ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း

  1. Video content

    Video caption: စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကလုပ်ငန်းတွေ မရေမရာဖြစ်လာ

    စစ်တပ်နဲ့ လက်တွဲပြီး စီးပွားရေး မလုပ်ဖို့ ပြည်သူတွေရဲ့ ဖိအားတွေကရှိနေ

  2. ထိုင်းကိုပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်းကနေ တိုတယ် အတွက် အမြတ် ၉၇ % အထိ ရှိနေ

    ပိုက်လိုင်းကနေ အမြတ် ၉၇% ရှိနေ
    Image caption: ပိုက်လိုင်းကနေ အမြတ် ၉၇% ရှိနေ

    မုတ္တမကမ်းလွန်ပြင် ရတနာ သဘာ၀ဓာတ်ငွေ့ လုပ်ကွက်တွေကနေ ဓာတ်ငွေ့ တူးဖော်ပြီး ထိုင်းကို ပိုက်လိုင်းကနေ တင်သွင်းတဲ့ လုပ်ငန်းဟာ နိုင်ငံခြား ကုမ္ပဏီကြီးတွေ အတွက် အမြတ်မတန်တဆ ရနေပြီး၊ မြန်မာပြည်အတွက် အကျိုးရှိမှုက ပြောပလောက်ဖွယ် မရှိကြောင်း ဖော်ပြနေတဲ့ ငွေကြေး ဆိုင်ရာ စာရွက်စာတမ်းတွေ ပေါက်ကြားလာခဲ့ပါတယ်။

    အဲဒီ စာရွက်စာတမ်းတွေကို ကိုးကားပြီး Justice for Myanmar အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်တာမှာ ၂၀၁၇ ကနေ ၂၀၁၉ ကြား ဓာတ်ငွေ့ပိုက်လိုင်း လုပ်ငန်းကနေ အခွန်မဆောင်မှီ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁.၂၃ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။ ကုန်ကျစားရိတ် ဒေါ်လာ ၂၂.၃ သန်းပဲ ရှိတာဖြစ်လို့ အမြတ်အစွန်း ပမာဏ ၉၇% အထိ ကြီးကြီးမားမား ရတာ ဖြစ်ပါတယ်။

    ရတနာ ကမ်းလွန် သဘာ၀ဓာတ်ငွေ့ တူးဖော်မှုနဲ့ ဓာတ်ငွေ့ပိုက်လိုင်း လုပ်ငန်းတွေကို ပြင်သစ် တိုတယ် ရေနံကုမ္ပဏီက တာ၀န်ယူ ကြီးကြပ်လုပ်ဆောင်နေတာ ဖြစ်ပြီး၊ အမေရိကန် ရှဗရွန်၊ ထိုင်းအစိုးရပိုင် PTT၊ မြန်မာအစိုးရပိုင် MOGE တို့လည်း ရှယ်ယာ အသီးသီး ပါ၀င်ပါတယ်။ (တိုတယ်၃၁.၂ %၊ ရှဗရွန် ၂၈.၃%၊ PTT ၂၅.၅%၊ MOGE ၁၅%)

    ပိုက်လိုင်းကနေ အမြတ် ၉၇% ရှိနေတယ်လို့ ဖော်ပြနေချိန်မှာ၊ ကမ်းလွန် လုပ်ကွက်တွေက အမြတ် ၁၃% ပဲ ရှိတယ်လို့ ပေါက်ကြားလာတဲ့ တိုတယ်ရဲ့ စာရွက်စာတမ်းတွေကနေ ဖော်ပြနေတယ်လို့ JfM အဖွဲ့ကထောက်ပြပါတယ်။

    ရင်းနှီးမြှုပ်နှံထားတဲ့ အဲဒီကုမ္ပဏီတွေ အတူတူချင်းပဲ လုပ်ကိုင်နေတဲ့ လုပ်ငန်း အစိတ်အပိုင်း ၂ ခု ရှိတာမှာ၊ တူးဖော်တဲ့ နေရာက ရရှိတဲ့ အမြတ် ရာခိုင်နှုန်းနဲ့ ပိုက်လိုင်း လုပ်ငန်းက ရတဲ့ အမြတ် ရာခိုင်နှုန်း မတန်တဆ ကွာခြားနေတာကြောင့် ငွေကြေးဆိုင်ရာ စီးဆင်းမှုတွေကို တရား၀င် မဖော်ပြတာမျိုးတွေ ရှိနေနိုင်တဲ့ လက္ခဏာ ဖြစ်တယ်လို့ လည်း JfM က ဆိုပါတယ်။

