ကနေဒါ

  1. Nike ၊ တရုတ်၊ ဝိဂါ

    ရှင်ကျန်းပြည်နယ်အကြောင်း ဝေဖန်ခဲ့လို့ Nike ထုတ်ပစ္စည်းတွေကို တရုတ်ပြည်သူတွေမသုံးဘဲ သပိတ်မှောက်ထားကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  2. ဂျီဆဲဗန်း

    ကမ္ဘာ့ ခေါင်းဆောင်တွေဟာ ဇွန်လ ၁၁ ရက် သောကြာနေ့မှာ ယူကေ Cornwall ကမ်းရိုးတန်း တနေရာမှာ မျက်နှာစုံညီ အစည်းအဝေးကို စတင်ကျင်းပကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  3. ဓါတ်ပုံ ၁။ အဲဒီကလေးငယ်တွေဟာ ၁၉၇၈ ခုနှစ်မှာ ပိတ်လိုက်တဲ့ ဗြိတိသျှကိုလံဘီယာနယ်က ကမ်လုအင်ဒီးယန်းကျောင်းက ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်

    ကနေဒါက လူမျိုးစုတွေရဲ့ ကလေးငယ်တွေကို အစိုးရက ပုံသွင်းဖို့အတွက် မိသားစုတွေထံက အတင်းအကျပ် ခေါ်ဆောင်ခံခဲ့ရ

    အပြည့်အစုံ ဖတ်ရန်
    next
  4. ကနေဒါမြို့မှာ ခင်းကျင်းထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အနုလက်ရာပြပွဲ

    Quote Message: “အဆိုးထဲက အကောင်းကတော့ စစ်အာဏာရှင်ကို တွန်းလှန်ကြဖို့ လူတွေအားလုံး တသွေးတသားတည်း စည်းလုံးသွားစေတယ်။ ဒီတိုက်ပွဲမှာ လူတွေ ညီညွတ်ကြတယ်” from ဟယ်နာကယ်ရင် Atutu Canada
    ဟယ်နာကယ်ရင်Atutu Canada
    မြေမြှုပ်မိုင်း
    Image caption: မြေမြှုပ်မိုင်းတွေရှိနေဆဲ နေရာမှာ နေကြရသူတွေ သန်းပေါင်းများစွာရှိ

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မြန်မာပြည်သူတွေ လှုပ်ရှားရုန်းကန်နေကြတာတွေကို ဖော်ကျူးထားတဲ့ အနုပညာ လက်ရာတွေကို ကနေဒါ နိုင်ငံ၊ ဗြိတိသျှကိုလံဘီယာနယ်ထဲက ကယ်လိုနာ Kelowna မြို့မှာ ပြသနေပါတယ်။

    “လွတ်လပ်ခြင်းအတွက် အနုပညာ” ဆိုတဲ့ ခေါင်းစဥ်အောက် ကယ်လိုနာမြို့ ရော့ထရီစင်တာရဲ့ လေဟာပြင် အထူးပြပွဲ အနေနဲ့ မြန်မာပြည်ကလာတဲ့ အနုလက်ရာ ၁၆ ခုကို ဇူလိုင်လကုန်အထိ ခင်းကျင်း ပြသထားမှာ ဖြစ်ပါတယ်။

    မြန်မာပြည် တနံတလျားက အနုပညာရှင်တွေရဲ့ လက်ရာတွေကို စုစည်းထားတာ ဖြစ်ပါတယ်။

    “မြန်မာပြည်ထဲကနေ လာတဲ့ အနုပညာလက်ရာတွေ ဖြစ်ပါတယ်။ ဖန်တီးသူတွေရဲ့ နာမည်ကို သူတို့ရဲ့ လုံခြုံရေးအရ မဖော်ပြပါဘူး။ သူတို့အနေနဲ့ အဖမ်းခံရ၊ အသတ်ခံရနိုင်တဲ့ အထိ အန္တရာယ် ကြီးပါတယ်” ဆိုပြီး ဒီပြပွဲကို ဦးဆောင်စီစဥ်သူ တစ်ယောက် ဖြစ်တဲ့ ဟယ်နာကယ်ရင်က ပြောပါတယ်။

    ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ လူမှုဘဝ ညီမျှရေး စတာတွေကို အာရုံစိုက်တဲ့ ကနေဒါ အခြေစိုက် ဖွံဖြိုးရေးအဖွဲ့ ကူဆိုအင်တာနေရှင်နယ်ရဲ့ အကြံပေး အဖြစ် မစ္စကယ်ရင်ဟာ မြန်မာပြည်မှာ ၂ နှစ်တာမျှ နေထိုင် အလုပ်လုပ်ကိုင် ခဲ့ဖူးသူ ဖြစ်ပါတယ်။

    “မြန်မာပြည်မှာ နေတုန်းက လူတွေက ကျွန်မအပေါ် သိပ်ကောင်းကြတာ၊ ဖေဖေါ်ဝါရီကစပြီး တုန်လှုပ်စဖွယ်တွေ ဖြစ်လာတော့ တစ်လလောက် အိပ်မရဘူး” လို့ မစ္စကယ်ရင်က ဆိုပါတယ်။

