အိန္ဒိယ

  1. အိန္ဒိယဘက် မီဇိုရမ်ပြည်နယ်ဘက်ရှောင်တိမ်းသွားပြီး ကွာရန်တင်းဝင်ကြရတဲ့စခန်းတစ်ခု

    အိန္ဒိယနိုင်ငံဘက်ခြမ်းမှာ ခိုလှုံနေရသူ အရေအတွက်က ၃ သောင်းရှိပြီး၊ မြန်မာပြည်တွင်းမှာပဲ ပြည်တွင်းဒုက္ခသည် အဖြစ်ရှိနေတာက ၄ သောင်းခန့် ရှိတယ်လို့ဆို။

    အပြည့်အစုံ ဖတ်ရန်
    next
  2. နယူးဒေလီ စစ်ရေးပြ အခမ်းအနားကို မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်မယ် ဆိုတဲ့ သတင်းတွေ အပေါ် အိန္ဒိယ နိုင်ငံခြားရေး ပြောခွင့်ရ ပယ်ချ

    လာမယ့်နှစ်၂၀၂၂ ဇန်နဝါရီလထဲ အိန္ဒိယနိုင်ငံမှာ နှစ်စဥ် ခမ်းခမ်းနားနား ပြုလုပ်လေ့ရှိတဲ့ ‘ရီပတ်ဘလစ်နေ့ စစ်ရေးပြ ချီတက်ပွဲ’ အခမ်းအနားကို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ဖို့ အိန္ဒိယ အစိုးရ စီစဥ်တယ် ဆိုတဲ့ သတင်းတွေကို အိန္ဒိယရဲ့ နိုင်ငံခြားရေးရုံး ဖြစ်တဲ့ ပြည်ပရေးရာ ဝန်ကြီး ဌာန MEA က ပယ်ချ လိုက်ပါတယ်။

    “ရှေ့လာမယ့်နှစ် ရီပတ်ဘလစ်နေ့ အခမ်းအနား အတွက် နိုင်ငံခြား ဧည့်သည်တော် စာရင်းနဲ့ ပတ်သက်ပြီး ခန့်မှန်း ရေးသားနေတာတွေကို မီဒီယာပေါ်မှာ တွေ့နေရတယ်။ အဲဒီသတင်းတွေဟာ မတိကျပါဘူး။ အချက်အလက်တွေ အပေါ် အခြေမခံဘူး” ဆိုပြီး MEA ပြောခွင့်ရ အာရင်ဒမ် ဘာ့ဂချီက ပြောပါတယ်။

    အစောပိုင်းတုန်းကတော့ နယူးဒေလီ ရီပတ်ဘလစ် စစ်ရေးပြ အခမ်းအနားကို BIMSTEC အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေ အားလုံးကို အိန္ဒိယ အစိုးရက ဖိတ်ဖို့ စီစဥ်ထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်။

    BIMSTECဆိုတာ ဘင်္ဂလား ပင်လယ်အော် နိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ရဲ့ အတိုကောက် ဖြစ်ပါတယ်။

    မြန်မာလည်း BIMSTECအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး၊ အရှေ့တောင်အာရှ နိုင်ငံတွေထဲက ထိုင်းနဲ့ အတူပါဝင်ပြီး၊ တောင်အာရှ ၅ နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနဲ့ သီရိလင်္ကာတို့လည်း BIMSTECထဲပါဝင်ပါတယ်။

    ၁၉၅၀၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသက်ဝင်လာတဲ့ အထိမ်းအမှတ် အနေနဲ့ စစ်ရေးပြ ချီတက်တဲ့ အခမ်းအနားကို နယူးဒေလီမြို့တော် ရာ့ဂျ်ပါ့သ် (ရာဇလမ်း) မှာ နှစ်စဥ် ခမ်းခမ်းနားနား ပြုလုပ်လေ့ ရှိပါတယ်။

    မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို နိုင်ငံတကာ စင်မြင့်ထက် ဖိတ်ကြားမယ် ဆိုတဲ့ သတင်းအပေါ် အိန္ဒိယ နိုင်ငံခြားရေး ဌာနဘက်က တရားဝင် ပယ်ချတာဟာ စစ်ကောင်စီ အတွက်တော့ သံတမန်ရေး နောက်တချီ ထိုးနှက် ခံရတာ ဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

    စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြီးခဲ့တဲ့ သီတင်းပတ် ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ စစ်ကောင်စီဟာ သံတမန်ရေး အထီးကျန် ဖြစ်မနေဘူး၊ ရုရှား၊ တရုတ်၊ အိန္ဒိယတို့နဲ့ အမြဲ အဆက်အသွယ် ရှိနေတယ်လို့ ပြောထားပါတယ်။

    ၂၀၂၁ ဇန်နဝါရီ ၂၆၊ နယူးဒေလီ ရာဇလမ်းပေါ်က ရီပတ်ဘလစ်နေ့ ချီတက်ပွဲ
    Image caption: ၂၀၂၁ ဇန်နဝါရီ ၂၆၊ နယူးဒေလီ ရာဇလမ်းပေါ်က ရီပတ်ဘလစ်နေ့ ချီတက်ပွဲ
  3. ဒေလီနဲ့ တခြားပြည်နယ်တွေ ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးတွေမှာ လယ်သမားတွေ ဆန္ဒပြနေကြ

    လယ်သမားတွေ တစ်နှစ်လောက် ဆန့်ကျင်ဆန္ဒပြနေတဲ့ လယ်ယာဥပဒေတွေကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  4. ဒေလီ လေထု ညစ်ညမ်းမှု

    ဒီပါဝလီပွဲတော်ကာလကတည်းက ဘေးဖြစ်စေတဲ့ မီးခိုးမြူတွေ ဒေလီမှာ ဖုံးလွှမ်းနေပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  5. Photo 1. ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ အစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်နေ့က စပြီး ကျင်းပနေရာမှာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကို ထိန်းချုပ်ဖို့အတွက် နိုင်ငံတကာ ခေါင်းဆောင်အများအပြားက ကတိကြီးကြီးမားမား ပေးခဲ့ကြပြီး ဖြစ်

    တရုတ်၊ ရုရှား၊ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ဆော်ဒီတို့က ယူကေမှာ လုပ်နေတဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ အစည်းအဝေး COP26 ကို ပြည်တွင်းမှာ ဘယ်လိုတုံ့ ပြန်နေကြသလဲ။

    အပြည့်အစုံ ဖတ်ရန်
    next
  6. Reality Check

    ဘီဘီစီ သတင်း

    တရုတ်ရဲ့ စွမ်းအင်ရရှိရေး ကျောက်မီးသွေးကို အဓိက အားထားနေရ

    ကမ္ဘာကြီးပူနွေးလာရာမှာ တရားခံအကျဆုံး ဖန်လုံအိမ် ဓာတ်ငွေ့တွေထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) က ဆိုးကျိုးအပေးဆုံးပါ။

    အပြည့်အစုံ ဖတ်ရန်
    next
  7. ဝန်ကြီးချုပ်မိုဒီ

    ၂ ပတ်ကြာ ကျင်းပနေတဲ့ COP26 ညီလာခံကို ကမ္ဘာ့နိုင်ငံပေါင်းစုံက ခေါင်းဆောင် ၁၂၀ ကျော် တက်ရောက်နေကြပြီး အိန္ဒိယဝန်ကြီးချုပ်မိုဒီလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  8. Malkhan Singh

    ၁၃ နှစ်ကြာ လှုပ်ရှားခဲ့ပြီး လူ ၁၀၀ လောက်အထိ အင်အားရှိခဲ့တဲ့ သူ့ကို တောပုန်းဘုရင်ကြီးလို့ ပြိုင်ဘက် တွေကတောင် နာမည်ပေးခဲ့ရပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  9. ဆောတစ် ဘစ်ဆွာ နဲ့ အာရှရပ် ပဒန်နာ

    ဘီဘီစီသတင်း

    အိန္ဒိယ မြွေဟောက်ဟာ ကမ္ဘာမှာ အဆိပ်အပြင်းဆုံးမြွေတွေထဲက တမျိုးပါ

    မြွေဟောက်ကို လက်နက်အဖြစ်သုံးပြီး ဇနီးကို ခင်ပွန်းက သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်မျိုးဟာ အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ ရာဇဝတ်မှုမျိုး ဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. ဘိုဘို

    ဘီဘီစီမြန်မာပိုင်း

    burma

    ပြိတ္တာကောင်လေးတွေကို လူကြိုက်အောင် ကြိုးစားခဲ့တဲ့ အနုပညာရှင် ၊ ဦးရွှေရိုးအကကို တီထွင်သူ

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 28