    တိုတယ်ရဲ့ မေလ ၄ ရက်၊ ၂၀၂၁ ထုတ်ပြန်ချက်မှာတော့ ရတနာ M5 နဲ့ M6 လုပ်ကွက်တွေကနေ ၂၀၂၀ အတွက် ပေးတဲ့ အခွန် ဒေါ်လာ ၂၈.၁ သန်း ရှိတယ်၊ မူမှန်မဟုတ်တဲ့ အမြတ်အစွန်းတွေ ဆိုတာ မရှိဘူး၊ အမြတ်ဆိုတာ ဓာတ်ငွေ့ ပေါက်စျေးပေါ်မူတည်ပြီး ထိုင်းအစိုးရက သဘောတူ ပေးချေတဲ့ ပမာဏအပေါ်မူတည်တယ်၊ ရတနာ ဓာတ်ငွေ့လုပ်ငန်းနဲ့ ပတ်သက်ပြီး စာချုပ်စချုပ်ကတည်းက အဲဒီအချိန်က မြန်မာဘက်က တာ၀န်ရှိသူတွေရဲ့ သဘောတူမှုနဲ့ ချုပ်ဆို လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး၊ နောက်မြန်မာ အစိုးရ အဆက်ဆက်လည်း အဲဒီ သဘောတူမှုကို လက်ခံပြီး ဒီကနေ့ အထိ လက်တွဲ လုပ်ကိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

    ကမ်းလွန် လုပ်ကွက်တွေက အမြတ် ၁၃% ရှိ
    Image caption: ကမ်းလွန် လုပ်ကွက်တွေက အမြတ် ၁၃% ရှိ
  3. ပိုဟန်မြို့မှာရှိတဲ့ စတီးစက်ရုံ

    အမြတ်ငွေနည်းတဲ့ စတီးလုပ်ငန်းက ဦးပိုင်နဲ့ လက်တွဲဖြုတ်လာနိုင်ပေမယ့် ရေနံ၊ဓာတ်ငွေ့ လက်ကြီး ကုမ္ပဏီတွေရဲ့ ရပ်တည်ချက်က ဘယ်လိုလဲ

    အပြည့်အစုံ ဖတ်ရန်
    next
  4. ရဲတံခွန် ကမ်းလွန်သဘာ၀ဓာတ်ငွေ့ တူးဖော်မှု ရပ်လိုက်ပြီ

    ရဲတံခွန် စီမံကိန်းဟာ အနှစ် ၂၀ နီးပါး ကြာနေပြီ
    Image caption: ရဲတံခွန် စီမံကိန်းဟာ အနှစ် ၂၀ နီးပါး ကြာနေပြီ

    မလေးရှား အစိုးရပိုင် စွမ်းအင်ကုမ္ပဏီကြီး ဖြစ်တဲ့ ပက်ထရိုးနပ်စ်က မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ပြင်မှာ သူတို့ တူးဖော်နေတဲ့ ရဲတံခွန် သဘာ၀ဓာတ်ငွေ့ လုပ်ကွက်တွေကို စာချုပ်သက်တမ်း မပြည့်ခင် ရပ်နားကြောင်း ကြေညာပါတယ်။

    ပက်ထရိုးနပ်စ်အောက်က ကုမ္ပဏီခွဲဖြစ်တဲ့ PC Myanmar (Hong Kong) Limited (PCML) က တူးဖော်နေတဲ့ အဲဒီနေရာတွေမှာ ဓာတ်ငွေ့ထွက်တဲ့ ပမာဏ ကျဆင်းလာတဲ့ အတွက် ထုတ်လုပ်မှုကို နောက်ထပ်တစုံတရာ မထုတ်ပြန်မချင်း နားထားမယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီ လက်ထဲ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ကနေ ငွေကြေးတွေ မရောက်အောင် ပိတ်ဆို့ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က နိုင်ငံတကာကို နှိုးဆော်နေချိန် ဖြစ်ပါတယ်။

