လွတ်လပ်စွာ ထုတ်ဖော်ခွင့်

  1. no tag

    ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အမှုတွေထဲက အင်္ဂါနေ့တိုင်းစစ်ဆေးတဲ့နောက်ထပ် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုအတွက် မန္တလေးတိုင်း ဝန်ကြီးချုုပ်ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် ရုံးတော်ကို အမည်တင်သွင်း

    Catch up
    next
  2. no tag

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့ ၅၀၅(ခ) အမှုအတွက် ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ တရားခွင်မှာ သက်သေအဖြစ် ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

    Catch up
    next
  3. သမ္မတ ဦးဝင်းမြင့် တရားခွင်မှာ ပထမဆုံးသက်သေထွက်ဆို

    ရာထူးကနေ ကျန်းမာရေးအကြောင်းပြနုတ်ထွက်ပေးဖို့ ပြောဆိုမှုခံခဲ့ရကြောင်း ထွက်ဆိုသွား

    Catch up
    next
  4. ဖရန့်တီးယား သတင်းဌာနက ဒင်နီဖဲန်စတာ ဖမ်းဆီးခံထားရတာ ရက် ၁၀၀ ရှိလာပြီ

    ဖခင် ဘာ့ဒ်ဒီ၊ မိခင်ရို့စ်နဲ့ အစ်ကို ဘရိုင်ယန် ... ဖဲန်စတာမိသားစုကိုတွေ့ရစဥ်၊ ဇွန် ၄ ရက် ၂၀၂၁။
    Image caption: ဖခင် ဘာ့ဒ်ဒီ၊ မိခင်ရို့စ်နဲ့ အစ်ကို ဘရိုင်ယန် ... ဖဲန်စတာမိသားစုကိုတွေ့ရစဉ်၊ ဇွန် ၄ ရက် ၂၀၂၁။

    ဖရန့်တီးယား သတင်းဌာနက ဒင်နီဖဲန်စတာ ဖမ်းဆီးခံထားရတာ ရက် ၁၀၀ ရှိလာပြီအမေရိကန် စာနယ်ဇင်းသမား ဒင်နီဖဲန်စတာ Danny Fenster ကို မြန်မာ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတာ ရက် ၁၀၀ မြောက် ရှိလာချိန် မိသားစုဝင်တွေက သူ့လွတ်မြောက်ရေး အတွက် ထပ်လောင်း တောင်းဆိုတာတွေ ပြုလုပ်ကြပါတယ်။

    ဒင်နီဖဲန်စတာဟာ မြန်မာအကျဥ်းထောင်ထဲမှာ ကိုဗစ် ကူးစက် ခံထားရကြောင်း ယုံကြည်ရတယ်လို့ အမေရိကန်မှာ ရှိတဲ့ သူ့ရဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။

    ဩဂုတ် ၁ ရက်နေ့ ဒင်နီနဲ့ နောက်ဆုံး စကားပြောခဲ့ရတုန်းက အနံ့ အရသာတွေ ပျောက်နေတယ်လို့ ဒင်နီက ပြောပြီး၊ အာရုံမစူးစိုက်နိုင် စိတ်ကြည်ကြည်လင်လင် အနေအထားမှာ ရှိပုံမရဘူးလို့ မိခင် ဖြစ်သူ ရို့စ်ဖဲန်စတာက ဆိုပါတယ်။

    ဒင်နီဖဲန်စတန်ကို မြန်မာ အကျဥ်းထောင် အာဏာပိုင်တွေက ကိုဗစ်ပိုး ရှိမရှိ ဆေးစစ်ထားသလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    မြန်မာနိုင်ငံထဲ ကိုဗစ် တတိယလှိုင်း ဒဏ် အဆိုးဆုံး ခံရချိန် ကာလတွေမှာ အကျဥ်းထောင်တွေထဲက ကိုဗစ် ကူးစက်မှု အခြေအနေဟာလည်း စိုးရိမ်ရဖွယ် ဖြစ်ကြောင်း ကုလအေဂျင်စီတွေ၊ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီလို နိုင်ငံတကာ အဖွဲ့တွေက ပြောခဲ့ကြပါတယ်။

    NLD ထိပ်ပိုင်း ခေါင်းဆောင်တချို့ အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေ ကိုဗစ် ကူးစက်ခဲ့ကြတာကို အတည်ပြုထားနိုင်ပြီး၊ ကိုဗစ် ထိန်းချုပ်ရေး အတွက် ထောင်တွင်း တောင်းဆို ဆန္ဒပြတာတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

