လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ

  1. လေဆိပ်ထဲမှာ ရဲတပ်ဖွဲ့ရဲ့ အကူအညီကို တောင်းခံခဲ့

    နောက်ဆုံးရတဲ့သတင်းတွေအရ အသင်းက အတင်းအိမ်ပြန်ပို့တာကို လက်မခံဘဲ  ငြင်းဆန်ခဲ့တဲ့ ဘီလာရုစ် အိုလံပစ် တာတိုအပြေးမယ်ဟာ  ပိုလန်နိုင်ငံမှာ နေထိုင်ခို လှုံခွင့် တောင်းခံလိုက်ပြီလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  2. Video content

    Video caption: မြန်မာနိုင်ငံအတွင်း ပြည်နယ်တချို့မှာ ရေကြီး

    ပြည်သူထောင်နဲ့ချီ ရေဘေးရှောင်နေရပါတယ်။

  3. ဓါတ်ပုံ ၁။ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုလည်း ယူကေက ထောက်ပံ့ပေးနေ

    ယူကေနိုင်ငံက နိုင်ငံခြားအကူအညီ ဖြတ်တောက်မှုကြောင့် သက်ရောက်မှုရှိနိုင်တဲ့ နိုင်ငံတွေနဲ့ အစိုးရတုံ့ပြန်ချက်

    အပြည့်အစုံ ဖတ်ရန်
    next
  4. ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုက လူဦးရေထက်၀က်ကို ဆင်းရဲတွင်းထဲပို့

    ကိုဗစ်ကမ္ဘာ့ကပ်ရောဂါဒဏ်နဲ့ နိုင်ငံရေးအကျပ်အတည်း ပြဿနာတွေကြောင့် လာမယ့်နှစ် ၂၀၂၂ ဆိုရင် မြန်မာရဲ့ လူဦးရေထက်၀က်ဟာ ဆင်းရဲမွဲတေမှု အခြေအနေတွေနဲ့ နေထိုင်ရလိမ့်မယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဥ် UNDP က ဒီကနေ့ (ဧပြီ ၃၀ရက်၊ ၂၀၂၁) ရက်စွဲနဲ့ ထုတ်ပြန် သတိပေးပါတယ်။

    “ကိုဗစ်နိုင်တင်း၊ စစ်အာဏာသိမ်းမှုနဲ့ ဆင်းရဲမွဲတေခြင်း - မြန်မာနိုင်ငံတွင်း လူသားရင်းမြစ် ဖွံ့ဖြိုးရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ” ဆိုတဲ့ ခေါင်းစဥ်နဲ့ သုတေသန စာတမ်းတစ်စောင်ကို UNDP က ထုတ်ပြန်တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံထဲ သတ်မှတ်ထားတဲ့ ဆင်းရဲမွဲတေမှုလိုင်းရဲ့ အောက်ဘက် သက်ဆင်းသွားမယ့်သူ ၂၀၂၂ အစောပိုင်းမှာပဲ ၂၅ သန်း ရှိလာနိုင်တယ်လို့ UNDP က ဆန်းစစ်ထားပါတယ်။

    မြန်မာပြည်ထဲမှာ ကိုဗစ်ကြောင့် မိသားစု ၀င်ငွေ ထက်၀က်နည်းပါး သွားတဲ့ အိမ်ထောင်စုပေါင်း ၈၃% အထိ ၂၀၂၀ အကုန်မှာကတည်းက ရှိနှင့်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ အဓိပ္ပာယ်ဟာ ဆင်းရဲမှုလိုင်းအောင် လူဦးရေရဲ့ နောက်ထပ် ၁၁% ရောက်လာခဲ့တာ ဖြစ်ပါတယ်။

    အခုလို စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းမှု နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ မတည်ငြိမ်မှုတွေ၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ပျက်ယွင်းမှုတွေ၊ ဖွံ့ဖြိုးရေး ရပ်တန့်သွားမှုတွေကြောင့် ဆင်းရဲမှုလိုင်းအောက် လူဦးရေရဲ့ နောက်ထပ် ၁၂% ရောက်လာဖွယ် ရှိတယ် ဆိုပြီး UNDP က ပြောနေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံထဲ ဆင်းရဲမွဲတေမှု ပြဿနာကို ဆယ်စုနှစ်ကြာ ကြိုးစား ဖြေရှင်း နေခဲ့တာတွေရဲ့ ရလာဒ်တွေဟာ ကိုဗစ်ဒဏ်တင်မက၊ စစ်အာဏာသိမ်းခံ လိုက်ရတဲ့ အတွက် အားလုံးဆုံးရှုံးကုန်ပြီး ဆင်းရဲမှုအောက် လူနှစ်ဆကျော် တိုးမြင့် သက်ဆင်းသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ဒီမိုကရေစီနည်းကျ အဖွဲ့အစည်း ယန္တရားတွေ မရှိရင်တော့၊ မြန်မာနိုင်ငံထဲ မဖြစ်သင့်မဖြစ်ထိုက် ရှောင်မယ်ဆို ရှောင်နိုင်တဲ့ ဆင်းရဲမှုနွံထဲ နောက်ပြန်ကျတာမျိုး တွေ့လာရမှာ ဖြစ်ပြီး၊ အခုမျိုးဆက်အတွင်း မကြုံစဖူး အတိုင်းအတာထိ ဆုတ်ယုတ်သွားမှာ ဖြစ်တယ်” လို့ UNDP စီမံခန့်ခွဲရေးမှူး အာ့ခ်ဟင်းမ် စတိုင်နာက ပြောပါတယ်။