    ဒါပေမယ့်၊ ပက်ထရိုးနပ်စ်ရဲ့ အခု ဆုံးဖြတ်ချက်ကတော့ အဲဒီလိုမျိုး နိုင်ငံရေးဆိုင်ရာ အကြောင်းချင်းရာပေါ် အခြေခံတယ်လို့ မယူဆနိုင်ပါဘူး။

    ရဲတံခွန် စီမံကိန်းဟာ အနှစ် ၂၀ နီးပါး ကြာနေပြီ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဓာတ်ငွေ့ထွက်တဲ့ ပမာဏကျဆင်းနေတဲ့ အတွက် ၊ လုပ်ငန်း ရှေ့ဆက်သင့် မသင့် သုံးသပ်နေတဲ့ သတင်းတွေ ထွက်ခဲ့နှင့်ပြီး ဖြစ်ပါတယ်။

    နိုင်ငံရေးဆိုင်ရာ အကြောင်းချင်းရာပေါ် အခြေခံတယ်လို့ မယူဆနိုင်ပ
    Image caption: နိုင်ငံရေးဆိုင်ရာ အကြောင်းချင်းရာပေါ် အခြေခံတယ်လို့ မယူဆနိုင်ပ
  5. တောင်ကိုရီးယား အလံတင် ရေနံတင်သင်္ဘောကို အီရန် တပ်ဖွဲ့ဝင်တွေက သိမ်းပိုက်ထား

    အမေရိကန်ပိတ်ဆို့အရေးယူမှုအရ အီရန်ပိုင် ဓနငွေကြေးတွေကို တောင်ကိုရီးယားက ထိန်းချုပ်ခဲ့အပြီး ဟောမုဇ်ရေလက်ကြားမှာ ဖြတ်သွားနေတဲ့ ရေနံတင်သင်္ဘော အဖမ်းခံရတဲ့ အရေးဖြစ်လာပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  6. Image shows a large diesel spill in the Ambarnaya River outside Norilsk in Russia

    ဒီဇယ်ဆီ တန် နှစ်သောင်း ဖိတ်ကျပြီး မြစ်ရေညစ်ညမ်းမှုကြောင့် ရုရှားသမ္မတ ပူတင်က အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  7. စစ်ဆင်ရေး ခရီးသွား နေ့တွက်စရိတ်နှူန်းကိုကျပ်၁၂၀၀နှုန်းဖြင့်တိုးမြှင့်ပေးအပ်နိုင်ရန်အတွက်လည်းတောင်းတဲ့ အထဲမှာပါဝင်

    တပ်မတော်ရဲ့ အသုံးစရိတ်ကို လာမယ့် ၂၀၁၉ -၂၀၂၀ အတွက် ဖြည့်စွက် ဘတ်ဂျက်အဖြစ် ကျပ်သန်း ၂ သိန်း နီးပါး တောင်းခံခဲ့ရာ လွှတ်တော်က ကျပ်သန်း ၁ သောင်းကျော် လျှော့ချပြီး ခွင့်ပြု။

    အပြည့်အစုံ ဖတ်ရန်
    next
  8. ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီ

    အီရန်ဗိုလ်ချုပ်ကြီးကို တိုက်ခိုက်သတ်ဖြတ်မှုဟာ အမေရိကန်နဲ့ အီရန်အကြား တင်းမာမှုတွေကို ပိုမိုမြင့်တက်လာစေတဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုပါ။

    အပြည့်အစုံ ဖတ်ရန်
    next
  9. Fuel demonstrations in Shiraz, Iran, 16 November 2019

    အီရန်မှာ လောင်စာဆီ ဈေး ၅၀ ရာခိုင်နှုန်း အထိ တိုးပြီး ရောင်းတာကိုလည်း ခွဲတမ်းနဲ့ပဲ ရောင်းမယ်လို့ အစိုးရက ကြေညာပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ လူ ၂ ဦးထက်မနည်း သေဆုံး

    အပြည့်အစုံ ဖတ်ရန်
    next
  10. မကွေးတိုင်းထဲက တရားမဝင်ကုန်းတွင်းရေနံလုပ်ကွက် တစ်ခု

    ကုန်းတွင်းရေနံလုပ်ကွက်တွေ တူးဖို့ အီတလီအခြေစိုက် ENI ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လုပ်ငန်းတွေစဖို့ ပြင်ဆင်

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 3