အစားအစာ နှင့် အဟာရ

  1. အိုမင်းခြင်း

    ဟားဗတ်တက္ကသိုလ်မှာ လုပ်နေတဲ့ မျိုးရိုးဗီဇဆိုင်ရာပညာရှင်က အိုခြင်းတရားကို ရှောင်လွှဲလို့မရနိုင်ဘူးလို့ ဆိုတဲ့အပေါ် ငြင်းဆိုထားပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  2. Video content

    Video caption: ကိုဗစ်ကုသရေး ပရဟိတ ဆရာဝန်တချို့ ဖမ်းဆီးခံရ

    ဆေးဝါးတွေကိုလည်း သိမ်းဆည်းသွား

  3. Video content

    Video caption: ပြည်သူတွေကြား အောက်ဆီဂျင်ပြတ်ပြီး သေဆုံးမှုရှိနေ

    စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနဘက်က အောက်ဆီဂျင်လုံလောက်အောင်ပြင်ဆင်နေတယ်လို့ ပြောနေပေမယ့် ပြည်သူတွေကြား အောက်ဆီဂျင်ပြတ်တာတွေ၊ ကိုဗစ်ကြောင့် လူ သေဆုံးမှုတွေ ဆက်ရှိ

  4. Video content

    Video caption: ကိုဗစ်လူနာတွေအတွက် အောက်စီဂျင်ရဖို့ ခက်ခဲ

    စစ်သမျှရဲ့ ၃၄ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်ပိုးတွေ့နေရ

  5. မြန်မာပြည်မှာ ၆ လ အတွင်း လူတွေ သန်းချီငတ်မွတ်နိုင်ကြောင်း တွက်ဆထား

    Quote Message: အကျပ်အတည်းက ပိုပိုဆိုးလာတဲ့လမ်းပေါ် သွားနေတာကို ရပ်ပစ်ဖို့လိုတယ်

    မြန်မာနိုင်ငံမှာ လာမယ့် ခြောက်လ အတွင်း စားနပ်ရိက္ခာ မလုံလောက်တာတွေ သိသိသာသာ ပိုမိုဖြစ်လာနိုင်ပြီး သန်းပေါင်းများစွာသောသူတွေ ငတ်မွတ် ခေါင်းပါးတဲ့ဒဏ် ခံစားရလိမ့်မယ်ဆိုပြီး ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ ယူအဲန်အိုချာက ထပ်လောင်း သတိပေးပါတယ်။

    ရခိုင်နဲ့ ဧရာဝတီဒေသတွေမှာ ကျေးလက်နေပြည်သူတွေ၊ စစ်ဘေးရှောင် ပြည်သူတွေကို အသီးအနှံနဲ့ ဆန်စပါး မျိုးစေ့တွေ၊ ကြက်စာတွေ၊ မြေဩဇာတွေ ထောက်ပံ့တာမျိုး စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဆိုင်ရာ ကုလအဖွဲ့ FAO က လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

    ဇွန်လဟာ စိုက်ပျိုးရာသီနဲ့ ရိတ်သိမ်းရာသီကြား ကာလဖြစ်လို့ ကျေးလက်မှာ ပုံမှန် အတိုင်းဆိုရင်ကို အလုပ်အကိုင်ရှားတဲ့ ရာသီချိန် ဖြစ်ပါတယ်။

    လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ မတည်ငြိမ်မှုတွေဟာ အခုလို ရာသီချိန်မှာ လူတွေကိုပိုပြီး အခက်ကြုံစေတယ်လို့ အိုချာက ပြောပါတယ်။

    တခြားတိုင်းပြည်တွေမှာ အလုပ်ဖြစ်ခဲ့ပြီး၊ လူ့အသက်တွေကို ကယ်နိုင်တာတွေ့ရတဲ့ ကြိုတင် တွက်ဆ လုပ်ဆောင်ချက် စီမံကိန်းတွေ ကုလ FAO က မြန်မာပြည်ထဲမှာလည်း လုပ်မယ်လို့ ဆိုပါတယ်။

    ဒါ့ကြောင့် အထက်မှာပြောထားသလို လူတွေ တနိုင်တပိုင် စိုက်ပျိုးမွေးမြူ စားနိုင်အောင် ထောက်ပံ့တဲ့ စီမံကိန်းတွေ ဖော်ဆောင်တာ ဖြစ်ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံတွင်း အခြေအနေနဲ့ ပတ်သက်ပြီး အာရှနဲ့ ပစိဖိတ်ရေးရာ စီမံကိန်း အရာရှိ ဆုမ်ဆပ် ပီပိုပင်ညို ပြောတာက ...