    ကျပ်ငွေတန်ဖိုး ကျဆင်းမှုဟာ စွမ်းအင်ကဏ္ဍနဲ့ သွင်းကုန်တွေ အတွက် ကုန်ကျစားရိတ်တွေ တိုးလာစေပြီး၊ ဘဏ်စနစ်ရပ်တန့်နေတဲ့ အတွက်၊ လူတွေရဲ့လက်ထဲ ငွေသားတွေ မလုံလောက်တော့တဲ့ အပြင်၊ လူမှုဖူလုံရေး အထောက်အပံ့တွေလည်း နည်းပါးသွားတယ်လို့ UNDP က လက်ရှိ အခြေအနေကို ထောက်ပြပါတယ်။

    ကိုဗစ်ဒဏ်တင်မက လက်ရှိနိုင်ငံရေးအကျပ်အတည်းကြောင့် သက်ရောက်နေတာတွေကို အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းတာမျိုး မလုပ်ရင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး တော်တော်နဲ့ နလံထူနိုင်မှာ မဟုတ်ဘူးလို့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ UNDP ညွှန်ကြားရေးမှူး မစ္စကန်နီ ရစ်ဂ်နာရာဂျာက ပြောပါတယ်။

    မြန်မာနိုင်ငံထဲ အရပ်သားတွေကို သတ်ဖြတ်နေတာ အပါအ၀င် ဆက်လက် ဆိုးရွားနေဆဲ အခြေအနေတွေအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ထပ်တူ UNDP ကလည်း အပြင်းထန်ဆုံး ကန့်ကွက်တယ်လို့ ဆိုပါတယ်။

    မြန်မာပြည် အကျပ်အတည်းကို နိုင်ငံတကာက တစည်းတလုံးတည်း၊ ခိုင်ခိုင်မာမာ ရပ်တည် ဖြေရှင်းပေးပါလို့လည်း UNDP က တောင်းဆိုပါတယ်။

    ATM
    Image caption: ဘဏ်စနစ်ရပ်တန့်၊ လူတွေလက်ထဲ ငွေသားမရှိ၊ ATM တွေရှေ့ လူတန်းရှည်ကြီးတွေ တွေ့နေရ
  5. IDP စခန်းတွေမှာ နှစ်ရှည်လများ သောင်တင်နေကြရ

    မြန်မာပြည်ကယ်ဆယ်ထောက်ပံ့ရေး ကုလရဲ့ ၂၀၂၁ ဘတ်ဂျက်လျာထားချက် ၁၂%ပဲ ရန်ပုံငွေတွေ ရရှိထား

    အပြည့်အစုံ ဖတ်ရန်
    next
  6. Video content

    Video caption: CDM မှာပါဝင်တဲ့ဝန်ထမ်းတွေကို ကူညီဖို့ စတင် လုပ်ဆောင်နေ

    CDM မှာပါဝင်တဲ့ဝန်ထမ်းတွေကို ကူညီဖို့ စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။

  7. No caption

    ကုန်မော်တော်ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး စစ်တွေကနေ ရသေ့တောင်ကို သယ်ယူပို့ဆောင်ပေးနေတဲ့ ICRC ကုန်တင်မော်တော်တစ်စင်းပါဝင်ကြောင်း ICRC က အတည်ပြုပြီးICRC ဝန်ထမ်းမပါဝင်ဘူး လို့ ICRC က ထုတ်ပြန်။

    အပြည့်အစုံ ဖတ်ရန်
    next
  8. Video content

    Video caption: ကိုရိုနာဗိုင်းရပ်စ် ကိုရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်ကြားက ယီမင်

    စစ်ကြောင့် ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူမှုရေး ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရ

  9. အင်ဒိုနီးရှားကို လှေနဲ့ ရောက်လာကြတဲ့ ရိုဟင်ဂျာတွေ

    သူတို့ဟာ မတ်လကုန် ဒါမဟုတ် ဧပြီလ အစောပိုင်းလောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကနေ မလေးရှားနိုင်ငံကို ဦးတည် ထွက်လာကြတာ ဖြစ်တယ်

    အပြည့်အစုံ ဖတ်ရန်
    next
  10. Video content

    Video caption: လူပေါင်း သုံးသိန်းလောက် အိုးအိမ်စွန့်ခွာကြရ

    လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နေရာကနေ လူပေါင်း သုံးသိန်းလောက် အိုးအိမ်စွန့်ခွာကြရ

စာမျက်နှာ 1 ရဲ့ 4