ရာသီဥတုပြောင်းလဲမှု

  1. Video content

    Video caption: ရုပ်ကြွင်းလောင်စာတွေ ဆက်လက်သုံးစွဲဖို့ နိုင်ငံတချို့ တောင်းဆိုထားတဲ့ စာတမ်းတွေ ပေါက်ကြား

    ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံတို့လို ရုပ်ကြွင်းလောင်စာတွေ ဆက်လက်သုံးစွဲဖို့ နိုင်ငံတချို့က တောင်းဆိုထားတဲ့ စာတမ်းတွေ ပေါက်ကြား လာပါတယ်။

  2. မတ်တေလာ

    ဘီဘီစီ မိုးလေဝသ

    Photo 1. စက်မှုထွန်းကားလာတဲ့အချိန်ကစပြီး ရုပ်ကြွင်းလောင်စာတွေ အမြောက်အများ အသုံးပြုလာမှုတွေကြောင့် အဲဒီက ထွက်တဲ့ အခိုးအငွေ့တွေက ကမ္ဘာ့လေထုလွှာထဲ ခိုအောင်းပြီး ကမ္ဘာ့အပူချိန်ကို တဖြည်းဖြည်းတက်စေခဲ့

    ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုက ဒေသအသီးသီးမှာ ဘယ်လို ပုံစံမျိုးတွေနဲ့ အပြင်းအထန် ရာသီဥတုဆိုးရွားမှုတွေကို ဖြစ်ပေါ်စေသလဲ။

    အပြည့်အစုံ ဖတ်ရန်
    next
  3. အောက်တိုဘာလ ၁၇ ရက်နေ့က ကီရာလာ ပြည်နယ်ထဲက မြေပြိုမှု

    အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ရေကြီးလို့ အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ တယ်လို့ သိရပါတယ်။ မိုးကြီးတာတွေဖြစ်လာပြီးနောက် မြစ်‌ရေတွေတက်လာတဲ့ အတွက်  မြို့တွေနဲ့ ရွာတွေကြား ချိတ်ဆက်ထားတဲ့  လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  4. လူတွေကြောင့်ကမ္ဘာ့အပူချိန်တွေ တက်လာနေသလို ရာသီဥတု ပြောင်းလဲမှုတွေကြောင့် လူမှုဘဝတွေ ခြိမ်းခြောက်ခံနေရ

    ကမ္ဘာကြီးဟာ ၁၉ ရာစုနှစ်ကထက် စာရင် ၁.၂ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုပူနေပြီး လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏကလည်း ၅၀ ရာခိုင်နှုန်း တက်လာခဲ့ပြီ ဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  5. Photo 1. ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန်ကို ၁၈၅၀ တဝိုက် စက်မှုထွန်းကားတဲ့ ခေတ်မတိုင်မီ ကာလ အပူချိန်ထက် ၂ ဒီဂရီ စင်တီဂရိတ်အောက် “အတော်များများ” လျှော့ချဖို့ သဘောတူခဲ့ကြ

    ယူကေနိုင်ငံ ဂလပ်စကိုမှာ လုပ်မယ့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု အစည်းအဝေး COP26 ရဲ့ အရေးပါမှုနဲ့ လူအများအပေါ် သက်ရောက်နိုင်မှု

    အပြည့်အစုံ ဖတ်ရန်
    next
  6. Video content

    Video caption: ရာသီဥတု ပူပြင်းမှုနဲ့ ရင်ဆိုင်နေရတဲ့ သြစတြေးလျ

    ရာသီဥတု ပူပြင်းမှုနဲ့ ရင်ဆိုင်နေရတဲ့ သြစတြေးလျ

  7. African penguins (Spheniscus demersus) on the beach at Boulder Beach, Simons Town near Cape Town, South Africa.

    ပင်ဂွင်တွေ တစ်ကောင်ချင်းစီမှာ ပျားတုပ်ခံထားရတဲ့ ဒဏ်ရာတွေအများကြီးရှိပြီး တစ်ကောင်ဆို ၂၇ ခါ တုပ်ခံထားရတာတွေ့ရပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  8. အီးယူစည်းမျဉ်းတွေကို ချိုးဖောက်ပြီး မြန်မာသစ်တွေ ဥရောပထဲ အီတလီကနေတဆင့် အဓိကဝင်နေ

    မြန်မာနိုင်ငံထဲက သစ်တွေဟာ အီတလီကနေ တဆင့် ကျန်ဥရောပ ဒေသတွေထဲ ဝင်ရောက်နေမြဲ ဖြစ်တယ် ဆိုတာကို အထောက်အထားတွေနဲ့ ဖော်ပြထားတဲ့ အစီရင်ခံစာ တစ်စောင် ထွက်လာပါတယ်။

    ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာ တက်ကြွ လှုပ်ရှားသူ ဗြိတိသျှနိုင်ငံသားတွေနဲ့ အဓိက ဖွဲ့ထားပြီး လန်ဒန်နဲ့ ဝါရှင်တန် ဒီစီ မြို့တော်တွေမှာ ရုံးခန်းတွေ ထားရှိတဲ့ စုံစမ်းဖော်ထုတ်ရေး အေဂျင်စီ EIA အဖွဲ့က ထုတ်ပြန်တာ ဖြစ်ပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာ တကျော့ပြန် သိမ်းခံရပြီးတဲ့နောက် အီးယူ အဖွဲ့က တုန့်ပြန်ပြီး ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ၊ ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး မြန်မာ့သစ်တွေကို ဥရောပထဲ သွင်းနေကြတာ ဖြစ်တယ်လို့ EIA က ဆိုပါတယ်။