    ရို့စ်ဖဲန်စတာကတော့ .... “အင်မတန် ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ ရက် ၁၀၀ ပါ၊ အခုလို ရက်ပေါင်း ၁၀၀ တောင် ရှိသွားပြီ ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ” ဆိုပြီး အမေရိကန် စာနယ်ဇင်းသမားတွေနဲ့ လောလောလတ်လတ် စကားပြောခဲ့တာမှာ ရင်ဖွင့်ခဲ့ပါတယ်။

    ဖရန့်တီးယား သတင်းမဂ္ဂဇင်းရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ၊ အသက် ၃၇ နှစ် အရွယ် ဒင်နီ ဖဲန်စတာဟာ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ မေလ ၂၄ ရက်နေ့ တုန်းက မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားတုန်း ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

    မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကို သွားမယ့် လေယာဥ်ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက ဒင်နီ ဖဲန်စတာကို ပေးမတက်တော့ဘဲ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆောင်ခဲ့သူ တစ်ဦး အဖြစ် ဖဲန်စတာ့ အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားပြီး ဖဲန်စတာကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆို ထားပါတယ်။

    ဒင်နီ ဖဲန်စတာကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို ထားပါတယ်။

    ဇွန် ၄ ရက် ၂၀၂၁။
    Image caption: မစ်ရှီဂန်ပြည်နယ် ဟန်တင်တန်ဝုဒ်စ်မှာ ဒင်နီဖဲန်စတာ လွတ်မြောက်ရေး စုဝေးလှုပ်ရှားမှု၊ ဇွန် ၄ ရက် ၂၀၂၁။
  5. Rohingya activist Assassination

    အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

    Catch up
    next
  6. ဂျပန်မှာကြီးပြင်းတဲ့ ရုပ်ရှင်သမား ကိုသိန်းဒန်ကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို ဂျပန် ရုပ်ရှင် ဒါရိုက်တာများ သမဂ္ဂ DGJ တောင်းဆို

    ဂျပန်မှာ အသက် ၆ နှစ် သား ကတည်းက စရောက်ပြီး ကြီးပျင်းလာတဲ့ မြန်မာလူမျိုး ရုပ်ရှင်ရိုက်ကူးသူ ကိုသိန်းဒန် ဆိုသူဟာ အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးထားတာကို ခံနေရပြီး အင်းစိန် အကျဥ်းထောင်ထဲမှာ ရောက်နေပါတယ်။

    သူဟာ ဧပြီလကတည်းက ဖမ်းခံထားရတာ ဖြစ်တယ်လို့ အာဆာဟိ ရှင်ဘွန်း သတင်းစာက ရေးပါတယ်။

    အခုဆိုရင် သူ့ကို ပြန်လွှတ်ပေးဖို့ ဂျပန် ရုပ်ရှင်ဒါရိုက်တာများ သမဂ္ဂ DGJ အပါအဝင် ဂျပန်မှာ ရှိတဲ့ သူ့ရဲ့ မိတ်ဆွေတွေက တောင်းဆို နေကြပါတယ်။

    မြန်မာထောင်ထဲကနေ မေလတုန်းက လွတ်လာပြီးဂျပန်ကို ပြန်ရောက်လာတဲ့ အလွတ်သတင်းထောက် ယူကီ ကီတာဇုမိနဲ့ ကိုသိန်းဒန်တို့ဟာ မိတ်ဆွေတွေ ဖြစ်ကြတယ်လို့ နားလည်ရပါတယ်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ကိုသိန်းဒန်က ငွေကြေး ထောက်ပံ့တာတွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာ စစ်အာဏာပိုင်တွေက စွပ်စွဲနေတာ ဖြစ်တယ် ဆိုပြီး သူ့မိတ်ဆွေ တချို့က ပြောကြပါတယ်။

    သူရိုက်ကူးထားတဲ့ မှတ်တမ်း ဗီဒီယိုတချို့ကို ကီတာဇုမိဆီ ရောင်းပြီး ရတဲ့ ဒေါ်လာနှစ်ထောင် ဝန်းကျင်ကို ဆန္ဒပြသမားတွေကို ပေးခဲ့တယ်လို့ မြန်မာ စစ်အာဏာပိုင်တွေက သံသယ ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကီတာဇုမိကတော့ သူ့အနေနဲ့ ကိုသိန်းဒန်ဆီက ဘာဗီဒီယို မှတ်တမ်းမှ မဝယ်ဖူးဘူး၊ ပိုက်ဆံလည်း မပေးဖူးဘူးဆိုပြီး ငြင်းဆိုပါတယ်။