    “မြန်မာတနိုင်ငံလုံး အနှံ့ အကြီးအကျယ် နှောင့်နှေး ရပ်ဆိုင်းနေတာတွေ တွေ့နေရပါတယ်။ အထူးသဖြင့် အဓိက ပို့ဆောင်ရေး လမ်းကြောင်းတွေ ပုံမှန် မလည်ပတ်နိုင်ပါဘူး။ အကျိုးဆက်အားဖြင့် ပြည်ပကသွင်းတဲ့ စားသုံးဆီနဲ့ စိုက်ပျိုးရေးသုံး မြေဩဇာတွေ စျေးတွေ ထိုးတက်လာပါတယ်”

    “ဝေးလံခေါင်ဖျားတဲ့ ဒေသကလူတွေနဲ့၊ လတ်တလော ထပ်တိုးလာတဲ့ စစ်ဘေးရှောင် မိသားစုတွေ စားရေရိက္ခာ မပြတ်လပ်အောင် ကာကွယ်မှ ဖြစ်လိမ့်မယ်။ အကျပ်အတည်းက ပိုပိုဆိုးလာတဲ့လမ်းပေါ် သွားနေတာကို ရပ်ပစ်ဖို့လိုတယ်” ဆိုပြီး မစ္စတာ ပီပိုပင်ညိုက ဆိုပါတယ်။

    FAO ကျင့်သုံးနေတဲ့ ကြိုတင်တွက်ဆ လုပ်ဆောင်ချက် Anticipatory Action စီမံကိန်းကို ဂျာမနီ၊ ဥရောပသမဂ္ဂ၊ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်တို့က ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံထဲက ပရောဂျက်အတွက် ဂျာမနီ ဗဟိုအစိုးရရဲ့ နိုင်ငံခြားရေးရုံး ဆီက အကူအညီ အထောက်အပံ့ရတယ်လို့ ဆိုပါတယ်။

    ဒီမော့ဆို
    Image caption: တောတောင်တွေထဲ ထွက်ပြေးရတဲ့ ဒီမော့ဆို စစ်ဘေးရှောင်ပြည်သူတွေ၊ ကယား၊ ဇွန်လဆန်း ၂၀၂၁။
  6. Video content

    Video caption: အနာဂတ်မှာ ကပ်ရောဂါကြီးတွေ ထပ်ဖြစ်နိုင်သေးသလား

    ကိုဗစ် - 19 လောက် ကြီးမားပြီး ဆိုးကျိုးများလိမ့်မယ်လို့တော့ မထင်ထားခဲ့ကြပါဘူး

  7. Video content

    Video caption: လာမယ့် နှစ်အတွက် ကမ္ဘာ့ကျန်းမာရေး အလားအလာ

    လာမယ့် ၁၂ လ မှာရော ဘာတွေ ကြုံတွေ့လာရနိုင်သလဲ။

  8. Video content

    Video caption: ကိုဗစ် ၁၉ ကာကွယ်ဆေးသစ် တွေ့ရှိ

    ကိုရိုနာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေးသစ် တမျိုး တွေ့ပြီ၊ ဘယ်လောက်ထိ အာနိသင် ရှိပါသလဲ

  9. Video content

    Video caption: စင်္ကာပူက ကိုဗစ်စောင့်ကြည့် ကိရိယာ

    အသက်အရွယ် ကြီးသူတွေအတွက် တော်တော် အထောက်အကူ ဖြစ်

  10. Video content

    Video caption: စင်္ကာပူက ကိုဗစ်ပိုး ပျံ့နှံ့မှု နောက်ယောင်ခံ ကိရိယာ

    Bluetooth သုံးတဲ့ စက်ကလေး ဖြစ်ပြီး စမတ်ဖုန်း မကိုင်သူတွေ အတွက် ရည်ရွယ်ဖန်တီး ထားတာ ဖြစ်ပါတယ်။

စာမျက်နှာ 1 ရဲ့ 7