပြောပြီး၊ သူ ဂျနီဗာ ပြန်ရောက်တဲ့ အခါ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီရေးမှာ နိုင်ငံတကာ အနေနဲ့ အချိတ်အဆက်ရှိရှိ ပိုပြီး လုပ်ဆောင်ကြဖို့ ဆော်ဩ သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ပြောဆိုခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူလ် မိုမင်ကတော့ ဒုက္ခသည် ပြန်လည် လွှဲပြောင်းရေး စောလျှင်စွာ အထမြောက်လာဖို့ အရေး မစ္စတာ အင်ဒရူးစ်နဲ့ တွေ့ဆုံရာမှာ အလေးပေး ပြောဆိုခဲ့တယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

    ဒုက္ခသည် လွှဲပြောင်းရေးကိစ္စ အမြန်ဆုံး အထမြောက်ဖို့ ဘင်္ဂလားဒေ့ရှ်က အလေးပေးပြော
    Image caption: ဒုက္ခသည် လွှဲပြောင်းရေးကိစ္စ အမြန်ဆုံး အထမြောက်ဖို့ ဘင်္ဂလားဒေ့ရှ်က အလေးပေးပြော
စာမျက်နှာ 1 ရဲ့ 21