ကချင်လွတ်လပ်ရေးအဖွဲ့

  1. Video content

    Video caption: ပုလဲမြို့နယ်ထဲမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်

    လီဒိုလမ်းမ‌ တလျောက် တိုက်ပွဲတွေက အပြင်းအထန်ဖြစ်ပွားနေပါတယ်

  2. Video content

    Video caption: အာဆီယံရဲ့ ၄ လ အပစ်ရပ်တောင်းဆိုမှုအပေါ် တိုင်းရင်းသားတွေရဲ့ အမြင်

    ဘယ်လို အပစ်အခတ် ရပ်စဲရေးလုပ်ငန်းမျိုးပါလဲ

  3. Video content

    Video caption: စစ်ကောင်စီဘက်က အကျအဆုံးစာရင်းတွေကို တိုင်းရင်းသား တပ်ဖွဲ့တွေက ထုတ်ပြန်လာ

    တိုင်းရင်းသား တပ်တွေက လချုပ် အနေနဲ့ ထုတ်ပြန်လာ

  4. Video content

    Video caption: မိုးကုတ်မှာ ၃ ဦး၊ ကချင်ပြည်နယ် စစ်ရှောင်စခန်းမှာ ၁ ဦး ရေကြီးမြေပြိုလို့ သေဆုံး

    မိုးကုတ်မှာ အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ် တစ်ဦး၊ ကချင်ပြည်နယ် စစ်ရှောင်စခန်းမှာ ၁ ဦး သေဆုံးခဲ့ပါတယ်။

  5. Video content

    Video caption: တိုင်းရင်းသား ဒေသတွေရဲ့အနာဂတ် ဘယ်လို ဖြစ်လာနိုင်မလဲ

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ တိုင်းရင်းသား ဒေသတွေရဲ့ အနာဂတ်အခြေအနေ ဘယ်လို ဖြစ်လာနိုင်သလဲ

  6. KIA ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ထပ်မံ လုပ်ဆောင်နေတ​ယ်လို့ KIA ပြော

    ဝိုင်းမော်တဝိုက်မှာလည်း စစ်ကောင်စီဘက်က တစ်ဘက်သတ် ပစ်ခတ်ခဲ့တာလို့ KIA ပြော

    ဝိုင်းမော်မြို့တဝိုက် ကြားနေခဲ့ရတဲ့ လက်နက်ကြီး ပစ်ခတ်သံတွေဟာ ကချင် လွတ်မြောက်ရေးတပ် KIA နဲ့ကြား ပေါ်ပေါက်ခဲ့တဲ့ တိုက်ပွဲ မဟုတ်ဘူးလို့ KIA ဘက်က ငြင်းဆိုပါတယ်။

    “ဘယ်အဖွဲ့အစည်းနဲ့ တိုက်ခိုက်ကြတယ် ဆိုတာ အတိအကျ မပြောနိုင်ပါဘူး။ ပြည်သူလူထု ပေးပို့လာတဲ့ အသံဖိုင်တွေအရတော့ အပြန်အလှန် ပစ်ခတ်သံတွေ ဆိုတာထက် စစ်ကောင်စီက ပစ်ခတ်နေတဲ့ အသံတွေပဲ အဓိက ကြားတယ်” ဆိုပြီး KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

    ဩဂုတ်လ ၃ ရက် ညပိုင်း ဝိုင်းမော်မြို့ အနီး ပေါ်ထွက်လာခဲ့တဲ့ လက််နက်ကြီးသံ၊ ပစ်ခတ်သံတွေဟာ KIA နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲ ဖြစ်တာဆိုတဲ့ ယူဆချက်တွေ ထွက်လာခဲ့ပေမယ့် KIA ကတော့ သူတို့နဲ့ ဖြစ်တာ မဟုတ်ဘူး၊ စစ်ကောင်စီတပ်ရဲ့ တစ်ဘက်သတ် ပစ်ခတ်မှု ဖြစ်တယ်လို့ ပြောနေတာပါ။

    ဝိုင်းမော်မြို့နယ်ထဲက နယ်မြေခံတပ်ရင်း ၅၈ ကနေ လက်နက်ကြီးတွေနဲ့ မြို့အနီးတဝိုက် ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အဲဒီ ပစ်ခတ်မှုတွေကြောင့် လဘန်ကျေးရွာထဲ လက်နက်ကြီးကျည်ကျပြီး အိမ်တချို့ ထိခိုက်တာ၊ ရွာသားတွေ မွေးမြူထားတဲ့ ဝက်တွေလို အိမ်မွေးတိရိစ္ဆာန်တွေ အစုလိုက် သေဆုံးတာမျိုးတွေ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

    ဒါ့အပြင် ဩဂုတ်လ ၃ ရက် ညပိုင်းမှာပဲ KIA ဌာနချုပ် လိုင်ဇာမြို့အနီးမှာလည်း လက်နက်ကြီးကျည် ၆ လုံးထက်မနည်း ကျခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

    လိုင်ဇာကို ပစ်မှတ်ထား ပစ်ခတ်တာမျိုးတွေကို ဇူလိုင် လကုန်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ် ဘက်က ပြုလုပ်ခဲ့ပြီး အခုတစ်ကြိမ် ထပ်ပြီး ပစ်ခတ် ခံရတာလို့ ဆိုပါတယ်။ လိုင်ဇာမှာ အပျက်အစီး အထိအခိုက် တစုံတရာ ရှိလား ဆိုတာတော့ အတိအကျ မသိရပါဘူး။

    တရုတ်နိုင်ငံဘက်ခြမ်းထိ ကျည်ကျော်ကျတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပေမယ့် ဘီဘီစီ အနေနဲ့ သီးသန့် အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပြီး၊ ဝိုင်းမော်နဲ့ လိုင်ဇာ တဝိုက် ပစ်ခတ်မှုတွေနဲ့ စပ်လျဥ်းပြီး စစ်ကောင်စီဘက်က ပြောဆိုချက်ကို ရရှိနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

    လိုင်ဇာ
    Image caption: လိုင်ဇာကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တာတွေ ပေါ်ပေါက်နေကြောင်း KIA ပြော
  7. ရန်ကုန်ဆေးရုံကြီးရောက်လာတဲ့ ကိုဗစ်လူနာတစ်ဦး

    အောက်ဆီဂျင်အိုးတွေကို တချို့ကလည်း ဝယ်ထားပြီး တချို့ကလည်း မသမာတဲ့နည်းနဲ့ နိုင်ငံရေးအရအမြတ်ထုတ်တာလို့ သူက ပြောပါတယ်။ ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့ ကိုဗစ်လူနာတွေထဲ အောက်ဆီဂျင်အချိန်မီမရလို့သေဆုံးရတယ်ဆိုတဲ့သတင်းတွေလည်းနေ့စဉ်လိုလိုလူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အောက်ဆီဂျင်စက်ရုံတွေရှေ့တန်းစီစောင့်ဆိုင်းနေသူတွေလည်းရှိနေဆဲဖြစ်ပါတယ်။

    Catch up
    next
  8. Myine-June 29

    ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ရပ်ကွက်ထဲမှာ အရပ်ဝတ်တချို့ပါ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတချို့လုပ်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

    Catch up
    next
  9. Video content

    Video caption: ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အားကောင်းဆဲ

  10. Video content

    Video caption: မိုးမောက်မြို့နယ်ထဲ စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်

    ရဟန်းတော် တပါးနဲ့ လူ ၂ ယောက် အသက်ဆုံးရှုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိ

စာမျက်နှာ 1 ရဲ့ 3