    အဲဒီလို မြန်မာသစ်တွေ ဥရောပထဲ တရားမဝင် ဆက်လက် ဝင်နေတဲ့ လမ်းကြောင်းမှာ အီတလီ ကုန်သည်တွေက အဓိက အခန်းကဏ္ဍမှာ ရှိနေပြီး ၊ ဘယ်သူဘယ်ဝါတွေ ဖြစ်ကြောင်း EIA အနေနဲ့ ထုတ်ဖော်ထားနိုင်တဲ့ အီတလီ သစ်ကုန်သည် ၂၇ ယောက် ရှိတယ်လို့လည်း EIA က ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ လ တာ ကာလ အတွင်းမှာကို ယူရို တစ်သန်းခွဲဖိုး ဝန်းကျင် အထိ မြန်မာ့သစ်ထုတ်ကုန်တွေ ဥရောပထဲ ဆက်လက် ဝင်နေခဲ့တယ်လို့ ဆိုပါတယ်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသမားတွေ အပေါ် စစ်တပ်က အကြမ်းဖက် ကိုင်တွယ်ခဲ့တဲ့ အတွက် လူတွေ ရာပေါင်းများစွာ အသက်ဆုံးရှုံးနေတ​​ယ် ဆိုပြီး အီးယူက မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်စပ်နေတာတွေနဲ့ စီးပွားရေး မလုပ်ဖို့၊ မြန်မာစစ်တပ်လက်ထဲ ငွေကြေးတွေ စီးဝင်မနေဖို့ ရည်ရွယ်ချက်နဲ့ ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

    “စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားပြီး တိုးမြှင့် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ မဆိုင်ပဲနဲ့ EUTR လို့ခေါ်တဲ့ သစ်လုပ်ငန်းဆိုင်ရာ အီးယူရဲ့ ကန့်သတ် ထိန်းချုပ်ချက်တွေ အရကို မြန်မာနိုင်ငံထဲက ကျွန်းသစ် အပါအဝင် တခြားသစ်တွေကို ဥရောပထဲ သွင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုတော့ မြန်မာ့ရဲ့ တောတောင်ရေမြေတွေကို ဖျက်စီးပြီး ထုတ်ယူတဲ့ သစ်တွေ ဥရောပထဲ ကုန်သွယ်နေမှုဟာ ပိုလို့တောင်မှ ကြီးထွားလာနေတယ်” လို့EIA ရဲ့ သစ်တောများ ဆိုင်ရာ ဆော်ဩရေးမှူး ဖေ့သ်ဒိုဟတီက ပြောပါတယ်။

    “ကုန်သည်တွေကို မေးကြည့်ရင်လည်း သူတို့ အနေနဲ့ ဥရောပ အကောက်ခွန် အာဏာပိုင်တွေထံက လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရလို့သာ အခုလို မြန်မာသစ်တွေကို သွင်းနိုင်တာ ဖြစ်တယ်၊ စာရွက်စာတမ်း မရှိပဲ ဘယ်လိုလုပ် အကောက်ခွန်ကို ဖြတ်နိုင်မလဲလို့ တုန့်ပြန် ဖြေကြားကြတယ်” ဆိုပြီး ဒိုဟတီက ဆိုပါတယ်။

    အဓိပ္ပာယ်ကတော့ အီးယူဘက်က သူတို့ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ အတိုင်း တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာ ဖြစ်တယ်လို့ EIA က ထောက်ပြ ဝေဖန်နေတာ ဖြစ်ပါတယ်။

    ရံဖန်ရံခါ သစ်ကုန်သည်တွေကို ဒဏ်ကြေး အနည်းအကျဥ်းလောက်သာ ဆောင်ခိုင်းတာမျိုးလောက်နဲ့ပဲ ပြီးသွားတဲ့ အတွက် မြန်မာသစ်တွေ ဥရောပထဲ တင်သွင်းမှု ပိုကြီးထွားနေတာ ဖြစ်တယ်လို့လည်း EIA က ဆိုပါတယ်။

    အီတလီ သစ်ကုန်သည် ၂၇ ယောက်ကို EIA ဖော်ထုတ်
    Image caption: အီတလီ သစ်ကုန်သည် ၂၇ ယောက်ကို EIA ဖော်ထုတ်
  9. Video content

    Video caption: ဟာရီကိန်း အိုင်ဒါကြောင့် လူ ၇ သိန်းကျော် လျှပ်စစ်ဓာတ်အား မရ

    နယူးအော်လင်းစ် တမြို့လုံးလည်း လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်နေပါတယ်

  10. Video content

    Video caption: မိုးကုတ်မှာ ၃ ဦး၊ ကချင်ပြည်နယ် စစ်ရှောင်စခန်းမှာ ၁ ဦး ရေကြီးမြေပြိုလို့ သေဆုံး

    မိုးကုတ်မှာ အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ် တစ်ဦး၊ ကချင်ပြည်နယ် စစ်ရှောင်စခန်းမှာ ၁ ဦး သေဆုံးခဲ့ပါတယ်။

စာမျက်နှာ 1 ရဲ့ 10