    ကိုသိန်းဒန်ဟာ အနှိပ်အစက် ခံရပြီး ဝန်ခံချက် လက်မှတ်ကို အတင်းအဓမ္မနဲ့ ထိုးခိုင်းတာ ခံရတဲ့အကြောင်း ထောင်ထဲမှာ သူ့ကို ပြန်ပြော ပြတယ်လို့ ကီတာဇုမိက ဂျပန် ဒါရိုက်တာများ သမဂ္ဂ DGJ ရှေ့မှောက် ထွက်ဆိုထားပါတယ်။

    အသက် ၃၇ နှစ် အရွယ် ကိုသိန်းဒန်ဟာ အင်းစိန်ထောင်ထဲမှာ တရားရုံးက အမိန့်ချမှာကို စောင့်နေရတယ်လို့ ဆိုပါတယ်။

    ဂျပန်မှာ အမြဲတမ်း နေထိုင်ခွင့်ရထားသူလို့ နားလည်ရတဲ့ ကိုသိန်းဒန်ဟာ ကာဝါဆာကီမှာ ရှိတဲ့ ရုပ်ရှင် အကယ်ဒမီ JAMI ကောလိပ်ကျောင်းမှာ ဒါရိုက်တာ ပညာ အပါအဝင် တခြား ရုပ်ရှင်ပညာတွေ သင်ကြားခဲ့သူ ဖြစ်ပါတယ်။

    ၂၀၁၈ လောက်ကစပြီး မြန်မာပြည်နဲ့ အသွားအပြန် လုပ်ကာ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ ရိုက်ကူး နေခဲ့ပြီး၊ ရန်ကုန်မှာ အလုပ် ကုမ္ပဏီတစ်ခု ထူထောင် ထားတယ်လို့ ဆိုပါတယ်။

    ကာဝါဆာကီ
    Image caption: ကာဝါဆာကီမှာ ရှိတဲ့ ရုပ်ရှင် အကယ်ဒမီမှာ ဒါရိုက်တာပညာ အပါအဝင် တခြား ရုပ်ရှင်ပညာတွေ သင်ကြားခဲ့
  7. ဘီလျံနာ ဆန်း ဒဝူဟာ တရုတ်နိုင်ငံရဲ့အကြီးမားဆုံး မွေးမြူရေးလုပ်ငန်းကြီး တခုကို စီမံခန့်ခွဲနေသူဖြစ်

    တရုတ်အစိုးရရဲ့ ကျေးလက်ဆိုင်ရာ မူဝါဒတွေကို သူ ဝေဖန်ခဲ့ဖူးသလို ထင်ရှားတဲ့ တရုတ်အတိုက်အခံ နိုင်ငံရေးသမားတချို့နဲ့လည်း သူက နီးနီးစပ်စပ်ရှိ။

    အပြည့်အစုံ ဖတ်ရန်
    next
  8. သတင်းလွတ်လပ်ခွင့်ကို အလုံးစုံ ဖယ်ရှားလိုက်တဲ့ မြန်မာပြည် စစ်အာဏာသိမ်းမှု ဆိုပြီး CPJ အဖွဲ့ထုတ်ပြန်

    စစ်ကောင်စီလက်ထက် မြန်မာဟာ သတင်းသမားတွေ ရန်အပြုခံရဆုံးနေရာ ဖြစ်လာ- CPJ အစီရင်ခံစာ

    လွတ်လပ်တဲ့ သတင်းပညာရပ် အပေါ် ရာဇဝတ်မှု သဖွယ် မြန်မာ အာဏာသိမ်း စစ်ကောင်စီက သဘောထားပြီး ရန်ပြုနေတ​ယ်လို့ သတင်းသမားများကို အကာအကွယ် ပြုရေး ကော်မတီ CPJ အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