    အခု ပြပွဲမှာ မြန်မာ အနုပညာရှင်တွေရဲ့ ပန်းချီတွေ၊ ကောက်ကြောင်း စကက်ရှ်တွေ၊ ဓာတ်ပုံတွေ ပါဝင်ပြီး အာဏာသိမ်းပြီး ဖြစ်ပျက်ခဲ့တဲ့ အဓိက အကြောင်းအရာ ဖြစ်ရပ်တွေ (ဥပမာ- လက်သုံးချောင်းထောင် သင်္ကေတ၊ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM၊ Milk Tea Alliance လှုပ်ရှားမှု စတာတွေ) ကို ထင်ဟပ်ဖော်ပြနေပါတယ်။

    “ကျွန်မမှာ ဘေးကင်းလုံခြုံရာနေရာမှာ နေရလို့ အပြစ်မကင်းတဲ့ ခံစားမှုမျိုး ဖြစ်နေရတယ်။ ကျွန်မမှာ နေစရာနေရာရှိတယ်။ အိမ်ထဲကို ကျည်ဆံတွေ ၀င်လာမှာ မကြောက်ရဘူး။ ဒါပေမယ့် မြန်မာပြည်က ကျွန်မမိတ်ဆွေတွေအတွက်တော့ ဒီလို မဟုတ်ဘူး။ မြန်မာပြည်မှာ အနုပညာ သမားဖြစ်ရတာ နဂိုကမှ လွယ်တာမဟုတ်ဘူး၊ စစ်အာဏာရှင်လက်အောက် အခြေအနေ ပိုဆိုးတယ်” လို့ မစ္စကယ်ရင်က ဆိုပါတယ်။

    CDM
    Image caption: CDM မီးရထားဝန်ထမ်းကို ဖော်ကျူးထားတဲ့လက်ရာ
    သံပုံးတီးပြီး အာဏာရှင်ကို တောထုတ်
    Image caption: သံပုံးတီးပြီး အာဏာရှင်ကို တောထုတ်
    အာဏာရှင်က အကြမ်းဖက်နှိမ်နှင်း
    Image caption: အာဏာရှင်က အကြမ်းဖက်နှိမ်နှင်း
    CDM
    Image caption: စစ်အာဏာရှင်ကို အထိနာစေတဲ့ CDM
  5. Meng Wanzhou

    မစ္စ မန်၀န်ဂျိုးဟာ ၂၀၁၈ တုန်းက ဗန်ကူးဗားမြို့မှာ ခရီးတစ်ထောက်နားစဉ် လေယာဉ်အပြောင်းအလဲ လုပ်တုန်း အဖမ်းခံခဲ့ရ

    အပြည့်အစုံ ဖတ်ရန်
    next
  6. ကွေဘက်မြို့က ပါလီမန်အနီးမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်

    ကွေဘက်မြို့က ပါလီမန်အနီးမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်

    အပြည့်အစုံ ဖတ်ရန်
    next
  7. အမှုကြီး တစ်ခုလုံး မပြီးဆုံးခင် ဂမ်ဘီယာက မြန်မာကို ကြားဖြတ်စီမံချက် ချမှတ်ပေးဖို့ အိုင်စီဂျေကို တင်ပြခဲ့ပါတယ်။

    ဥပဒေကြောင်းအရလည်း ကူညီဆောင်ရွက်သွားမယ်လို့ ကနေဒါနဲ့ နယ်သာလန် နှစ်နိုင်ငံက ပူးတွဲသတင်းထုတ်ပြန်။

    အပြည့်အစုံ ဖတ်ရန်
    next
  8. တရားဟောဆရာဒေးဗစ်လားအမှု တရားလိုကို စတင်စစ်ဆေး

    တရားလို ဦးရဲဝင်းအောင်က ဒေးဗစ်လား တရားဟောခဲ့တဲ့ အသံဖိုင်ကို သက်သေ တင်သွင်းခဲ့ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  9. ကနေဒါဝန်ကြီးချုပ်ဇနီး ကိုဗစ် ၁၉ ကူးစက်ခံရကြောင်း အတည်ပြု

    တရုတ်မှာ ကူးစက်မှုနှုန်းကျဆင်းလာပေမယ့် တခြားနိုင်ငံတွေမှာတော့ ဗိုင်းရပ်စ်အန္တရာယ်ကို ကျားကန်ရင်ဆိုင်နေရ

    အပြည့်အစုံ ဖတ်ရန်
    next
  10. မပစ်ခင် ဆုံးဖြတ်ဖို့ အချိန် ၁၀ စက္ကန့်ပဲရှိပြီး အမိန့်ယူ အတည်ပြုဖို့ ဆက်သွယ်ရေး ပြတ်တောက်နေချိန် ပစ်ချမိခဲ့တယ်လို့ဆို

    လူ ၁၇၆ ဦး သေဆုံးခဲ့တဲ့ လေယာဉ်မှားယွင်း ပစ်ချမိမှုကို စုံစမ်းစစ်ဆေးစဉ် တာဝန်ရှိသူ တချို့ကို ဖမ်းဆီးလိုက်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 2