    စာနယ်ဇင်းသမားတွေကို ဖမ်းဆီးပြီး ပုဒ်မတွေတပ် တရားစွဲ ထောင်ချတာ၊ သတင်းဌာနတွေကို ပိတ်ပစ်တာ၊ နိုင်ငံတကာ သတင်းထောက်တွေကို ပြည်ဝင်ခွင့် တားဆီးတာမျိုးတွေ စစ်ကောင်စီက ကျူးလွန်နေခဲ့တယ်လို့ နယူးယောက် အခြေစိုက် CPJ အဖွဲ့က အသေးစိတ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီက ရန်မူတိုက်ခိုက်တာကြောင် သတင်းသမားတွေဟာ ပုန်းလျှိုးပြီး နေရတာမျိုး၊ ပြည်ပထိ ထွက်ပြေးကြရတာမျိုးတွေ ဖြစ်လာခဲ့ပြီး၊ မြန်မာ စစ်ကောင်စီဟာ ကမ္ဘာပေါ်သတင်းသမားတွေကို ရန်အမူဆုံး၊ ဖမ်းတာဆီးတာမျိုး အလုပ်ဆုံး အဖွဲ့ ဖြစ်လာတယ်လို့ အစီရင်ခံစာကို ရေးသားတဲ့ ရှောင် ဒဗယ်လျူ ခရစ္စပင်က ပြောပါတယ်။

    ဇူလိုင်လဆန်း အထိ သိထားရသမျှ စာရင်းတွေအရ အကျဥ်းထောင်ထဲ စာနယ်ဇင်းသမား ၃၂ ယောက် ဆက်လက် ရှိနေတယ်လို့ CPJ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။ အနည်းဆုံး ၄၅ ယောက် အဖမ်းခံထားရာကနေ ဇွန်လ အကုန် အစုလိုက် အပြုံလိုက် လွှတ်ပေးမှုထဲ သတင်းသမားတချို့ လည်း ပြန်လွတ် လာခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား အရေအတွက်နဲ့ ပတ်သက်ပြီး CPJ က ပြုစုထားတဲ့ စာရင်းဇယားတွေကို ကြည့်ရင် ၂၀၂၀ ဒီဇင်ဘာတုန်းကဆိုရင် တရုတ်မှာ ၄၈ ယောက်၊ တူရကီ ၄၇၊ ဆော်ဒီ ၂၆ နဲ့ အီဂျစ် ၂၆ ယောက် အသီးသီး ရှိချိန်မှာ မြန်မာပြည်မှာ ၁ ယောက်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီ အခြေအနေကနေ စစ်အာဏာသိမ်းခံရပြီး နောက်ပိုင်း မြန်မာပြည်ဟာ သတင်းသမားတွေ အဖမ်းခံရဆုံး နိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်လို့ CPJ အစီရင်ခံစာက ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးလို့ နှစ်ပတ် အတွင်းမှာပဲ စစ်ကောင်စီဟာ ဥပဒေဆိုင်ရာ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော် အကြည်အညီပျက်စေမှုက အစ သတင်းမှား ဖြန့်ဝေတယ် ဆိုတာအဆုံး စွပ်စွဲချက်တွေနဲ့ စာနယ်ဇင်းသမားတွေ အပေါ် အလွယ်တကူ အရေးယူ အပြစ်ပေးတာမျိူးတွေ ပြုလုပ် လာခဲ့တယ်လို့ ဆိုပါတယ်။

    CPJ အစီရင်ခံစာထဲ ပုဒ်မ ၅၀၅ (က) ကို အာရုံစိုက် ပြောထားပြီး၊ စစ်ကောင်စီက သတင်းလုပ်ငန်းကို ရာဇဝတ်မှု သဖွယ် ပြုလုပ်ရာမှာ အသုံးပြုဆုံး ပုဒ်မလို့ ဆိုထားပါတယ်။

    ၅၀၅ (က) ဟာ မူလတုန်းကတော့ လက်နက်ကိုင်တပ်တွေထဲက သူတွေ အမိန့်မနာခံပဲ တာဝန်တွေကနေ ပျက်ကွက်အောင်၊ ပုန်ကန်အောင် ရည်ရွယ်ပြီး ရေးသားတာ၊ သတင်းမှားတွေ ဖြန့်တာမျိုးကို အရေးယူတဲ့ ပုဒ်မဖြစ်ပါတယ်။

    အာဏာသိမ်း စစ်ကောင်စီက အဲဒီ ပုဒ်မကိုပဲ စာသားတွေ ပြင်ဆင် ပြောင်းလဲပြီး တရားစွဲ အရေးယူတာတွေ ပို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ အသုံးချလာခဲ့တယ်လို့ ဥပဒေရေးရော ကျွမ်းကျင်သူတွေ၊ လေ့လာစောင့်ကြည့်သူတွေကလည်း ပြောကြပါတယ်။

    မြန်မာနောင်းသတင်းထောက် ဖမ်းဆီးခံရစဥ်၊ ဖေဖေါ်ဝါရီ ၂၇၊ ရန်ကုန်။
    Image caption: မြန်မာနောင်းသတင်းထောက် ဖမ်းဆီးခံရစဉ်၊ ဖေဖေါ်ဝါရီ ၂၇၊ ရန်ကုန်။
  9. ဖရန့်တီးယား အုပ်ချုပ်မှု အယ်ဒီတာ မြန်မာအကျဥ်းထောင်ထဲ ကိုဗစ် လက္ခဏာတွေ ပြနေပေမယ့် ဘယ်လိုကုသ စစ်ဆေးမှုမျိုးမှ မရဘူးလို့ မိသားစုကပြော

    မြန်မာပြည်ထဲ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန် စာနယ်ဇင်းသမား ဒင်နီ ဖဲန်စတာ Danny Fenster မှာ ကိုဗစ်ရောဂါ ကူးစက် ထားနိုင်တဲ့ လက္ခဏာတွေ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်း ကတည်းက ပြသလာခဲ့ပေမယ့် ကိုဗစ်နဲ့ ပတ်သက်ပြီး ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှုမျိုးမှ ရရှိမနေဘူးဆိုပြီး သူ့ရဲ့ မိသားစုဝင်တွေက အမေရိကန် မီဒီယာတွေကို ပြောနေပါတယ်။

    “သူဟာ ဘယ်လိုကုသမှုမျိုး၊ စမ်းသပ်မှုမျိုးမှ ရမနေဘူး။ ကျွန်တော်တို့ အင်မတန် စိတ်ပျက်ရပြီး၊ တော်တော်လေးလည်း စိုးရိမ်နေကြပါတယ်” ဆိုပြီး အစ်ကို တော်စပ်သူ ဘရိုင်ယန် ဖဲန်စတာက အမေရိကန် ရုပ်သံသတင်းဌာန CNBC ကို ပြောပါတယ်။

    အသက် ၃၇ နှစ် အရွယ် ဒင်နီ ဖဲန်စတာဟာ ဖရန့်တီးယား သတင်းမဂ္ဂဇင်းရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ ဖြစ်ပြီး၊ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ မေလ ၂၄ ရက်နေ့ တုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကို သွားမယ့် လေယာဥ်ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက ဒင်နီ ဖဲန်စတာကို ပေးမတက်တော့ဘဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆောင်ခဲ့သူ တစ်ဦး အဖြစ် ဖဲန်စတာ့ အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားပြီး ဖဲန်စတာကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆို ထားပါတယ်။

    ဒင်နီ ဖဲန်စတာကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို ထားပါတယ်။

    ပြီးခဲ့တဲ့ လတုန်းက ဖဲန်စတာ့ကို ရုံးထုတ်ခဲ့ပြီး၊ နောက်ရုံးချိန်းကတော့ မနက်ဖြန် ဇူလိုင် ၁၅ ရက်၊ ကြာသပတေးနေ့လို့ နားလည်ထားပါတယ်။

    ဒင်နီဖဲန်စတာ
    Image caption: ဒင်နီဖဲန်စတာရဲ့ မိဘနှစ်ပါးနဲ့ အစ်ကိုဖြစ်သူ။ အမေရိကန် မစ်ရှီဂန်ပြည်နယ်၊ ဟန်တင်တန်ဝုဒ်စ်မှာ လုပ်ခဲ့တဲ့ ဒင်နီဖဲန်စတာ လွတ်မြောက်ရေး လှုပ်ရှားမှု၊ ဇွန်လဆန်း ၂၀၂၁။
  10. ဓါတ်ပုံ ၁။ ။ ဖေ့စ်ဘွတ်က ဒေါ်နယ်ထရမ့်ကို ပြန်ဖွင့်ပေးတဲ့အချိန်မှာလည်း တင်းကျပ်တဲ့ စည်းကမ်းနဲ့ ပြစ်ဒဏ်အဆင့်ဆင့် ထားရှိမှာ ဖြစ်

    ဖေ့စ်ဘွတ်ခ်က ထရမ့်ကို ရာသက်ပန် ပိတ်ပင်ထားရာကနေ ၂ နှစ် ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ပြောင်းခဲ့ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 7